အမေရိကန်တွင် ဧကပေါင်း ၈၄၀၀ ကျယ်ဝန်းကာ ၁၉ ရာစု စံအိမ်ကြီးတစ်လုံးပါဝင်သည့် ငုံးမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်တွင် ဧကပေါင်း ၈၄၀၀ ကျယ်ဝန်းကာ ၁၉ ရာစု စံအိမ်ကြီးတစ်လုံးပါဝင်သည့် ငုံးမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 Jan 2019 11:29 am တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်အရှေ့ပိုင်း ဂျော်ဂျီယာပြည်နယ်တွင် ဧကပေါင်း ၈၄၀၀ ကျယ်ဝန်းကာ ၁၉ ရာစု စံအိမ်ကြီးတစ်လုံးအပြင် လေယာဉ် ပြေးလမ်းပါ ပါဝင်သည့် ငုံးမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အိမ်ခြံမြေလောကသားတို့၏ အဆိုအရ ယင်းဒေသတွင် ရောင်းချခဲ့ဖူးသမျှ၌ ဈေးအကြီးဆုံးဖြစ်သည်ဟု ဆိုသည်။

ယင်းငုံးခြံကြီးကို Whitehall Plantation ဟု လူသိများပြီး ဂျော်ဂျီယာပြည်နယ်၏ မြို့တော် အတ္တလန္တာ၏ တောင်ဘက် မိုင် ၁၃၀ အကွာတွင် တည်ရှိပြီး ချမ်းသာကြွယ်ဝသူများ ငုံးလိုက်သည့်နေရာအဖြစ် ကျော်ကြားသည်။

ခြံဝန်းကြီးအတွင်း ပါဝင်သည့်ရေကန်ကြီးမှာ ၁၅၉ ဧကခန့်အထိ ကျယ်ဝန်းသည်ဟု ဆိုသည်။

ပင်မနေအိမ်မှာ ၁၈၄၀ ပြည့်လွန်ကာလများက ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး ရေကန်ဘေးတွင်လည်း ၁၈၈၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် သစ်လုံးအိမ်တစ်လုံး တည်ရှိသည်။

ထို့အပြင် သေနတ်ပစ်ကွင်း၊ ခွေးလှောင်အိမ်တစ်လုံး၊ မြက်ခင်းပြင် လေယာဉ်ပြေးလမ်းတစ်ခုတို့လည်း ပါဝင်သည်။

ခြံဝန်းကြီး၏ စိုက်ပျိုးမြေပေါင်း ၂၃၀၀ ဧကခန့်အနက် ၁၆၇၃ ဧကကို အငှားချထားပြီး တစ်နှစ်လျှင် ကန်ဒေါ်လာ ၃၄၃၀၀၀ ရရှိသည်ဟု ဆိုသည်။

ပိုင်ရှင်မှာ အတ္တလန္တာအခြေစိုက် အိမ်ခြံမြေ developer တွမ် ဘရက်ဒ်ဘူရီဖြစ်ပြီး ရက်သတ္တပတ်တိုင်းတွင် အဆိုပါခြံကြီး၌ ရက်အနည်းငယ်နေထိုင်ကာ တောအုပ်အတွင်း ကျက်စားနေကြသော ငုံးများ၊ သမင်များ၊ ကြက်ဆင်များ ထောင်ခြင်း၊ ရေကန်ကြီးတွင် ငါးမျှားခြင်းများ ပြုလုပ်လေ့ရှိသည်။

မစ္စတာ ဘရက်ဒ်ဘူရီသည် ယခုငုံးမွေးမြူရေးခြံကြီးဖြစ်လာမည့်နေရာမှ မြေကွက်ပေါင်းများစွာကို ၂၀၀၃ ခုနှစ်ကတည်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မစ္စတာ ဘရက်ဒ်ဘူရီတို့ ဇနီးမောင်နှံသည် စတုရန်းပေ ၃၁၅၀ ကျယ်ဝန်းသော ပင်မနေအိမ်ကို ၆ နှစ်ခန့် အချိန်ယူကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ယခင်နေထိုင်ဖူးသူများက ပြောကြားရာတွင် အဆိုပါနေအိမ်ကြီးသည် သရဲအလွန်ခြောက်သည်ဟု မစ္စတာ ဘရက်ဒ်ဘူရီအား ပြောကြားခဲ့သည်ဟု ဆိုသည်။

“သူက ကျွန်တော့်ဆီကိုလာပြောတယ်။ …တွမ်ရေ…ဒီနေရာမှာ သရဲရှိတယ်…လို့ လာပြောတယ်”ဟု မစ္စတာ ဘရက်ဒ်ဘူရီက ပြန်ပြောင်း ပြောပြ၏။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service