နိုင်ငံတော်ပိုင်မြေများအား တရားမဝင် အဆင့်ဆင့် ရောင်းဝယ်နေကြသည်ကို တွေ့ရှိရကြောင်းနှင့် မည်သည့်နည်းဖြင့် တရားမဝင် ပိုင်ဆိုင်စေကာမူ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတိုင်း ဆောင်ရွက်ရမည်ဟု ဆို

နိုင်ငံတော်ပိုင်မြေများအား တရားမဝင် အဆင့်ဆင့် ရောင်းဝယ်နေကြသည်ကို တွေ့ရှိရကြောင်းနှင့် မည်သည့်နည်းဖြင့် တရားမဝင် ပိုင်ဆိုင်စေကာမူ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတိုင်း ဆောင်ရွက်ရမည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
25 Jan 2019 12:21 pm တွင် တင်ခဲ့သည်
2119 ကြိမ် ကြည့်ရှု့ပြီး

လက်ရှိအချိန်တွင် နိုင်ငံတော်ပိုင်မြေများကို တရားမဝင် အဆင့်ဆင့် ရောင်းဝယ်နေကြသည်ကို တွေ့ရှိရကြောင်းနှင့် နိုင်ငံတော်ပိုင်မြေများကို မည်သည့်နည်းဖြင့် တရားမဝင် ပိုင်ဆိုင်စေကာမူ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များက အတည်ပြုထားသည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာ ခိုင်တင်သွင်းသည့်အဆိုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း Town Plan တွေ ဆောင်ရွက်ရာမှာလည်း ဆောင်ရွက်လို သည့်အပိုင်းအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်တွေက သက်ဆိုင်ရာလွှတ်တော်မှာ တင်ပြပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရ မှာဖြစ်ပါတယ်။ လိုအပ်ပါက မြင်သာတဲ့နေရာ မှာ ကြော်ငြာဆိုင်းဘုတ်တွေချိတ်ပြီး ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခြင်းဖြင့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများက လယ်ယာမြေများကို ဝယ်ယူပြီး မြေဈေးကစားခြင်း၊ Land Use ပြောင်းလဲခြင်း စသည်တွေကို တားမြစ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြောကြားသည်။

“ နိုင်ငံတော်ပိုင် မြေလွတ်မြေလပ်မြေရိုင်းများကို မြို့ရွာများ ဖော်ထုတ်ရန် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည် နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံတော်မြေများကို တရားမဝင် အဆင့်ဆင့် ရောင်းဝယ်နေကြတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မြေများကို မည်သည့်နည်းဖြင့် တရားမဝင် ပိုင်ဆိုင်စေကာမူ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်က အတည်ပြုထားတဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း Town Plan တွေ အတိုင်း တိုးချဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လျော်ကြေးပေးချေရာမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့ရဲ့ကြီးကြပ်မှု ဖြင့် သတ်မှတ်နှုန်းထားများအတိုင်း ပေးချေ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မြို့သစ်တည်ထောင်နိုင်ရန်နှင့် မြို့တိုးချဲ့တည် ဆောက်နိုင်ရန်အတွက် လယ်မြေလျော်ကြေး ပေးချေခြင်းများအတွက် သက်ဆိုင်ရာလုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တစ် နိုင်ငံလုံး တစ်ပြေးညီဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဝန်ကြီးဌာန က ရေးဆွဲပေးထားတဲ့ Town Plan တွေဆိုရင် သူတို့ ရေးဆွဲထားတဲ့အတိုင်း မြို့ကိုချဲ့ရင် သက်ဆိုင်ရာ လယ်မြေတွေကို မည်သူ ပိုင်ဆိုင်ထားသည် ဖြစ်စေ၊ သတ်မှတ်ထားတဲ့ လျော်ကြေး အရင်ပေးပြီးတော့ လယ်မြေတွေကို သိမ်းလိုက်ရမှာ ဖြစ်ပါတယ်။ သိမ်းပြီးတော့မှ အဲဒီလယ်မြေတွေမှာ မူလရေးဆွဲထားတဲ့ Town Plan တွေအတိုင်း အဲဒီနေရာမှာ တချို့ မြို့ပြအိမ်ရာမြေကွက်ဖြစ်ပါတယ်။ တချို့နေ ရာတွေက ဆေးရုံမြေကွက်နေရာဖြစ်ပါတယ်။ စသည်ဖြင့် အားလုံး အများပြည်သူ အသုံးပြုလို့ရတဲ့ မြေနေရာတွေလည်း ပါမှာဖြစ်တဲ့အတွက် ဒါကြောင့် မြို့များ ချဲ့ထွင်မယ်။ လယ်မြေတွေကို အကွက်ရိုက်ပြီး လူနေခွင့်ပေးမယ်ဆိုရင် ပထမဦးစွာ Town Plan အတိုင်း လယ်မြေကို လျော်ကြေးပေးပြီး၊ သိမ်းပြီး သက်ဆိုင်ရာ Town Plan တွေအတိုင်း သက်ဆိုင်ရာ ဝန်ကြီးချုပ်များက ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆက်လက် ပြောကြားသည်။

 

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service