ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့ကြီးများတွင် စင်္ကာပူမှာ နံပါတ် ၁ နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ မြို့စာရင်းတွင် အမေရိကန်မြို့များ ပါဝင်ခြင်းမရှိ

ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့ကြီးများတွင် စင်္ကာပူမှာ နံပါတ် ၁ နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ မြို့စာရင်းတွင် အမေရိကန်မြို့များ ပါဝင်ခြင်းမရှိ - Property News in Myanmar from iMyanmarHouse.com
25 Jan 2019 12:06 pm တွင် တင်ခဲ့သည်
10479 ကြိမ် ကြည့်ရှု့ပြီး

လန်ဒန်အခြေစိုက် The Economist အုပ်စု၏ Intelligence Unit က ၂၀၁၈ ခုနှစ် ကမ္ဘာ့လူနေမှုစရိတ် အကြီးမားဆုံးစစ်တမ်းကို မကြာသေးမီက ထုတ်ပြန်လိုက်သည်။

အဆိုပါစစ်တမ်းသည် ထုတ်ကုန်နှင့် ဝန်ဆောင်မှုပေါင်း ၁၆၀ ခန့်၏ ဈေးနှုန်းပေါင်း ၄၀၀ ကျော်ကို အခြေခံကာ တွက်ချက်ထားခြင်း ဖြစ်သည်။

စားသောက်ကုန်၊ အဝတ်အထည်၊ အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အိမ်ငှားခများ၊ သယ်ယူပို့ဆောင်မှု၊ ရေဖိုးမီးဖိုးအစရှိသည့် ကုန်ကျမှုများ၊ ကျောင်းစရိတ်၊ အိမ်အကူစရိတ်၊ အပန်းဖြေမှုကုန်ကျစရိတ် အစရှိသည်အထွေထွေ ကုန်ကျမှုများကို အခြေခံကာ တွက်ချက်ထားခြင်း ဖြစ်သည်။

အောက်တွင် ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့ကြီး ၁၀ မြို့ကို ဖော်ပြထားပါသည်။

(၁) စင်္ကာပူ

စင်္ကာပူသည် ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့အဖြစ် ထိပ်ဆုံးတွင် ၅ နှစ်ဆက်တိုက် ရပ်တည်နေသည်။ ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် ရပ်တည်နေရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ကားတစ်စီးပိုင်ဆိုင်အသုံးပြုရန် အလွန်ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် ဖြစ်သည်။

(၂) ပဲရစ်

ပြင်သစ်နိုင်ငံ၏ မြို့တော် ပဲရစ်သည် ကမ္ဘာ့လူနေမှုစရိတ်အကြီးမားဆုံးမြို့ကြီးများစာရင်းတွင် ၂၀၀၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုတိယနေရာ၌ ဇူးရစ်မြို့နှင့်အတူ ပူးတွဲရပ်တည်လျက်ရှိသည်။ အလင်းမြို့တော်ဟုလည်း နာမည်ကျော်သည့် ပဲရစ်မြို့တော်သည် ၂၀၁၇ ခုနှစ်က ရပ်တည်မှုနှင့် နှိုင်းယှဉ်လျှင် ထိပ်ဆုံး ၅ မြို့စာရင်းသို့ ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။

(၃) ဇူးရစ်

ဇူးရစ်မြို့သည် ဆွစ်ဇာလန်နိုင်ငံ၏ အကြီးမားဆုံးမြို့ကြီးဖြစ်ပြီး ပြီးခဲ့သောနှစ်က တတိယနေရာတွင် ရပ်တည်ခဲ့သည်။

(၄) ဟောင်ကောင်

ဟောင်ကောင်သည် ၂၀၁၇ ခုနှစ်က ကမ္ဘာ့လူနေမှုအကြီးမားဆုံးမြို့ကြီးများစာရင်းတွင် နံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့ပြီး ယခုနှစ်တွင် ၂ နေရာအထိ ပြုတ်ကျသွားခြင်းဖြစ်သည်။ ဟောင်ကောင်သည်လည်း ကမ္ဘာပေါ်တွင် လူသုံးကုန်ပစ္စည်းဈေးအကြီးဆုံးမြို့ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

(၅) အော့စ်လို

နော်ဝေနိုင်ငံ၊ အော့စ်လိုမြို့သည် ယခင်က နံပါတ် ၁၁ နေရာတွင် ရပ်တည်ခဲ့ပြီး ယခုနှစ်တွင် အဆင့် ၆ ခုခန့် ခုန်တက်လာကာ နံပါတ် ၅ သို့ ရောက်ရှိလာသည်။

(၆) ဂျီနီဗာ

ဆွစ်ဇာလန်နိုင်ငံ၏ ဒုတိယအကြီးမားဆုံးမြို့ကြီး ဂျီနီဗာသည် ကုလသမဂ္ဂနှင့် ကြက်ခြေနီအဖွဲ့များ ရုံးစိုက်ရာဖြစ်ပြီး အိမ်သုံးပစ္စည်း၊ ကျန်းမာရေး၊ အပန်းဖြေမှု၊ ဖျော်ဖြေရေးကဏ္ဍတို့တွင် ကုန်ကျစရိတ်အကြီးမားဆုံးမြို့ကြီးများ၌ အပါအဝင်ဖြစ်သည်။ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အဆင့် တစ်နေရာခုန်တက်လာသည်။

(၆) ဆိုးလ်

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်သည် စင်္ကာပူနည်းတူ ယခင်နှစ် အဆင့်နေရာတွင်ပင် ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်းကလည်း ဂျီနီဗာနှင့်အတူ နံပါတ် ၆ နေရာတွင် ပူးတွဲရပ်တည်ခဲ့ဖူးသည်။

(၈) ကိုပင်ဟေဂင်

ဒိန်းမတ်နိုင်ငံ၏ မြို့တော် ကိုပင်ဟေဂင်သည် ကမ္ဘာ့လူနေမှုစရိတ် အကြီးမြင့်ဆုံးမြို့များစာရင်းတွင် ပါဝင်လာခြင်းအကြောင်းရင်းမှာ သယ်ယူပို့ဆောင်စရိတ်၊ အပန်းဖြေမှု၊ ကျန်းမာရေးစရိတ်များ ကြီးမြင့်ခြင်းကြောင့် ဖြစ်သည်။ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် တစ်နေရာမြင့်တက်လာသည်။

(၉) တဲလ်အဗစ်

အစ္စရေးနိုင်ငံတွင် ဂျေရုစလင်ပြီးလျှင် ဒုတိယမြောက်လူနေအထူထပ်ဆုံးမြို့ကြီးတဲလ်အဗစ်သည် လွန်ခဲ့သော ၅ နှစ်ခန့်က ကမ္ဘာ့လူနေမှုစရိတ်ကြီးမြင့်သည့် မြို့ကြီးများစာရင်းတွင် နံပါတ် ၃၄ တွင်သာရှိခဲ့သည်။ ငွေတန်ဖိုးမြင့်တက်ခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်များ ကြီးမားလာခြင်းကြောင့် ကမ္ဘာ့ထိပ်တန်းမြို့ကြီး ၁၀ မြို့စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

(၁၀) ဆစ်ဒနီ

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သည် ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၄ နေရာအထိ ခုန်တက်လာသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service