ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း တန်ကြေးရှိသည့် နေအိမ်ကြီးကို အက်ဆေးတစ်ပုဒ်ရေးကာ ၂၅ ဒေါ်လာ ပေးသွင်းရုံဖြင့် ရရှိနိုင်မည့် အခွင့်အလမ်း

ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း တန်ကြေးရှိသည့် နေအိမ်ကြီးကို အက်ဆေးတစ်ပုဒ်ရေးကာ ၂၅ ဒေါ်လာ ပေးသွင်းရုံဖြင့် ရရှိနိုင်မည့် အခွင့်အလမ်း - Property News in Myanmar from iMyanmarHouse.com
24 Jan 2019 11:56 am တွင် တင်ခဲ့သည်
884 ကြိမ် ကြည့်ရှု့ပြီး

ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်ရှိ အမျိုးသမီးတစ်ဦးက ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း တန်ကြေးရှိသော နေအိမ်ကို ကန်ဒေါ်လာ ၂၅ ဒေါ်လာ ပေးသွင်းကာ အက်ဆေးတစ်ပုဒ်ရေးသားပေးပို့ရုံဖြင့် ဆုရသူအား နေအိမ်ပေးအပ်သွားမည့် ပြိုင်ပွဲတစ်ခုကို ဇန်နဝါရီလ အစောပိုင်းက ကြေညာခဲ့သည်။

ကြိုတင်အသိပေးထားသည့် အချက်တစ်ခုကား အကယ်၍ ပြိုင်ပွဲကျင်းပနေစဉ်အတွင်း နေအိမ်ဝယ်လက်ပေါ်လာပါက ပြိုင်ပွဲကို ဖျက်သိမ်းမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေးအဖြစ် ပေးသွင်းထားသည့်ငွေများကို ပြန်လည်ပေးအပ်သွားမည်ဟု ဆိုသည်။

နေအိမ်တည်ရှိသည့်နေရာမှာ အယ်လ်ဘာတာပြည်နယ်၊ ကယ်လ်ဂါရီမြို့၏ အနောက်တောင်ဘက် ၆၅ ကီလိုမီတာအကွာတွင် တည်ရှိသော မီလာဗေးလ်အမည်ရှိ ရွာကလေးတွင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၈၅ မီတာ အမြင့်တွင် တည်ရှိသည်။

နေအိမ်ပေးအပ်မည့် အမျိုးသမီးကြီးမှာ အယ်လာ ဝက်ဂ်နာဟု အမည်ရပြီး အဆိုပါနေအိမ်တွင် ၂၀၁၁ ခုနှစ်ကတည်းက နေထိုင်ခဲ့ခြင်းဖြစ်သည်။

တောတောင်များ၏ သာယာလှပသော ရှုခင်းများရှိသည့် ထိုနေရာကို အယ်လာက ချစ်မြတ်နိုးသည်။

သို့ရာတွင် ကျန်းမာရေးအခြေအနေကြောင့် နေအိမ်ကို အဆင့်မြှင့်မွမ်းမံရန် လိုအပ်လာသောကြောင့် ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

အယ်လာက စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းသည့်နေအိမ်ကို ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် ဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ချေ။

“ဒီအိမ်လေးဟာ အနုပညာလက်ရာတစ်ခုပဲလို့ ကျွန်မက မြင်တယ်”ဟု အယ်လာက ဆိုသည်။

ကာလအတန်ကြာ ရောင်းမထွက်ချိန်တွင် အယ်လာက စိတ်ကူးသစ်တစ်ခု ရလာသည်။

ယင်းမှာ ပြိုင်ပွဲဝင်ပေါင်း ၆၈၀၀၀ ခန့်ကို ဝင်ကြေး ၂၅ ဒေါ်လာဖြင့် အက်ဆေးတစ်ပုဒ်ရေးသားယှဉ်ပြိုင်စေကာ အကောင်းဆုံး ရေးသားနိုင်သူကို နေအိမ်ပေးအပ်မည့် အစီအစဉ်ဖြစ်သည်။

ရေးသားရမည့် အကြောင်းအရာမှာ မိမိအကြောင်းနှင့် နေအိမ်ကို အဘယ်ကြောင့်ရသင့်သည်ဆိုသည့်အကြောင်း စာတစ်မျက်နှာ ရေးသားရမည်ဖြစ်ပြီး စာလုံးရေ ၃၅၀ ထက် မပိုရဟု သတ်မှတ်ထားသည်။

စာတိုက်မှ ရေးသားပေးပို့လိုပါက PO BOX 74 MILLARVILLE AB, CANADA T0L 1K0 လိပ်စာသို့ ပေးပို့ရမည်ဖြစ်ပြီး အီးမေးလ်ဖြင့် ပေးပို့လိုပါက sioni@telus.net သို့ ပေးပို့ရမည်ဟု ဆိုသည်။

ဇကာတင်အဖြစ် ပြိုင်ပွဲဝင် ၅၀၀ ဦးရွေးချယ်ကာ ဒိုင်လူကြီးများမှ အမှတ်ပေးရွေးချယ်သွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင် အက်ဆေးပေးပို့နိုင်မည့်ကာလကို ၃ လ သတ်မှတ်ထားပြီး ၃ လကုန်ဆုံး၍ သတ်မှတ်ပြိုင်ပွဲဝင်ဦးရေ ၆၈၀၀၀ မပြည့်သေးပါက ၆ လအထိ သက်တမ်းတိုးပေးမည် ဖြစ်သည်။ သို့ရာတွင် သတ်မှတ်ဦးရေသို့ အနည်းငယ်သာ လိုသည့်ပမာဏရရှိမှသာဖြစ်သည်။

အကယ်၍ ပြိုင်ပွဲဝင်ဦးရေ အလွန်နည်းနေလျှင် (သို့မဟုတ်) နေအိမ်ဝယ်လက်ပေါ်လာလျှင် (သို့မဟုတ်) အိမ်ပိုင်ရှင် ကွယ်လွန်သွားလျှင် ပြိုင်ပွဲဖျက်သိမ်းမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေးများကို ပေးပို့ထားသည့်လိပ်စာအတိုင်း ပြန်လည်ပို့ပေးမည် ဖြစ်သည်။

ကနေဒါဥပဒေအရ ယခုပြိုင်ပွဲမှာ မဲနှိုက်ရွေးချယ်သည့်စနစ်မဟုတ်သောကြောင့် နေအိမ်ကို ထီအဖြစ် ကံစမ်းခြင်းမျိုးမဟုတ်ကြောင်းလည်း ပြိုင်ပွဲစည်းမျဉ်းများတွင် အိမ်ရှင်က ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။

ပြိုင်ပွဲဝင်မည့်သူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး တစ်ဦးလျှင် တစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု သတ်မှတ်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service