စင်္ကာပူအိမ်ခြံမြေ developer ဖြစ်သော Oxley Holdings Ltd က စင်္ကာပူရှိ ဟိုတယ်များကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ရောင်းချရန် စီစဉ်

စင်္ကာပူအိမ်ခြံမြေ developer ဖြစ်သော Oxley Holdings Ltd က စင်္ကာပူရှိ ဟိုတယ်များကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
18 Jan 2019 11:16 am တွင် တင်ခဲ့သည်
893 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Oxley Holdings Ltd သည် စင်္ကာပူရှိ ဟိုတယ်များကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဈေးဝယ်ရပ်ကွက်ဖြစ်သော Orchard လမ်းအနီး၊ စတီဗင်လမ်းပေါ်ရှိ ဟိုတယ်များကို စင်္ကာပူဒေါ်လာ သန်း ၉၅၀ (ကန်ဒေါ်လာ ၇၀၂ သန်း)ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း Oxley Holdings Ltd က စင်္ကာပူစတော့အိတ်ချိန်းတွင် ထုတ်ပြန်ကြေညာထားသည်။

အမည်မဖော်သည့် ဝယ်လက်တစ်ဦးထံမှ စိတ်ဝင်စားကြောင်း ပေးပို့စာလက်ခံရရှိထားရာ စတီဗင်လမ်းပေါ်ရှိ နိုဗိုတယ် စင်္ကာပူဟိုတယ်နှင့် စတီဗင်လမ်းပေါ်တွင်ပင်ရှိသော မာကျူရီ စင်္ကာပူတို့ကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

စင်္ကာပူထုတ် ဘိဇနက်တိုင်းမ်တွင် ဖော်ပြချက်တစ်ရပ်အရမူ အလားအလာရှိသည့် ဝယ်လက်မှာ အင်ဒိုနီးရှားဘီလျံနာ ဒါတို ဆရီ တာဟာဖြစ်ပြီး အင်ဒိုနီးရှားမှ Mayapada Group တည်ထောင်သူဖြစ်သည်ဟု ဆိုသည်။

စင်္ကာပူတွင် ထိပ်တန်းကုမ္ပဏီဖြစ်သော Oxley Holdings Ltd သည် ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများစွာ ဝယ်ယူခဲ့မှုကြောင့် ဘဏ္ဍာရေးကျပ်တည်းလာခြင်းကြောင့်လည်း ယခုကဲ့သို့ ဟိုတယ်ပြန်လည်ရောင်းထုတ် ရမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရောင်းချမည့်ဟိုတယ်များ တည်ရှိရာနေရာသည် စင်္ကာပူ၏ မြေဈေးအကြီးမားဆုံးနေရာတွင် တည်ရှိပြီး နိုဗိုတယ်ဟိုတယ်တွင် အခန်းပေါင်း ၂၅၄ ခန်းပါဝင်ကာ မာကျူရီဟိုတယ်တွင် အခန်းပေါင်း ၅၁၈ ခန်း ပါဝင်သည်။

အဆိုပါဟိုတယ်များကို ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ဝင်ငွေ စင်္ကာပူဒေါ်လာ ၅၃ သန်းခန့်ရှိသည်။

Oxley က ၁၀၃ ခုနှစ်အငှားသက်တမ်းရှိ မြေနေရာကို ၂၀၁၃ ခုနှစ်တွင် စင်္ကာပူဒေါ်လာ ၃၁၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Oxley သည် စင်္ကာပူတွင် ယခုရောင်းချမည့်ဟိုတယ်များကိုသာ ပိုင်ဆိုင်ထားသော်လည်း ဆိုက်ပရပ်၊ ကွာလာလမ်ပူနှင့် ဖနွမ်းပင်တို့တွင်လည်း ဆောက်လုပ်ဆဲ ဟိုတယ်စီမံကိန်းများရှိနေသည်။

စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Oxley သည် အရှေ့တောင်အာရှ ၄ နိုင်ငံအပြင် ဗြိတိန်နှင့် တရုတ်ပြည်တို့တွင်လည်း လူနေစီမံကိန်းများ ဆောက်လုပ်လျက်ရှိကြောင်း ကုမ္ပဏီ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်

အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...

အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...

ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...

ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

mya-nandar
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service