ဥရောပ၏ ဆီလီကွန်တောင်ကြား တည်ထောင်ရန် ရည်ရွယ်ကာ ဒိန်းမတ်တွင် ကျွန်းတု ၉ ခု ဆောက်လုပ်ရန် စီစဉ်

ဥရောပ၏ ဆီလီကွန်တောင်ကြား တည်ထောင်ရန် ရည်ရွယ်ကာ ဒိန်းမတ်တွင် ကျွန်းတု ၉ ခု ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
14 Jan 2019 11:32 am တွင် တင်ခဲ့သည်
707 ကြိမ် ကြည့်ရှု့ပြီး

ဒိန်းမတ်အစိုးရသည် အမေရိကန်ပြည်တွင် တည်ရှိသော ဆီလီကွန်တောင်ကြားမျိုးကဲ့သို့ နည်းပညာအချက်အခြာတစ်ခုကို ဥရောပ၏ ဆီလီကွန်တောင်ကြားဖြစ်လာစေရန် တည်ထောင်ရန် ရည်ရွယ်ကာ ကျွန်းတု ၉ ခု ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိသည်။

အဆိုပါကျွန်းများ ဖွဲ့စည်းထားမည့်ကျွန်းစုကို “ဟိုလ်မီနီ”ဟု အမည်ပေးမည်ဖြစ်ပြီး မြေအကျယ်အဝန်းအားဖြင့် စတုရန်းပေ ၃၃ သန်း ရရှိလာမည်ဖြစ်ကာ ကမ်းရိုးတန်းအလျား ၁၀ ဒသမ ၅ မိုင် ပေါ်ပေါက်လာမည်လည်း ဖြစ်သည်။

ကျွန်းများ ပေါ်ပေါက်လာပါက တိုက်ရိုက် အလုပ်အကိုင်အခွင့်အလမ်းသစ် ၁၂၀၀၀ ခန့် ပေါ်ပေါက်လာမည်ဖြစ်ကာ သွယ်ဝိုက်အလုပ်အကိုင် အခွင့်အလမ်း ၃၀၀၀၀ ခန့် ပေါ်ထွက်လာမည်ဟု ဆိုသည်။

ပေါ်ထွက်လာမည့် မြေအကျယ်အဝန်း ဧက ၁၇၀ ခန့်ပေါ်တွင် အပန်းဖြေနေရာများအလည်တွင် အဆောက်အအုံများ ဆောက်လုပ်သွားမည် ဖြစ်သည်။

ကိုပင်ဟေဂင်မြို့ပြင်ရှိ စက်မှုဇုန်တစ်ခုဖြစ်သော အိဗ်ဒိုရီ ဟိုလ်မီနှင့် နီးကပ်စွာဆောက်လုပ်သွားမည်ဖြစ်သော ဟိုလ်မီနီ ကျွန်းစုသစ်တွင် ကုမ္ပဏီပေါင်း ၃၈၀ ခန့် ရုံးစိုက်နိုင်ရန် ရည်ရွယ်ထားပြီး အဓိကအားဖြင့် နည်းပညာကုမ္ပဏီများကို အခြေစိုက်ခွင့် ပေးအပ်သွားမည်ဖြစ်ကာ ဥရောပ၏ ဆီလီကွန်တောင်ကြားဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း ဒိန်းမတ် ကူးသန်းရောင်းဝယ်ရေးအဖွဲ့ချုပ် အကြီးအကဲ ဘရိုင်ယန် မစ်ကယ်လ်ဆန်က ပြောကြားသည်။

အဆိုပါစီမံကိန်းကို ဒိန်းမတ်ပါလီမန်မှ အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

လက်ရှိခန့်မှန်းချက်များအရမူ လာမည့် ၂၀၂၂ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး ၆ နှစ်အကြာတွင် ပထမဆုံးကျွန်း၌ လူနေထိုင်နိုင်မည်ဖြစ်ကာ ၂၀၄၀ ပြည့်နှစ်တွင် စီမံကိန်းတစ်ခုလုံး အပြီးသတ်မည်ဟု မျှော်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service