မိုက်ကယ်ဂျက်ဆင်နေထိုင်ခဲ့ဖူးသော နယူးယောက်နေအိမ် (ကမ္ဘာကျော်တို့၏ နေအိမ်များ)

မိုက်ကယ်ဂျက်ဆင်နေထိုင်ခဲ့ဖူးသော နယူးယောက်နေအိမ် (ကမ္ဘာကျော်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
14 Jan 2019 11:03 am တွင် တင်ခဲ့သည်
900 ကြိမ် ကြည့်ရှု့ပြီး

မိုက်ကယ်ဂျက်ဆင်သည် မအိပ်စက်သောမြို့ဟုလည်းကောင်း၊ ပန်းသီးကြီးဟုလည်းကောင်း တင်စားကြသည့် နယူးယောက်မြို့ကြီးတွင် နေထိုင်ခဲ့ဖူးပြီး နောက်ဆုံးတွင် ထိုနေအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။

နေအိမ်မှာ ၆ ထပ်အဆောက်အအုံဖြစ်ပြီး စတုရန်းပေ ၉၄၀၀ အကျယ်အဝန်းရှိကာ အိပ်ခန်း ၇ ခန်း အပါအဝင် အခန်းပေါင်း ၁၆ ခန်း ပါဝင်သည်။

နေအိမ်မှာ ၆ ထပ်အဆောက်အအုံကြီးဖြစ်သည်ဟု ဆိုသော်လည်း မည်သည့်နေအိမ်မျှ မိုက်ကယ်ဂျက်ဆင်အတွက် ကြီးကျယ်ခမ်းနားလွန်းသည်ဟူ၍ မရှိချေ။

ဤနေအိမ်ကို ကြီးမားခမ်းနားလွန်းသည်ဟု ယူဆပါက Neverland ခြံဝန်းကြီးကို သတိရပါ။

မန်ဟက်တန်အရပ် အရှေ့ ၇၄ လမ်း၊ အမှတ် ၄ တွင် တည်ရှိသည့် နေအိမ်ကြီးသည် ယခင်က ဂျက်ဆင်နှင့် မာ့ခ် ချာဂဲလ်တို့ကဲ့သို့ အကျော်အမော်များ နေထိုင်ခဲ့ဖူးသော စံအိမ်ကြီးလည်း ဖြစ်ကာ မန်ဟက်တန်ရှိ လှပသောနေအိမ်များတွင် တစ်လုံးအပါအဝင်ဖြစ်သည်။

နောက်ဆုံးဝယ်ယူသွားသည့် ဝယ်လက်မှာ ကန်ဒေါ်လာ ၃၂ သန်းဖြင့် ဝယ်ယူသွားဖြင်းဖြစ်ပြီး Modlin Group အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် အဒမ် ဒီ - မိုဒလင်းက ဈေးကွက်တင်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

အလွန်ဈေးကြီးလှသည်ဟု ဆိုရမည်ဖြစ်သော်လည်း ပေးရသောငွေ တစ်ပြားတစ်ချပ်ချင်းအတွက် ထိုက်တန်သည်ဟု ဆိုရမည်ကား အမှန်ဖြစ်သည်။

နေအိမ်တွင်းကို အနည်းငယ် ကြည့်ရှုလေ့လာကြပါစို့။

၁။ ပေါ့ပ်ဂီတဘုရင်ကြီး မိုက်ကင်ဂျက်ဆင်၏ နေအိမ်တည်ရှိရာမှာ နယူးယောက်မြို့၏ မြေဈေးအကြီးဆုံးနေရာတစ်ခုဖြစ်သော UPPER EAST SIDE တွင် တည်ရှိသည်။ မြေအကျယ်အဝန်းမှာ ခန့်မှန်းချေ ၂၄၄၈ စတုရန်းပေခန့် ရှိသည်။

၂။ နေအိမ်၏ အကျယ်အဝန်းသည်ပင် စတုရန်းပေ ၉၄၁၃ ပေခန့် (၆ ထပ်ဖြစ်ခြင်းကြောင့်) ရှိသည်။ မိုးမျှော်တိုက်ကြီးများသာ ပြည့်နှက်နေသော နယူးယောက်မြို့အနေအထားနှင့် ကြည့်မည်ဆိုလျှင် အလွန်တရာကျယ်ဝန်းလှသော နေအိမ်ကြီးဖြစ်သည်ဟု ဆိုနိုင်သည်။

၃။ စားသောက်ရန် နေရာတွဲဖက်ပါရှိသော မီးဖိုဆောင်မှာ ကျယ်ကျယ်ဝန်းဝန်းရှိသည်။

၎။ ဧည့်ခံမှုများ ပြုလုပ်ရန်အတွက် ကြီးမားသည့် ညစာစားခန်းတစ်ခုလည်း ပါဝင်ပြီး သဘာဝအလင်းရောင် ကောင်းစွာရရှိသည့် အခန်းတစ်ခန်းဖြစ်သည်။

၅။ နယူးယောက်မြို့ကြီးသည် ခိုအိမ်များဖြင့်သာ အတိပြီးသည့်နေရာမဟုတ်ကြောင်း ပြယုဂ်အဖြစ် ယခုနေအိမ်ကြီး၏ အခန်းတိုင်းတွင် မီးလင်းဖိုများ ပါဝင်ခြင်းက သက်သေပြနေသည်။

၆။ နေအိမ်တွင်း နေထိုင်ရခြင်းကို ငြီးငွေ့လာပါက လသာဆောင်သို့ထွက်၍လည်း အပန်းဖြေနိုင်သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

119-mdy
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service