ကမ္ဘာကျော်ဟဲဗီးမက်တယ်ဂီတအဖွဲ့ကြီး Metallica ၏ ဂစ်တာသမားက ဆန်ဖရန်စစ္စကိုနေအိမ် ရောင်းမထွက်သောကြောင့် ဈေးလျှော့ကာ ဈေးကွက်ပြန်တင်

ကမ္ဘာကျော်ဟဲဗီးမက်တယ်ဂီတအဖွဲ့ကြီး Metallica ၏ ဂစ်တာသမားက ဆန်ဖရန်စစ္စကိုနေအိမ် ရောင်းမထွက်သောကြောင့် ဈေးလျှော့ကာ ဈေးကွက်ပြန်တင် - Property News in Myanmar from iMyanmarHouse.com
11 Jan 2019 12:34 pm တွင် တင်ခဲ့သည်
903 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော်ဟဲဗီးမက်တယ်ဂီတအဖွဲ့ကြီး Metallica ၏ ဂစ်တာသမား Kirk Hammett သည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့ရှိ နေအိမ် ရောင်းမထွက်သောကြောင့် ဈေးလျှော့ကာ ဈေးကွက်ပြန်တင်လာသည်။

အဆိုပါပင်လယ်ကမ်းခြေနေအိမ်ကြီးသည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ဈေးကွက်သို့ ပထမဆုံးစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုင် ရောင်းမထွက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် Kirk Hammett က မူလခေါ်ဈေး ကန်ဒေါ်လာ ၁၃ သန်းမှ ၁၁ ဒသမ ၉ သန်းသို့ လျှော့ချပေးလိုက်ခြင်းလည်း ဖြစ်သည်။

Kirk Hammett သည် ဆန်ဖရန်စစ္စကို Bay Area သားတစ်ဦးလည်းဖြစ်ပြီး ယခုနေအိမ်ကို ၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာကို စီးမိုးတွေ့မြင်နေရသည့် ကမ်းပါးစောက်တစ်ခုပေါ်တွင် တည်ရှိသည်။

နေအိမ်မှာ ကျယ်ဝန်းလှပြီး ကမ်းခြေအလှကို ပြည့်ပြည့်ဝဝခံစားနိုင်မည့် ကြီးမားသောပြတင်းပေါက်ကြီးများ၊ ကြီးမားသည့်လသာဆောင်များ ပါဝင်သည်။

“နေအိမ်ရဲ့ အထပ် ၃ ထပ်လုံးမှာ အခမ်းနားဆုံးမြင်ကွင်းတွေ ပိုင်ဆိုင်ထားပါတယ်။ တကယ်ကို မယုံနိုင်အောင်လှပတဲ့နေရာတစ်ခုပါ။”ဟု ဈေးကွက်တင်သွင်းခဲ့သည့်အကျိုးဆောင် မာ့ခ် လီဗင်ဆန်က ပြောကြားသည်။

၁၉၂၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အကျယ်အဝန်း ၅၂၀၀ စတုရန်းပေရှိကာ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ ဧည့်ခန်း၊ ညစာစားခန်းများ ပါဝင်သည်။

မိသားစုခန်းမတွင်မူ Kirk Hammett ၏ နေအိမ်ဖြစ်ကြောင်း ထင်ဟပ်ပြသနေမှုတစ်ခုအဖြစ် ဂစ်တာတစ်လက်ပြသထားသည်ကို တွေ့ရမည်ဖြစ်သည့်အပြင် ၎င်းနှစ်သက်သော သဲထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတို့၏ ပိုစတာများချိတ်ဆွဲစုဆောင်းထားသည်ကိုလည်း တွေ့ရသည်။

ယခုနေအိမ်မှာ Kirk Hammett အနေဖြင့် ဒုတိယအကြိမ်မြောက်ဈေးကွက်တင်လာခဲ့သည့် နေအိမ်လည်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ယခုနေအိမ်နှင့်ကပ်လျက်တည်ရှိသော နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၂ ဒသမ ၈ သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးသည်။

ယင်းနေအိမ်မှာ ၁၉၂၂ ခုနှစ်တွင် နီယိုးကလပ်စစ်ကယ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့်နေအိမ်လည်း ဖြစ်သည်။

မူလက ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဈေးကွက်တင်ခဲ့ပြီး ရောင်းမထွက်သောကြောင့် ၂၀၁၇ တွင် ကန်ဒေါ်လာ ၁၄ သန်းသို့ လျှော့ချပေးခဲ့သည်။

Kirk Hammett သည် ယင်းနေအိမ်ကို ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ပြီးခဲ့သော နွေက ရောင်းထုတ်ခဲ့ရာတွင် ဝယ်ဈေးထက် နှစ်ဆကျော်ရရှိခဲ့ခြင်း ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service