ထားဝယ်ကမ်းနားဈေး  အထပ်မြင့်ဈေးဆောက်လုပ်ရန်  စီစဉ်

ထားဝယ်ကမ်းနားဈေး  အထပ်မြင့်ဈေးဆောက်လုပ်ရန်  စီစဉ် - Property News in Myanmar from iMyanmarHouse.com
3 Jan 2019 10:27 am တွင် တင်ခဲ့သည်
991 ကြိမ် ကြည့်ရှု့ပြီး

ထားဝယ်မြို့ရှိ ကမ်းနားဈေးနေရာတွင် အထပ်မြင့်ဈေးဆောက်ရန်စီစဉ်နေကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လက်ရှိဈေးနေရာတွင် ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်ကာ အထပ်မြင့်ဈေးဆောက်ရန် အတွက် တိုင်းအစိုးရအဖွဲ့က ဈေးသူဈေးသား များ၏သဘောထားကိုရယူရေး ပြောခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောဆိုသည်။

သဘောတူ

ထိုကြောင့် ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်း က စည်ပင်ကော်မတီက ထားဝယ်မြို့ ဆိပ်ကမ်း သာပန်းခြံ၌ ဈေးရောင်းသူများအား ဖိတ်ခေါ်ပြီး အထပ်မြင့်ဆောက်မည့် အစီအစဉ်ကိုရှင်းပြ၍ သဘောထားရယူခဲ့ရာ ဈေးသူဈေးသားအများ စုက အထပ်မြင့်ဈေးဆောက်ရန် သဘောတူ ခဲ့ကြသည်။

စည်ပင်ကော်မတီက ကောက်ယူထားသည့် စာရင်းများအရ ကမ်းနားဈေးတွင် ဈေးသည် စုစုပေါင်း ၁၁၄၃ ဦးရှိပြီး ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သော သဘောထားရယူသည့်ပွဲသို့ ဈေးသည် ၁၁၂၃ ဦးတက်ရောက်ခဲ့ကြောင်း လက်မှတ်ရေးထိုးထားသည့်စာရင်းအရ သိရ သည်။

ဖိတ်ခေါ်မည်

ကမ်းနားဈေး အထပ်မြင့်ဆောက်ရန် လူမှု ရေးနှင့်စည်ပင်ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်သည့်ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထား ပြီးဖြစ်ကာ ဈေးသူဈေးသားများ ကျေနပ်မှသာ ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း စည်ပင်ကော်မတီအတွင်းရေးမှူးက ပြောဆို သည်။

ညှိနှိုင်းဆဲ

အထပ်မြင့်ဈေးဆောက်ရန် လက်ရှိတွင် ညှိနှိုင်းဆဲအဆင့်၌ပင်ရှိသေးပြီး အထပ်အရေ အတွက်ကိုလည်း မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောဆိုသည်။

ကမ်းနားဈေး၏အကျယ်အဝန်းမှာ သုည ဒသမ ၈၈၄ ဧကရှိပြီး စည်ပင်အဖွဲ့က နှစ် ၃၀ မြေငှားဂရန် ရရှိထားသည်။

နှစ် ၃၀ ဂရန်

အထပ်မြင့်ဈေး ဆောက်ခြင်းနှင့်ပတ်သက် ၍ အပြီးသတ်သဘောတူညီမှုရရှိပါက ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းရှင်ကို ဖိတ်ခေါ်ရမည်ဖြစ်ပြီး တည်ဆောက်ရေးကာလအတွင်း ထားဝယ်မြစ် ကမ်းနံဘေးတွင် ယာယီနေရာစီစဉ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ရောင်းချခွင့်

ဈေးသည်အများစုကမူ ဈေးဆောက်ပြီးပါက မိမိရောင်းချနေသည့်နေရာတွင်ပင် ပြန်လည် ရောင်းချခွင့်ရလိုကြောင်း ပြောဆိုကြသည်။

"အထပ်မြင့်ဆိုတော့ ထည်ထည်ဝါဝါတော့ ဖြစ်သွားတာပေါ့၊ ဆောက်ပြီးရင် ကိုယ်ရောင်း နေတဲ့နေရာကိုပဲ ပြန်ရချင်တယ်"ဟု လက်ရှိ ကမ်းနားဈေးတွင် ပဲတီရောင်းချနေသည့် ဒေါ်အေးအေးဖြိုးက ပြောဆိုသည်။

ကနဦးလျာထား

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကမ်းနား ဈေးပျံကျဈေးတန်းကို ငွေကျပ် ၃၁၄၆ သိန်း အသုံးပြုကာ အမိုးတစ်ဆက် တစ်စပ်တည်းရှိသည့်အဆောက်အအုံဆောက်ရန် ကနဦးလျာထားခဲ့သည်။

စီစဉ်ထား

ယင်းနောက် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖြစ် စေရန် အထပ်မြင့်ဈေးဆောက်ရန် စီစဉ်လာ ခြင်းဖြစ်ကြောင်း သိရသည်။

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service