၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၁၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုနှစ်တွင် အိမ်ခန်းပေါင်း ၇၁၀၀ ကျော် ဆက်လက်ဆောက်လုပ်မည်

၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၁၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုနှစ်တွင် အိမ်ခန်းပေါင်း ၇၁၀၀ ကျော် ဆက်လက်ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
2 Jan 2019 12:34 pm တွင် တင်ခဲ့သည်
943 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၆၁၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုနှစ်တွင် အိမ်ခန်း ပေါင်း ၇၁ဝဝကျော် ဆက်လက်ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လာမည့် ၂၀၁၉ခုနှစ်ကိုလည်း ဝန်ထမ်းအိမ်ရာနှစ်အဖြစ် ဆက်လက်သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ထပ်မံဆောက်လုပ်မည် ဖြစ်သည်။ လက်ရှိ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် ယခု၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၀ ကျော် ဆောက်လုပ်လျက်ရှိကြောင်း၊ လက်ရှိဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ ခု၊ အိမ် ခန်းပေါင်း ၂၂၅၄ ခန်း၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀ ခု၊ အိမ်ခန်းပေါင်း၂၄၂၈ ခန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအတွက် အိမ် ရာပေါင်းကိုးခု၊ အိမ်ခန်းပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသနဦးစီးဌာနအတွက် အိမ်ရာပေါင်းသုံးခု၊ အိမ်ခန်းပေါင်း ၃၂ခန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအတွက် အိမ်ရာပေါင်း ၄၄ ခု၊ အိမ်ခန်းပေါင်း ၅၂၈ခန်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊ အိမ်ခန်း ၅၂၃ ခန်းတို့ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

“ယခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက်က ဦးစီးဌာနအသီးသီးအတွက် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၄ ခု၊အိမ်ခန်းပေါင်း ၆၀၀၀ နီးပါးအထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင်ကာလတိုဘဏ္ဍာနှစ်မှာ ဆေးသုတေသနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့် ဝန်ထမ်းအိမ်ရာတွေမှာ အရင်ကာလတိုဘဏ္ဍာနှစ်မှာ မပါခဲ့တဲ့ဦးစီးဌာနက ဝန်ထမ်းတွေအတွက်လည်း ထည့်တွက်ပြင်ဆင်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် Update ပြုလုပ်ခြင်းနှင့်မလိုအပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ၊ လူနာ၏မိသားစုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေး၊ ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများကိုဖွင့်လှစ်၍ မကူးစက်သော ရောဂါနှိမ်နှင်းရေးကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေးဝန်ထမ်းများဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများ ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး/ ပြည်နယ်သင်ကြားရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများထားရှိရေးတို့ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်ကို သတင်းအချက်အလက်နှစ် (Year of Data and Information) ဘဏ္ဍာနှစ် ရန်ပုံငွေများကို အကျိုးရှိစွာခွဲဝေသုံးစွဲသည့်နှစ် (Year of Budget) နှင့် ဝန်ထမ်းအိမ်ရာ ဦးစားပေးဆောက်လုပ်သည့်နှစ် (Year of staff housing) ဟု သတ်မှတ်လုပ်ဆောင်နေကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်းများ အသစ်ဆောက်လုပ်ခြင်းကို ခေတ္တဆိုင်းငံ့လျှော့ချထားပြီး ဆောက်လက်စဆေးရုံ၊ ဆေးခန်းများကိုမူ ရန်ပုံငွေ ဆက်လက်ခွဲဝေချထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် ကျန်ရှိသော ဆောက်လုပ်ရေးဆိုင်ရာ ရန်ပုံငွေများကို တစ်ပြည်လုံးရှိပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးတွင် ဝန်ထမ်းအိမ်ရာများအား ဦးစားပေးအစီအစဉ်အလိုက် တည်ဆောက်နေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အိမ်ငှားနေရခြင်းဖြင့် ငွေကြေးကုန်ကျမှုများပြား၍ လစာစုဆောင်း ရရှိမှုနည်းပါးခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် တစ်စုတစ်စည်းတည်း နေထိုင်ခြင်းအားဖြင့် လုံခြုံရေးကောင်းမွန်ပြီး ရင်းနှီးသောမိတ်ဆွေ အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း စသည်တို့ကြောင့်၂၀၁၈-၂၀၁၉ဘဏ္ဍာ နှစ်တွင် ဝန်ကြီးဌာနအနေဖြင့် မဖြစ်မနေ အသစ်တည်ဆောက်ရမည့်ဆေးရုံ၊ ဆေးခန်းနှင့် လက်ရှိဆောက်လုပ်ဆဲဆေးရုံ၊ ဆေးခန်းများမှလွဲ၍ဆေးရုံ အသစ်ဆောက်လုပ်ခြင်းကို တစ်နှစ်တာ ရပ်နားပြီး ပိုလျှံသောရန်ပုံငွေကို ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများအတွက် တိုးချဲ့ဆောက်လုပ်ပေးနေကြောင်း သိရသည်။

 

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service