ရန်ကုန်-ဒလ တံတား တည်ဆောက်ချိန်နီးကပ်နေသော်လည်း ဒလမြေဈေး တည်ငြိမ်လျက်ရှိ

ရန်ကုန်-ဒလ တံတား တည်ဆောက်ချိန်နီးကပ်နေသော်လည်း ဒလမြေဈေး တည်ငြိမ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
20 Dec 2018 12:33 pm တွင် တင်ခဲ့သည်
3239 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်-ဒလ (ကိုရီးယား-မြန်မာ) ချစ်ကြည်ရေးတံတားတည်ဆောက်ရန် ကနဦးလုပ်ငန်းများ စတင်နေပြီဖြစ် သော်လည်း ဒလမြို့နယ်အိမ်ခြံမြေဈေးနှုန်းများကျဆင်းလျက်ရှိနေကြောင်း ဒလမြို့နယ်အိမ်ခြံမြေလုပ်ငန်း အကျိုးဆောင်ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်-ဒလ တံတားစီမံကိန်း စတင်ရေးဆွဲဖော်ဆောင်ချိန်တွင် ဒလမြို့နယ်၌ အိမ်ခြံမြေဈေးနှုန်းများ အလွန် အကျွံမြင့်တက်ခဲ့သော်လည်း ယခုတည်ဆောက်ရန်စက်ယန္တရားများရောက်ရှိထိတိုင်အောင် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်အေးလျက်ရှိကြောင်း ဒလမြို့နယ် (Now City) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးထွန်းလင်းက News Watch သို့ ပြောသည်။

''ဒီနေ့ ဒီဇင်ဘာ ၁၂ ရက် တံတားတည်ဆောက်ဖို့ စက်ပစ္စည်းတချို့တဝက် တောင်ရောက်နေပြီ။ အိမ်ခြံမြေ ဈေးကတော့ ငြိမ်နေဆဲပဲ။ ဈေးတွေကလည်း အရမ်းကိုပြုတ်ကျနေတယ်။ ကျွန်တော်တို့ ခန့်မှန်းရသလောက် ပြန်တက်ဖို့ အလားအလာမရှိတော့ဘူး။ ပြန်တက်ရင်တောင် အရင်ကလောက်ပြန်တက်ဖို့မရှိတော့ဘူး။ ခုနောက်ပိုင်းက မြေကွက်တွေကိုသိပ်မရင်းကြတော့ဘူး။ မြေကွက်တကွက် ၂၅ x ၅ဝ ကို သိန်းသုံး၊ လေး၊ ငါးရာဆိုတော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေက လယ်ကွက်တွေပေါ်မှာပဲ ရင်းနှီးမြှုပ်နှံတော့တယ်။ လယ်ယာမြေ တွေတော့ အရောင်းအဝယ်ဖြစ်ကြတယ်။ လယ်ယာမြေဈေးနှုန်းလည်း ငြိမ်နေဆဲပဲ။ ငွေတွေက ဖောင်းပွမှုမရှိ တော့ဘဲ ငွေကျပ်တည်းနေတယ်။ နောက်ပြီးလွန်ခဲ့တဲ့နှစ်တွေထဲက ရင်းနှီးမြှုပ်နှံသူတွေကမြေကွက်တွေဝယ်ပြီး ပြန်ရောင်းမထွက်တော့ ငွေတွေအီနေတာလည်းပါတယ်''ဟု ဦးထွန်းလင်းက ပြောသည်။

ရန်ကုန်-ဒလ တံတားဆောက်လုပ်နေဆဲကာလနှင့် ဆောက်လုပ်ပြီးကာလများတွင် ဈေးနှုန်းအလွန်အကျွံမြင့် တက်နိုင်မှုအခြေအနေမရှိကြောင်း ၎င်းကသုံးသပ်ပြောဆိုခဲ့သည်။

အဆိုပါတံတားတည်ဆောက်ရန် စီမံကိန်းများရေးဆွဲပြီးနောက်ပိုင်းတွင် ဒလမြို့နယ်အိမ်ခြံမြေဈေးနှုန်း ၂၅ x ၅ဝ မြေကွက်တကွက်လျှင် သိန်းတထောင်ကျော်ထိ မြင့်တက်ခဲ့ပြီး လက်ရှိ မြေကွက် ဈေးနှုန်းများမှာ ဒလ-တွံတေး လမ်းမကြီး ဘေးရှိ ၂၅ x ၅ဝ မြေကွက် တကွက်လျှင် သိန်း ၇၅ဝ ကျပ်မှ သိန်း ၉ဝဝ ကျပ်အထိ သာရှိပြီး အတွင်းပိုင်းရှိ မြေကွက် ၂၅ x ၅ဝ တကွက် သိန်း ၃ဝဝ ကျပ်မှ သိန်း ၅ဝဝ ကျပ်အထိ သာရှိကြောင်းနှင့် လယ်တစ်ဧကလျှင် ကျပ်သိန်း ၃ဝ မှ သိန်း ၇ဝ ကျော်အထိသာရှိကြောင်း သိရသည်။

 Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service