ဒိန်းမတ်နိုင်ငံတွင် လူနေအိမ်ခန်းများ ပြတ်လတ်မှုကြောင့် မြို့တော်ကိုပင်ဟေဂင်အနီး ပင်လယ်ပြင်အတွင်း ကျွန်းတစ်ကျွန်း ဆောက်လုပ်

ဒိန်းမတ်နိုင်ငံတွင် လူနေအိမ်ခန်းများ ပြတ်လတ်မှုကြောင့် မြို့တော်ကိုပင်ဟေဂင်အနီး ပင်လယ်ပြင်အတွင်း ကျွန်းတစ်ကျွန်း ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 11:15 am တွင် တင်ခဲ့သည်
1555 ကြိမ် ကြည့်ရှု့ပြီး

ဒိန်းမတ်နိုင်ငံတွင် လူနေအိမ်ခန်းများ ပြတ်လတ်မှုကြောင့် မြို့တော်ကိုပင်ဟေဂင်အနီး ပင်လယ်ပြင်အတွင်းတွင် ကျွန်းတစ်ကျွန်း ဆောက်လုပ်ရန်စီစဉ်လျက်ရှိသည်။

အဆိုပါကျွန်းတွင် လူပေါင်း ၃၅၀၀၀ ခန့် နေထိုင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် လားစ် လော်ကက် ရာစ်မိုးရှင်းက ပြောကြားသည်။

“လင်းနေတဲဟဒ်မင်း” (Lynetteholmen) ဟု အဆိုပါကျွန်းကို အမည်ပေးမည်ဖြစ်ပြီး ဆွီဒင်နိုင်ငံကို စီးမိုးတွေ့မြင်နေရသည့် ဒေသအနီးတွင် တည်ရှိမည် ဖြစ်သည်။

ထိုကမ်းခြေဒေသတွင် ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်နိုင်စွမ်းရှိသည့် ၁ ဒသမ ၂၅ မီတာမြင့်မားသော ရေသူမ ကြေးရုပ်နှင့် အော်ပရာကပွဲရုံတို့လည်း တည်ရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၃၅ ခုနှစ်ဝန်းကျင်တွင် စတင်ရန် မျှော်မှန်းထားပြီး ၂၀၇၀ ပြည့်နှစ်ခန့်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။

စီမံကိန်းအတွက် ကုန်ကျစရိတ် ကရိုနာငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၃ ဘီလီယံ) ခန့်ရှိမည်ဖြစ်ပြီး မြေရောင်းချရငွေဖြင့် ကုန်ကျငွေကို ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ဒိန်းမတ်အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါကျွန်းစီမံကိန်းကို အစိုးရနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ ထက်ဝက်စီ ပိုင်ဆိုင်ကြမည်ဟု ဆိုသည်။

ကျွန်းသစ်တွင် ကမ်းခြေများနှင့် ရထားလိုင်းတစ်ခု ပါဝင်မည်ဖြစ်ကာ ကိုပင်ဟေဂင်၏ အိမ်ယာပြတ်လတ်မှု ပြဿနာကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဖရန့်ခ် ဂျန်ဆန်က ပြောကြားသည်။

ခန့်မှန်းချက်များအရ ၂၀၄၅ ခုနှစ်တွင် ကိုပင်ဟေဂင်သို့ လူပေါင်း ၁၇၀၀၀၀ ခန့် ရွှေ့ပြောင်းအခြေချလာကြဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

ကိုပင်ဟေဂင်သည် အတိုးနှုန်းအလွန်နည်းပါးခြင်း၊ လစာမြင့်မားသည့်အလုပ်အကိုင်များ ၊ ကောင်းမွန်သည့် ပို့ဆောင်ရေးစနစ်တို့ကြောင့် အခြေချနေထိုင်သူ များပြားလာခြင်းလည်း ဖြစ်သည်။

ယခုကျွန်းသစ်သည် ကိုပင်ဟေဂင်ကို မုန်တိုင်းအန္တရာယ်အပြင် ပင်လယ်ရေမြင့်တက်မှုများမှလည်း အကာအကွယ်ပေးနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service