ရန်ကုန် Eco-Green City စီမံကိန်း လွှတ်တော်တွင် ဝေဖန်

ရန်ကုန် Eco-Green City စီမံကိန်း လွှတ်တော်တွင် ဝေဖန် - Property News in Myanmar from iMyanmarHouse.com
14 Nov 2018 10:22 am တွင် တင်ခဲ့သည်
1910 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်း အတွင်း Alliance Star ကုမ္ပဏီက အကောင်အထည်ဖော်မည့် Eco-Green City စီမံကိန်းသည် အစိုးရ နှင့် စာချုပ်ချုပ်ဆိုပြီး ၆ လအတွင်း စီမံကိန်း စတင်ရမည် ဖြစ်သော်လည်း ယနေ့ အချိန်အထိ မဆောင်ရွက်မှု အပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်နေကြသည်။

အဆိုပါစီမံကိန်းသည် လှည်းကူးမြို့နယ် မြေဧက ၁၄၅၃ ဧက ပေါ်တည်ဆောက်မည် ဖြစ်ပြီး ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် (၃/ဝ)မှ(၅/၄) ဘေးဝဲယာတွင် တည်ရှိသည့် ယင်းစီမံကိန်းအား ပွင့်လင်းမြင်သာစွာချပြန်ရန်နှင့် နိုင်ငံတော်က ရသင့်ရထိုက်သော အကျိုးအမြတ်များ ရရှိရေး အတွက် ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပုလဲ မဲဆန္ဒနယ် အမတ်ဒေါ်ခင်စန်းလှိုင်က မေးခွန်းမေးမြန်းခြင်းဖြစ်သည် ။

ဒေါ်ခင်စန်းလှိုင်က“စာချုပ်ချုပ်မယ်ဆိုတာ အကြမ်းသဘောပဲ ရှိသေးတယ်။ နိုင်ငံတော်ဘက်က ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ကို ဘယ်လိုခွဲဝေထားသလဲဆိုတာ အခုချိန်အထိ ဘာမှလည်း မပါသေးဘူး။ စာချုပ်လည်း ပီပီပြင်ပြင်လည်း မချုပ်ဆိုနိုင်ဘူး။ နောက်တခုက ကက်ဘိနက် (အစိုးရအဖွဲ့) ကိုလည်း မဖြတ်ရသေးဘူး။ MIC ရဲ့ ခွင့်ပြုချက် လည်း မရသေးဘူး”ဟု သတင်းထောက်များအား ပြောသည်။

ယင်းစီမံကိန်းကို ဦးသိန်းစိန် အစိုးရ အာဏာမလွှဲခင် ၂၀၁၆ ခုနှစ် မတ်လအတွင်းက Alliance Star ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးခဲ့ခြင်းဖြစ်ကာ တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများ၊ အိမ်ရာစီမံကိန်းများ၊ နိုင်ငံတကာ အဆင့်မီ Resort (အပန်းဖြေစခန်း)၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်၊ ကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်း၊ အားကစားရုံ၊ ပန်းဥယျာဉ်များ ပါဝင် သည့် မြို့ပြအိမ်ရာနှင့် ဥယျာဉ်စီမံကိန်း လုပ်ပိုင်ခွင့်များ ပါဝင်ကြောင်း သိရသည်။

မင်္ဂလာဒုံ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက“ခြံစည်းရိုး ကာထားတာ တခုပဲ ရှိတယ်။ အဲဒါတောင်အကုန်ကာတာ မဟုတ်ဘူး။ စီမံကိန်းကလည်း အရင်အစိုးရ မဆင်းခင်လေး ကပ်လုပ်သွားတာ ဆိုတော့ မြေဦးထားသလို ဖြစ်နေတာပေါ့။ အခု ၃ နှစ်ကြာပြီ၊ စာချုပ်တောင် မချုပ်ရသေးဘူး”ဟု ဧရာဝတီကို ပြောသည်။

ဒေါ်ခင်စန်းလှိုင်၏ မေးမြန်းမှုနှင့် ပတ်သက်၍ စီမံကိန်းဧရိယာ တခုလုံးအား ခြံစည်းရိုးခတ်ထားကာ Master Plan ညှိနှိုင်းရေးဆွဲရာတွင် နိုင်ငံတော်မှ ရရှိမည့် အိမ်ရာများ၏ အသေးစိတ်ပုံစံများအား ပြန်လည်ညှိနှိုင်းခြင်း၊ စီမံကိန်း လမ်းကြောင်းများ ပြန်လည်သတ်မှတ်ခြင်း၊ နိုင်ငံတော်က ရသင့်ရထိုက်သော အကျိုးအမြတ် ခွဲဝေမှုအတွက် အသေး စိတ် တွက်ချက်ခြင်းများ ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက လွှတ်တော်၌ လာရောက် ဖြေရှင်း ထားသည်။

ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက“စီမံကိန်းမြေ ဧရိယာ ၁၄၅၃ ဧကအနက် လမ်း၊ ရေမြောင်း၊ လျှပ်စစ်၊ ကျောင်းတို့ အတွက် မြေဧရိယာ ၄၄၇ ဧက အသုံးပြုမှာ ဖြစ်ပြီး ကျန်ဧရိယာ ၁၀၀၆ ဧကကို ဆောက်လုပ်ရေး ဝန်ကြီး ဌာနနဲ့ ကုမ္ပဏီတို့ကြား၂၀ : ၈၀ အချိုးနဲ့ ခွဲဝေရယူမှာ ဖြစ်ပါတယ်”ဟု ဖြေကြားသည်။

ယင်း စီမံကိန်းမှ နိုင်ငံတော် အနေဖြင့် ကျပ်ဘီလီယံချီ၍ အကျိုးအမြတ် ရရှိမည်ဟုလည်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန ဘက်က ရှင်းထားသည်။

Eco-Green City စီမံကိန်းကို လုပ်ပိုင်ခွင့်ရရှိပြီး ၆ လအတွင်း အကောင်အထည် မဖော်နိုင်သည့်အတွက် လုပ်ငန်း ပျက်ပြယ်သည့် အခြေအနေ ရှိသော်လည်းဝန်ကြီးဌာနဘက်မှ ဆက်လက်ဆောင်ရွက်နေပြီး ပြည်လူထု ရှင်းလင်းစွာ သိစေရန် လွှတ်တော်တွင်း မေးမြန်းရခြင်း ဖြစ်သည်ဟုလည်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်သူ ၎င်းက“နဂိုမူလတုန်းက Alliance Star ကုမ္ပဏီနဲ့ စာချုပ်ထားတယ်လို့ ပြောတယ်။ ဟိုတနေ့က ကျမတို့ သွားတွေ့တော့ Alliance Star နဲ့ မဟုတ်တော့ဘူး။ ရွှေသံလွင်နဲ့ ဖြစ်သွားပြီလို့ ပြောပြန်တယ်။ အခုလွှတ်တော် လာဖြေတော့လည်း Alliance Star နဲ့ ဆက်ပြီး ဆောင်ရွက်မယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။

စီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ယာယီအလုပ်အကိုင်အခွင့်အလမ်း ၅ သောင်းခန့်နှင့် စီမံကိန်း ပြီးစီးပါက အမြဲတမ်းအလုပ်အကိုင်နေရာ ၁၅၀၀၀ ခန့် ဖန်တီးပေါ်ပေါက်နိုင်မည် ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကလည်း စီမံကိန်း ရှင်းလင်းဆောင်တွင် မီဒီယာ ၁၀ ခုအား ဖိတ်ခေါ်ကာရှင်းလင်းမှုများ လုပ်ထားပြီး ဖြစ်ကြောင်း ဝန်ကြီး ဌာန ဘက်က တုံ့ပြန်ထားသည်။

ဝေဖန်မှုများ ရှိနေမှုနှင့် ပတ်သက်၍ Alliance Star ကုမ္ပဏီရုံးချုပ်သို့ ဆက်သွယ် မေးမြန်းရာတွင် ကုမ္ပဏီတာဝန်ရှိသူများ နေပြည်တော် သွားနေပါသဖြင့် ပြန်လည်ဆက်သွယ်ပေးမည်ဟုသာ ဖုန်းကိုင်ဖြေဆိုသူက ပြောသည်။

မြေရာဇဝင် မှတ်တမ်းအရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနပိုင် စပါးလင်ဆီ စိုက်ခင်း မြေနေရာ ၁၄၅၃ ဒသမ ၇၂ ဧကအား စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ခွင့်ကို Alliance Star ကုမ္ပဏီက နှစ်ရှည် ငှားရမ်းခွင့် ရရှိခဲ့ပြီးနောက် ရေဝပ်မြေ ဖြစ်သဖြင့် ပြန်လည် အပ်နှံရာတွင် ကုမ္ပဏီဘက်မှ အဆိုပြုချက်အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတရုံးက ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့ကို ပူးပေါင်း၍ စီမံကိန်း လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service