ရွှေပြည်သာ စက်မှုဇုန်လုပ်သားများအတွက် တန်ဖိုးနည်း စက်မှုလုပ်သား အိမ်ရာ စတင်တည်ဆောက်

ရွှေပြည်သာ စက်မှုဇုန်လုပ်သားများအတွက် တန်ဖိုးနည်း စက်မှုလုပ်သား အိမ်ရာ စတင်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
16 Oct 2018 10:08 am တွင် တင်ခဲ့သည်
841 ကြိမ် ကြည့်ရှု့ပြီး

ရွှေပြည်သာစက်မှုဇုန်မှ လုပ်သား ၈၀၀ ခန့် နေထိုင်နိုင်မည့် တန်ဖိုးနည်း စက်မှုလုပ်သားအိပ်ရာကို စက်မှုဇုန်အတွင်းရှိ ချယ်ရီလမ်းထောင့်တွင် အောက်တိုဘာလမှ စတင်ကာ တည်ဆောက်မည်ဖြစ်ကြောင်း ရွှေပြည်သာ စက်မှုဇုန် (၁) သာဓုကန်စက်မှုဇုန်နှင့် ဝါးတစ်ရာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမျိုးသိန်းက ပြောကြားသည်။

အဆိုပါ တန်ဖိုးနည်းလုပ်သားအိမ်ရာကို ရွှေပြည်သာစက်မှုဇုန်(၁)စီမံခန့်ခွဲရေး ကော်မတီက ကြီးကြပ်ဆောက်လုပ်ဖြင်းဖြစ်ပြီး ယင်းအိမ်ရာ ပန္နက်တင်ခြင်း အခမ်းအနားကို အောက်တိုဘာ ၆ ရက်က ပြုလုပ်ခဲ့ကာ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စက်မှုဝန်ကြီးဌာန ညွှန်ကြားချက်အရ ၁၈ ပေပတ်လည် အခန်းတွေ တည်ဆောက်သွားမှာပါ။ ဒီမြေက ဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ် ၆၀ ငှားရမ်းထားတာပါ။ အလုပ်သမားတွေ နေထိုင်ဖို့​ရည်ရွယ်တည်ဆောက်တာပါ”ဟု ဦးမျိုးသိန်းကဆိုသည်။

တန်ဖိုးနည်းစက်မှုလုပ်သားအိမ်ရာကို စက်မှုဇုန်အတွင်းရှိ ချယ်ရီလမ်းထောင့်တွင် အခန်းပေါင်း ၇၀ ပါဝင်သော ခြောက်ထပ်တိုက်နှစ်လုံးကို ဆောက်လုပ်မည်ဖြစ်ကြောင်းနှင့် အဆောက်အအုံ ဆောက်လုပ်ပြီးပါက တိုက်တစ်လုံးလျှင် လုပ်သား ၄၀၀ ဦးခန့် နေထိုင်နိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့က ဆောက်လုပ်ပြီးတာနဲ့ ပိုင်ရှင်ကို ရောင်းလိုက်တယ်။ ပိုင်ရှင်ပေါ်မူတည်ပါတယ်။ အားကိုးရတဲ့ ဝန်ထမ်းတွေကျ အခမဲ့ နေထိုင်ခိုင်းသလို ဈေးသက်သက်သာသာနဲ့ ငှားရမ်းနေထိုင်ခိုင်းတာလည်း ရှိပါတယ်”ဟု ဦးမျိုးသိန်းက ဆက်လက်ပြောဆိုသည်။

ယခု ဆောက်လုပ်မည့်အိမ်ရာအနီးတွင် ၂၀၁၇ ခုနှစ်က လုပ်သားဝန်ထမ်း ၆၀၀ ဦးခန့် နေထိုင်နိုင်သော အခန်းပေါင်း ၆၀ ပါဝင်သည့် ငါးထပ်တိုက် နှစ်လုံး ဆောက်လုပ်ခဲ့သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာမ ဒရူးဘယ်ရီမိုး နယူးယောက်မှစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ရောင်းချရန် စီစဉ်...

အသက် ၂၀ အရွယ်တွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကာ အင်္ဂလိပ်စာဆရာ လုပ်ကိုင်ခဲ့ရင်း ထိုင်းကို နှစ်သက်သွားခဲ့သော သြစတေးလျနိုင်ငံသား အသက် ၄၀ အရွယ်၌ ထိုင်းသို့ ပြန်လာကာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ စံအိမ်ကြီးမျိုး ဆောက်လုပ်ကာ အခြေချနေ...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးကြီးက ဒေါ်လာ ၁၀၀၀ စီ လက်ဆောင်ပေး...

ဗြိတိန်၏ တစ်ခုတည်းသော ကန္တာရအလယ်တွင် တည်ရှိသော ဗြိတိန်၏ အထီးအကျန်ဆုံးနေအိမ် အရောင်းဈေးကွက်ဝင်လာ...

အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ်ခဲ့ကြ...

တရုတ်ပြည်တွင် အကျပ်ဆိုက်နေသော အိမ်ခြံမြေကဏ္ဍကို ကယ်တင်ရန်အတွက် ရောင်းမထွက်သော အိမ်များကို အစိုးရက ယွမ်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁ ဘီလီယံ) သုံးစွဲကာ ဝယ်ယူပေးရန် စီစဉ်...

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အတူနေထိုင်နေရသော အင်္ဂလန်နိုင်ငံသား...

အသက်ကြီးသူများ အလွန်များပြားနေသော ဂျပန်နိုင်ငံတွင် လူမနေသော အိမ်လွတ်များ ၉ သန်းခန့်အထိ ရှိလာ...

မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ

မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

golden-city
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service