ရွှေပြည်သာ စက်မှုဇုန်လုပ်သားများအတွက် တန်ဖိုးနည်း စက်မှုလုပ်သား အိမ်ရာ စတင်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
842 Views

ရွှေပြည်သာ စက်မှုဇုန်လုပ်သားများအတွက် တန်ဖိုးနည်း စက်မှုလုပ်သား အိမ်ရာ စတင်တည်ဆောက်

ရွှေပြည်သာစက်မှုဇုန်မှ လုပ်သား ၈၀၀ ခန့် နေထိုင်နိုင်မည့် တန်ဖိုးနည်း စက်မှုလုပ်သားအိပ်ရာကို စက်မှုဇုန်အတွင်းရှိ ချယ်ရီလမ်းထောင့်တွင် အောက်တိုဘာလမှ စတင်ကာ တည်ဆောက်မည်ဖြစ်ကြောင်း ရွှေပြည်သာ စက်မှုဇုန် (၁) သာဓုကန်စက်မှုဇုန်နှင့် ဝါးတစ်ရာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမျိုးသိန်းက ပြောကြားသည်။

အဆိုပါ တန်ဖိုးနည်းလုပ်သားအိမ်ရာကို ရွှေပြည်သာစက်မှုဇုန်(၁)စီမံခန့်ခွဲရေး ကော်မတီက ကြီးကြပ်ဆောက်လုပ်ဖြင်းဖြစ်ပြီး ယင်းအိမ်ရာ ပန္နက်တင်ခြင်း အခမ်းအနားကို အောက်တိုဘာ ၆ ရက်က ပြုလုပ်ခဲ့ကာ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စက်မှုဝန်ကြီးဌာန ညွှန်ကြားချက်အရ ၁၈ ပေပတ်လည် အခန်းတွေ တည်ဆောက်သွားမှာပါ။ ဒီမြေက ဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ် ၆၀ ငှားရမ်းထားတာပါ။ အလုပ်သမားတွေ နေထိုင်ဖို့​ရည်ရွယ်တည်ဆောက်တာပါ”ဟု ဦးမျိုးသိန်းကဆိုသည်။

တန်ဖိုးနည်းစက်မှုလုပ်သားအိမ်ရာကို စက်မှုဇုန်အတွင်းရှိ ချယ်ရီလမ်းထောင့်တွင် အခန်းပေါင်း ၇၀ ပါဝင်သော ခြောက်ထပ်တိုက်နှစ်လုံးကို ဆောက်လုပ်မည်ဖြစ်ကြောင်းနှင့် အဆောက်အအုံ ဆောက်လုပ်ပြီးပါက တိုက်တစ်လုံးလျှင် လုပ်သား ၄၀၀ ဦးခန့် နေထိုင်နိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့က ဆောက်လုပ်ပြီးတာနဲ့ ပိုင်ရှင်ကို ရောင်းလိုက်တယ်။ ပိုင်ရှင်ပေါ်မူတည်ပါတယ်။ အားကိုးရတဲ့ ဝန်ထမ်းတွေကျ အခမဲ့ နေထိုင်ခိုင်းသလို ဈေးသက်သက်သာသာနဲ့ ငှားရမ်းနေထိုင်ခိုင်းတာလည်း ရှိပါတယ်”ဟု ဦးမျိုးသိန်းက ဆက်လက်ပြောဆိုသည်။

ယခု ဆောက်လုပ်မည့်အိမ်ရာအနီးတွင် ၂၀၁၇ ခုနှစ်က လုပ်သားဝန်ထမ်း ၆၀၀ ဦးခန့် နေထိုင်နိုင်သော အခန်းပေါင်း ၆၀ ပါဝင်သည့် ငါးထပ်တိုက် နှစ်လုံး ဆောက်လုပ်ခဲ့သည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

myat-ingyin
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service