ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ - Property News in Myanmar from iMyanmarHouse.com
3 May 2024 12:46 pm တွင် တင်ခဲ့သည်
628 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောလိဝုဒ်ကြယ်ပွင့် ဂျွန်နီဒက်ပ်သည် အီတလီနိုင်ငံ၊ တူရင်မြို့၊ Montalto Dora အရပ်ရှိ သမိုင်းဝင် ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေကြောင်း အီတလီသတင်းဌာနတို့က ဖော်ပြသည်။
ဂျွန်နီဒက်ပ်သည် ဇနီးဟောင်း အမ်ဘာဟာ့ဒ်အား အသရေဖျက်မှုဖြင့် ၂၀၂၂ ခုနှစ်တွင် တရားစွဲခဲ့ပြီးနောက်ပိုင်း ကတည်းက ဥရောပတွင် အဓိကအခြေချနေထိုင်ကာ ရုပ်ရှင်များရိုက်ကူးလျက်ရှိသည်။
(ဆက်စပ်သတင်း)
Johnny Depp ၏ သန်း ၄၀ တန်စံအိမ် (သို့) ဇနီးဖြစ်သူ၏ ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသည့်နေရာ
https://www.imyanmarhouse.com/news/read/1013309
အီတလီပန်းချီကျော် အာမီဒီယို မိုဒီဂလီယာနီ၏ အတ္ထုပ္ပတ္တိရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီးနောက် ဂျွန်နီဒက်ပ်သည် တူရင်မြို့ရှိ Crovero တောင်ရှိ တောင်ကုန်းများဆီတွင် ဆောက်လုပ်ထားသော ရှေးဟောင်းရဲတိုက်ကြီးကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း အီတလီသတင်းစာ Corriere delle Sera က ဖော်ပြသည်။
(ဂျွန်နီဒက်ပ်သည် အီတလီရှိ ဒေါ်လာ ၄ သန်းတန် ရဲတိုက်ကြီးတစ်လုံးကို ဝယ်ယူရန် သွားရောက်ကြည့်ရှု ခဲ့သည်ဟု ဆိုသည်။ ဓာတ်ပုံ-Joel C.Ryan/ Invision/AP)
(ဂျွန်နီဒက်ပ်ကြည့်ရှုခဲ့သော တူရင်မြို့၊ Montalto Dora အရပ်ရှိ ရဲတိုက်ကြီး။ ဓာတ်ပုံ-amorando-stock.adobe.com)
သတင်းရင်းမြစ်များက နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောကြားချက်အရ မိုဒီဂလီယာနီ၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသား Riccardo Scamarcio သည် အဆိုပါ ရဲတိုက်ကြီးသို့ ဂျွန်နီဒက်ပ်ကို ခေါ်ကာ မကြာခဏသွားခဲ့ကြကြောင်း၊ ရဲတိုက်ကြီးကို ဝယ်ယူရန်အတွက် ကြည့်ရှုခြင်းဖြစ် ကြောင်း ပြောသည်။
အလယ်ခေတ်နှင့် ဂေါ့သစ်ဗိသုကာဟန်များဖြင့် ကာလကြာရှည်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရဲတိုက်ကြီး မှာ အရောင်းဈေးကွက်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။
အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၂၂၀၀၀ ရှိပြီး အိပ်ခန်း ၁၁ ခန်း၊ ရေချိုးခန်း ၁၃ ခန်းနှင့် ၁၅ ရာစုနှစ် ဘုရားကျောင်းတစ်ခုတို့ ပါဝင်ကြောင်း II Messagero က ဖော်ပြသည်။
ပင်မရဲတိုက်ကြီးအပြင် ရဲတိုက်ငယ်တစ်လုံးနှင့် ယာတောအိမ်တစ်လုံးတို့လည်း ပါဝင်သေးသည်။
(အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၁၃ ခန်းပါဝင်သည်။ ဓာတ်ပုံ-REDA&CO/ Universal Images Group via Getty Images)
Montaldo Dora ၏ မြို့တော်ဝန် Renzo Galletto က ပြောသည်မှာ မိမိအနေဖြင့် ဂျွန်နီဒက်ပ်က အဆိုပါရဲတိုက် ဝယ်ယူရန် စီစဉ်မှုကို လက်မခံကြောင်း ပြောသည်။
“ Montalto Dora ရဲတိုက်လို သမိုင်းဝင်အဆောက်အအုံမျိုးကို အကျော်အမော်တစ်ယောက်က ဝယ်တာဟာ ဒီဒေသအပေါ် လူအများအာရုံစိုက်မှု များလာစေနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဒေသတွင်းအသိုက်အဝန်းအတွက် မှန်ကန်တဲ့ စီးပွားရေးအကျိုးကျေးဇူးရှိပါ့မလားဆိုတာ မသေချာပါဘူး ” ဟု မြို့တော်ဝန်က ပြောသည်။
ထို့အပြင် ဤရဲတိုက်သည် အီတလီယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိကြောင်းလည်း ၎င်းက ပြောသည်။
Montalto Dora သည် အခြေချနေထိုင်သူ ၃၃၀၀ ခန့်သာရှိသည်။
“ ဒီရဲတိုက်ကြီးဟာ ဒေသတွင်းအသိုက်အဝန်းရဲ့ ကောင်းကျိုးစီးပွားနေရာတစ်ခုဖြစ်ပါတယ်။ အဲဒီနေရာအတွက် လိုက်နာရမယ့် စည်းကမ်းတွေ ရှိနေပါတယ် ” ဟု မြို့တော်ဝန်က ဖြည့်စွက်ပြောကြားသည်။
“ရဲတိုက် အတွင်းအပြင် အဆောက်အအုံသစ်တွေ ဆောက်လုပ်မွမ်းမံမယ်ဆိုရင် ခွင့်ပြုချက်တွေ အများကြီး လျှောက်ထားဖို့ လိုအပ်ပါတယ်”
(မိုဒီဂလီယာနီ၏ ဘဝဇာတ်ကြောင်းရုပ်ရှင်ကို ရိုက်ကူးရန် အီတလီတွင် ရောက်ရှိနေသော ဂျွန်နီဒက်ပ်။ ဓာတ်ပုံ-Gisela Schober)
(ဂျွန်နီဒက်ပ်သည် ရဲတိုက်ကို ဝယ်ယူရန် သင့်တော်သူဟု မထင်ကြောင်း မြို့တော်ဝန် Renzo Galletto က ပြောသည်။ ဓာတ်ပုံ-Marco Fine-stock.adobe.com)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Johnny Depp eyes $4M historic estate in Italy —as worried officials vow to ‘protect the castle’ at all costs (nypost)
Photo Credit: Joel C Ryan/Invision/AP, amorando-stock.adobe.com, Getty Images, Gisela Schober, Marco Fine
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ရေလွှာလျှောစီးရင်း ဘီယာသောက်ခဲ့သည့် ဗွီဒီယိုထွက်ပေါ်လာပြီးနောက် Elon Musk က “ကျုပ်ကတော့ အလုပ်လုပ်ရတာကိ
Mark Zuckerberg က ရေလွှာလျှောစီးရင်း ဘီယာသောက်ခဲ့သည့် ဗွီဒီယိုထွက်ပေါ်လာပြီးနောက် Elon Musk က “ကျုပ်ကတော့ အလုပ်လုပ်ရတာကိ
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်
အိုင်ယာလန်တွင် အိမ်ငှားဖြစ်သူအား အသိမပေးဘဲ အငှားချထားသောနေအိမ်တွင် အကြိမ်ကြိမ် ဝင်ရောက်အိပ်စက်သော အိမ်ရှင်၊ အိမ်ရှင်အိမ်
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှ
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
sweet-dream
shwe-wutthmone
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service