ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှုကွန်ရက်၌ ဂယက်ရိုက်
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှုကွန်ရက်၌ ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
12 Jul 2024 11:41 am တွင် တင်ခဲ့သည်
693 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စီအီးအိုတစ်ဦးက ၎င်း ကျင့်သုံးနေသော လုပ်ငန်းခွင် Culture နှင့် စပ်လျဉ်းပြီး X လူမှုကွန်ရက်တွင် ရေးသား ဖော်ပြခဲ့မှုမှာ ဟိုးလေးတကျော် ဖြစ်နေသည်။
ဗြိတိန်၏ အကြီးမားဆုံး IT အတိုင်ပင်ခံ ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော Rock ကို တည်ထောင်သူ ရော့ဘ် ဒန့်စ် (Rob Dance) က ဝန်ထမ်းများထံမှ မကြားလိုသော စကားများ စာရင်းကို ဝှိုက်ဘုတ်ပေါ်တွင် ရေးသားထားသည်။
အဆိုပါ စကားများတွင် “ဒီနေ့ စောစောပြန်လို့ ရမလားဆရာ”
“ကလေးနေမကောင်းဖြစ်နေလို့ အိမ်ပြန်လို့ရလား ဆရာ” နှင့် “မနက်ကျရင် ကျွန်တော် နောက်ကျမယ်ဆရာ”
အစရှိသော စကားများအပါအဝင် ဖြစ်သည်။
ရော့ဘ် ဒန့်စ်၏ လူမှုကွန်ရက် ရေးသားမှုနှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်သုံးစွဲသူတို့က ရော့ဘ်သည် ဝန်ထမ်းများ ကို အလုပ်စားပွဲတွင် အမြဲတမ်း ရှိစေလိုပုံရကြောင်း ပြောဆိုကြသည်။
သို့သော် ရော့ဘ်က နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှု ရစေအောင် လုပ်ဆောင်ရန် လိုလားသည်။
“ကျွန်တော်ဟာ ခင်ဗျားတို့ကို အလုပ်တစ်ခုအတွက် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီအလုပ်ကို ပြီးမြောက် အောင် လုပ်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို တစ်နာရီတစ်ခါ တာဝန်ခံ စရာ မလိုပါဘူး”ဟုလည်း ရော့ဘ်ဒန့်စ်က ရေးသားဖော်ပြသည်။
၎င်းက ဝန်ထမ်းများအား လွတ်လပ်ခွင့်ပေးရန် အခြား စီအီးအိုများကိုလည်း တိုက်တွန်းထားသည်။
မိမိတို့အပေါ် ကလေးများသဖွယ် ဆက်ဆံနေခြင်းကို လူအများ မနှစ်သက်ကြကြောင်း ၎င်းက ပြောသည်။
လူမှုကွန်ရက် သုံးစွဲသူအများစုက ၎င်း၏ ရေးသားမှု အပြည့်အစုံ မဖတ်ရှုကြဘဲ ဝေဖန်ရှုတ်ချကြသည်။
အပြည့်အစုံ ဖတ်ရှုသူတို့အနက် အများစုကမူ ရော့ဘ်ဒန့်စ်ကို ထောက်ခံကြသည်။
အချို့ကမူ သူ၏ နည်းလမ်းမှာ အားလုံးနှင့် ကိုက်ညီမည် မဟုတ်ကြောင်း ထောက်ပြကြသည်။
ရော့ဘ်ဒန့်စ်၏ ပို့စ်ကို ကြည့်ရှုသူပေါင်း ၁၄ သန်းကျော် ရှိခဲ့ပြီး Like ပေးသူ ၅၂၀၀၀ ကျော် ရှိသည်။
(လူမှုကွန်ရက်တွင် ရော့ဘ်ဒန် ရေးသားခဲ့သော ပို့စ်))
ဝန်ထမ်းတွေဆီက ကျွန်တော် မကြားချင်သော စကားများ
● ဒီနေ့ စောစော ပြန်လို့ရမလား။ ● မနက်ကျရင် နောက်ကျမယ် ● ကလေးနေမကောင်းလို့ အိမ်ပြန်လို့ ရမလား ● မနက်ဖြန်ကျရင် ဆရာဝန်နဲ့ ချိန်းထားလို့ပါ ● နေ့လည်စာ စားပြီးရင် ရုံးပြန်တက်တာ နောက်ကျမယ်။ လုပ်စရာလေးတွေ ရှိလို့ပါ
ဒါတွေ စိတ်မဝင်စားဘူး
- ရော့ဘ်ဒန့်စ် (@RobDance) July 1 2024 ဟု ရေးသားဖော်ပြထားသည်။
Corporate training Platform ဖြစ်သော Skillsoft မှ အကြီးအကဲတစ်ဦးဖြစ်သူ Koma Gandy က ရော့ဘ်ဒန့်စ်၏ လုပ်ဆောင်ချက်မှာ ကောင်းမွန်ကြောင်း ပြောသည်။
ယခုအခါ လုပ်ငန်းခွင်တို့တွင် မျိုးဆက် စုံလင်စွာ လုပ်ကိုင်နေကြရာ Gen-z များ ၊ millennial များ ၊ Gen X နှင့် Boomer ဟူ၍ မျိုးဆက်စုံသည်။
ထို့ကြောင့် စာနာစိတ်နှင့် ပွင့််လင်းမြင်သာသော ဆက်ဆံရေး အစရှိသည့် soft skill များမှာ ယခင်ကထက် ပိုမို အရေးကြီးလာသည်။
ယုံကြည်မှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှုတို့မှာ ထိရောက်သော လုပ်ငန်းခွင်တစ်ခု တည်ထောင်ရေးအတွက် အရေးကြီးကြောင်း Gandy က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A CEO went viral with a list of things he's 'sick' of hearing from his employees — and he has a point (businessinsider)
[Zawgyi]
ဒါတွေ စိတ်မဝင်စားဘူး
ထို့ကြောင့် စာနာစိတ်နှင့် ပွင့်လင်းမြင်သာသော ဆက်ဆံရေး အစရှိသည့် soft skill များမှာ ယခင်ကထက် ပိုမို အရေးကြီးလာသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
Mingalar Market
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service