လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသော မြေကွက်ကြီး

လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသော မြေကွက်ကြီး - Property News in Myanmar from iMyanmarHouse.com
8 Aug 2018 11:58 am တွင် တင်ခဲ့သည်
2207 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အရပ်ရှိ မြေကွက်ကြီးတစ်ခုသည် လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

The Mountain ဟု အမည်ပေးထားသည့် အဆိုပါနေရာသည် မြေအကျယ်အဝန်း ၁၅၇ ဧကရှိပြီး လော့စ်အိန်ဂျလိ၏ နာမည်ကျော် ဘီဗာလီဟေးလ်အရပ်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည်။
အဆိုပါနေရာသည် မြေနေရာ ZIP code 90210 အရပ်တွင် အမြင့်မားဆုံးနေရာတစ်ခုလည်း ဖြစ်သည်။

တောင်ဘက်သို့ ရှုမျှော်ကြည့်လျှင် လော့စ်အိန်ဂျလိ မြို့လယ်မှသည် အောရိန်းခရိုင်၊ ကာတာလီနာကျွန်းနှင့် ဆန်တာ မိုနီကာအထိ တွေ့မြင်နိုင်သည်။

နာမည်ကျော် ဘီဗာလီဟေးလ်စ်ဟိုတယ်နှင့် ၅ မိနစ်ခရီးသာ ဝေးကွာပြီး အနီးဆုံးဆိပ်ကမ်းမှာ မိုင်ဝက်အကွာတွင် တည်ရှိသည်။

Aaron Kirman Partners ကုမ္ပဏီမှ တစ်ဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

မြေနေရာမှာ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပြီးဖြစ်ကာ လော့စ်အိန်ဂျလိမြို့ ကြီးကို စီးမိုးတွေ့မြင်နေရသည့် မြင်ကွင်းများ ပိုင်ဆိုင်ထားပြီး လက်ရှိအားဖြင့် မည်သည့်အဆောက်အအုံမျှ ဆောက်လုပ်ထားခြင်း မရှိသေးချေ။

မြေနေရာကြီး၏ အကျယ်အဝန်းမှာ နာမည်ကျော် Disneyland ၏ နှစ်ဆနီးပါးရှိပြီး စတုရန်းပေပေါင်း ၁ ဒသမ ၅ သန်းခန့်ရှိကာ အဆောက်အအုံများ ဆောက်လုပ်ရန် အသင့်မြေနေရာအနေအထားမျိုးရှိသည်။

မူလပိုင်ရှင်များတွင် အီရန်နိုင်ငံမှ ရှားဘုရင်၏ နှမတော် မာ့ဗ် ဂရစ်ဖင်းလည်း ပါဝင်သည်။

သို့ရာတွင် ဂရစ်ဖင်းပိုင်ဆိုင်ခဲ့စဉ်က ယခုမြေနေရာကြီးမှာ မပြုပြင်ရသေးသော မြေကွက်ရိုင်း အခြေအနေတွင်သာ ရှိသေးသည်။

“လော့စ်အိန်ဂျလိမြို့ကြီးကို စီးမိုးတွေ့မြင်နေရမယ့် ကိုယ်ပိုင်တောင်ကြီးတစ်လုံး ပိုင်ဆိုင်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါတယ်။ မိမိနေမယ့် နေအိမ်ကို ကိုယ့်ဟာကို စိတ်တိုင်းကျ ဆောက်လုပ်ချင်တဲ့ ဝယ်လက်မျိုးက ဝယ်ယူလာဖွယ်ရာ ရှိပါတယ်” ဟု ဈေးကွက်တင်သည့် အကျိုးဆောင် အာရွန် ကာမန်းက ပြောကြားသည်။

မူလက ယခုမြေနေရာကို The Vineyard ဟု အမည်ပေးခဲ့ပြီး နောက်ပိုင်းတွင် The Mountain ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။

၁၉၇၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် အီရန်မှ ရှားဘုရင်၏ ညီမက ဝယ်ယူခဲ့ပြီး ၁၉၇၉ တွင် အီရန်တော်လှန်ရေးကြီးဖြင့် အစ်ကိုဖြစ်သူ ပြုတ်ကျပြီးနောက်ပိုင်းတွင် မြေနေရာကို ပြုပြင်နိုင်ခြင်းမရှိတော့ဘဲ ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ခဲ့သည်။

ယင်းနောက် ၁၉၈၇ ခုနှစ်တွင် မီဒီယာလုပ်ငန်းရှင်ကြီး မာ့ဗ် ဂရစ်ဖင်းက ဝယ်ယူလိုက်၏။

၁၉၉၅ ခုနှစ်တွင် ဂရစ်ဖင်းက နာမည်ကျော်သူဌေးကြီး မာ့ခ် ဟုခ်ျထံ ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ပြန်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသော မြေကွက်ကြီး - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသော မြေကွက်ကြီး - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသော မြေကွက်ကြီး - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသော မြေကွက်ကြီး - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသော မြေကွက်ကြီး - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိသမိုင်းတွင် ဈေးအကြီးဆုံးအဖြစ်စံချိန်တင် ဈေးနှုန်း ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာသော မြေကွက်ကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service