တရုတ်ပြည် ရှန်ကျန်းအခြေစိုက် developer က တရုတ်ပြည်တွင် အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် စီစဉ်

တရုတ်ပြည် ရှန်ကျန်းအခြေစိုက် developer က တရုတ်ပြည်တွင် အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
23 Jul 2018 11:30 am တွင် တင်ခဲ့သည်
3372 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည် ရှန်ကျန်းအခြေစိုက် developer ဖြစ်သော Shenzhen Kingkey Group က တရုတ်ပြည်တွင် အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

H700 shenzhen tower ဟု အမည်ပေးထားပြီး အမြင့် ၇၃၉ မီတာ ( ၂၄၂၅ ပေ) ရှိမည်ဖြစ်ပြီး ရှန်ကျန်းမြို့ ၏ စီးပွားရေးအချက်အခြာဒေသ အဝင်တွင် တည်ရှိမည်ဖြစ်သည်။

လက်ရှိအားဖြင့် တရုတ်ပြည်၏ အမြင့်မားဆုံးမိုးမျှော်တိုက်မှာ gensler မှ ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့သည့် ရှန်ဟိုင်းတာဝါဖြစ်ပြီး ၆၃၂ မီတာ ( ၂၀၇၃ ပေ ) မြင့်မားသည်။

H700 shenzhen tower ကို ချီကာဂိုနှင့် ရှန်ဟိုင်းတို့တွင် အခြေစိုက်သော bKL ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ကာ ဟောင်ကောင်မှ ရှန်ကျန်းသို့ အဝင်ဖြစ်သော လိုဟူခရိုင်တွင် တည်ရှိမည်ဖြစ်သည်။

Huanyu Building အမည်ရှိ အဆောက်အအုံကြီးနေရာတွင် အစားထိုးတည်ဆောက်သွားမည်ဖြစ်ပြီး ယခုစီမံကိန်းနှင့် မျက်နှာချင်းဆိုင်လမ်းဘက်တွင်လည်း Jindu ဟိုတယ်နေရာတွင် ၆၈၀ မီတာအမြင့်ရှိ မိုးမျှော်တိုက်ကြီးတစ်လုံး ဆောက်လုပ်ရန် စီစဉ်နေမှုများ ရှိသည်။

အဆောက်အအုံကြီး ၂ ခုအကြားရှိ ရှန်းနန်လမ်းမကြီးကို မိုးပျံလမ်းတစ်ခုဖြင့် ဖြတ်သန်းကာ အဆောက်အအုံ ၂ လုံးတို့ကို ဆက်သွယ်ပေးထားမည်ဟုလည်း ဆိုသည်။

ပါဝင်မည့် အထပ်ပေါင်းမှာ အထပ်ရေ ၁၃၀ ခန့်အထိဖြစ်သည်ဟုလည်း ဆိုသည်။

ဆောက်လုပ်ပြီးစီးပါက ကမ္ဘာပေါ်တွင် ဒုတိယအမြင့်မားဆုံး မိုးမျှော်တိုက်ကြီးဖြစ်လာမည် ဖြစ်သည်။

စီမံကိန်းတည်ရှိရာနေရာမှာ ရှန်ကျန်း၏ ဝေါစထရိဟုတင်စားကြသော ကိုင်ဝူဝေအရပ်တွင်တည်ရှိသည်။

အဆိုပါအရပ်သည် ဘဏ်လုပ်ငန်း ၇၄ ရာခိုင်နှုန်း၊ အာမခံကုမ္ပဏီများ၏ ၈၀ ရာခိုင်နှုန်း၊ စတော့ရှယ်ယာများဆိုင်ရာ အင်စတီကျူးရှင်းများ၏ ၄၀ ရာခိုင်နှုန်း အခြေစိုက်ရာဒေသဖြစ်ပြီး နိုင်ငံခြားဘဏ်များ၏ ၉၀ ရာခိုင်နှုန်းမှာလည်း ယင်းဒေသတွင်ပင် အခြေစိုက်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည် ရှန်ကျန်းအခြေစိုက် developer က တရုတ်ပြည်တွင် အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည် ရှန်ကျန်းအခြေစိုက် developer က တရုတ်ပြည်တွင် အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည် ရှန်ကျန်းအခြေစိုက် developer က တရုတ်ပြည်တွင် အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည် ရှန်ကျန်းအခြေစိုက် developer က တရုတ်ပြည်တွင် အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service