လုံးချင်းအိမ်ထက် ကွန်ဒိုတွေကို ပို စိတ်ဝင်စားနေ

လုံးချင်းအိမ်ထက် ကွန်ဒိုတွေကို ပို စိတ်ဝင်စားနေ - Property News in Myanmar from iMyanmarHouse.com
10 Jul 2018 11:51 am တွင် တင်ခဲ့သည်
2516 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်မှာ လုံးချင်းအိမ်တွေထက် ကွန်ဒိုတွေကို နေထိုင်သူတွေက ပိုပြီးစိတ်ဝင်စားနေတယ်လို့ ရွှေဥဒေါင်းမင်း အိမ်ခြံမြေလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာမင်းက ပြောပါတယ်။

အခုခေတ်မှာ ကွန်ဒိုခေတ်ဖြစ်လာတဲ့အပြင် လုံခြုံရေးအရ ကွန်ဒိုတွေကို နေထိုင်သူတွေကပိုမိုကြိုက်နှစ်သက်လာတာ ဖြစ်ပါတယ်။ သည်နှစ်မှာလည်း နေထိုင်သူတွေက ကွန်ဒိုတွေကို စိတ်ဝင်စားမှုတွေရှိနေပေမဲ့ အရောင်းဈေးကွက်ထက် အငှားဈေးကွက်သာ ဖြစ်နေပါတယ်။

ဦးကျော်စွာမင်းက ' နိုင်ငံခြားသားတွေ ငှားတော့ ဈေးတွေက အရမ်းကောင်းကောင်းရကြတယ်၊ ဒေါ်လာ (၂၅၀၀၊ ၃၅၀၀၊ ၄၀၀၀)တွေရတယ်၊ တချို့ဆို ကြိုပွိုင့်စနစ်နဲ့ လုပ်ထားတယ်၊ အဲဒီဈေးနည်းတော့ တစ်နှစ်လောက် ငှားပြီးတာနဲ့ အရင်းကျေတယ် ' လို့ ပြောပါတယ်။ ကွန်ဒိုတွေခေတ်စားလာတာ (၂)နှစ်လောက်သာရှိပေမဲ့ လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းက ဆောက်လုပ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

(၂၀၁၈-၂၀၁၉)ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ကွန်ဒိုများစွာ ပေါ်ထွက်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သည်နှစ်ပိုင်းမှာတော့ ကွန်ဒိုအရောင်းဈေးမှာ နည်းနည်းပြန်အေးနေပြီး အငှားဈေးလည်း နည်းနည်း ပြန်ကျနေတယ်လို့ သီရိဇော်အိမ်ခြံမြေလုပ်ငန်းက အရောင်းတာဝန်ခံ မစန္ဒီက ပြောပါတယ်။ ' မီနီကွန်ဒိုတွေကိုလဲ အဝယ်ထက် အငှားက ပိုဖြစ်နေတယ်၊ ကွန်ဒိုကို လူတွေ စိတ်ဝင်စားနေပေမဲ့ လတ်တလောတော့ အေးနေတယ် ' လို့ မစန္ဒီက ပြောပါတယ်။

ကွန်ဒို အများဆုံးရှိတဲ့နေရာက ရန်ကင်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ ဖြစ်ပြီး နိုင်ငံခြားသားတွေ အင်န်ဂျီအိုတွေ အဖွဲ့အစည်းတွေကလည်း ငှားနေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဆောက်လက်စကွန်ဒိုတွေ ရှိနေပြီး မီနီကွန်ဒိုတွေကတော့ သိန်း (၁၀၀၀)ကနေ စပြီး အသစ်စက်စက်ဆို သိန်း (၂၀၀၀)နီးပါး ရှိပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
mya-nandar
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service