လုံးချင်းအိမ်ထက် ကွန်ဒိုတွေကို ပို စိတ်ဝင်စားနေ - Property News in Myanmar from iMyanmarHouse.com
2518 Views

လုံးချင်းအိမ်ထက် ကွန်ဒိုတွေကို ပို စိတ်ဝင်စားနေ

ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်မှာ လုံးချင်းအိမ်တွေထက် ကွန်ဒိုတွေကို နေထိုင်သူတွေက ပိုပြီးစိတ်ဝင်စားနေတယ်လို့ ရွှေဥဒေါင်းမင်း အိမ်ခြံမြေလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာမင်းက ပြောပါတယ်။

အခုခေတ်မှာ ကွန်ဒိုခေတ်ဖြစ်လာတဲ့အပြင် လုံခြုံရေးအရ ကွန်ဒိုတွေကို နေထိုင်သူတွေကပိုမိုကြိုက်နှစ်သက်လာတာ ဖြစ်ပါတယ်။ သည်နှစ်မှာလည်း နေထိုင်သူတွေက ကွန်ဒိုတွေကို စိတ်ဝင်စားမှုတွေရှိနေပေမဲ့ အရောင်းဈေးကွက်ထက် အငှားဈေးကွက်သာ ဖြစ်နေပါတယ်။

ဦးကျော်စွာမင်းက ' နိုင်ငံခြားသားတွေ ငှားတော့ ဈေးတွေက အရမ်းကောင်းကောင်းရကြတယ်၊ ဒေါ်လာ (၂၅၀၀၊ ၃၅၀၀၊ ၄၀၀၀)တွေရတယ်၊ တချို့ဆို ကြိုပွိုင့်စနစ်နဲ့ လုပ်ထားတယ်၊ အဲဒီဈေးနည်းတော့ တစ်နှစ်လောက် ငှားပြီးတာနဲ့ အရင်းကျေတယ် ' လို့ ပြောပါတယ်။ ကွန်ဒိုတွေခေတ်စားလာတာ (၂)နှစ်လောက်သာရှိပေမဲ့ လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းက ဆောက်လုပ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

(၂၀၁၈-၂၀၁၉)ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ကွန်ဒိုများစွာ ပေါ်ထွက်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သည်နှစ်ပိုင်းမှာတော့ ကွန်ဒိုအရောင်းဈေးမှာ နည်းနည်းပြန်အေးနေပြီး အငှားဈေးလည်း နည်းနည်း ပြန်ကျနေတယ်လို့ သီရိဇော်အိမ်ခြံမြေလုပ်ငန်းက အရောင်းတာဝန်ခံ မစန္ဒီက ပြောပါတယ်။ ' မီနီကွန်ဒိုတွေကိုလဲ အဝယ်ထက် အငှားက ပိုဖြစ်နေတယ်၊ ကွန်ဒိုကို လူတွေ စိတ်ဝင်စားနေပေမဲ့ လတ်တလောတော့ အေးနေတယ် ' လို့ မစန္ဒီက ပြောပါတယ်။

ကွန်ဒို အများဆုံးရှိတဲ့နေရာက ရန်ကင်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ ဖြစ်ပြီး နိုင်ငံခြားသားတွေ အင်န်ဂျီအိုတွေ အဖွဲ့အစည်းတွေကလည်း ငှားနေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဆောက်လက်စကွန်ဒိုတွေ ရှိနေပြီး မီနီကွန်ဒိုတွေကတော့ သိန်း (၁၀၀၀)ကနေ စပြီး အသစ်စက်စက်ဆို သိန်း (၂၀၀၀)နီးပါး ရှိပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service