အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့်ပဒုမ္မာကွင်းတို့ကို တစ်လကျပ်ငါးသိန်းပင် မပြည့်သည့်နှုန်းဖြင့်ယခင်အစိုးရက ငှားရမ်းပေးခဲ့

အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့်ပဒုမ္မာကွင်းတို့ကို တစ်လကျပ်ငါးသိန်းပင် မပြည့်သည့်နှုန်းဖြင့်ယခင်အစိုးရက ငှားရမ်းပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
7 Jun 2018 11:05 am တွင် တင်ခဲ့သည်
5266 ကြိမ် ကြည့်ရှု့ပြီး
ယခင်အစိုးရလက်ထက် ကတည်းက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သို့ ငှားရမ်းချပေးထား သည့် အောင်ဆန်းကွင်း၊ စလင်း ကွင်းနှင့် ပဒုမ္မာကွင်းတို့ကို ငှား ရမ်းခသည် တစ်နှစ်လျှင် ကျပ်သိန်း ၁၃၀ ခန့်သာရရှိကြောင်း ရန်ကုန် တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောကြားသည်။

သို့ဖြစ်ရာ တစ်လလျှင် ကျပ် ငါးသိန်းပင်မပြည့်သည့် နှုန်းဖြင့် နှစ် ၃၀ ငှားရမ်းပေးခဲ့သည်။

၂၀၁၀ ကစ၍ ကနဦးသုံးနှစ် ကို အခမဲ့ငှားရမ်းခဲ့သေးကြောင်း၊ ယင်းအခမဲ့ငှားရမ်းကာလ ပြည့် သည့်နောက်ပိုင်း နှစ် ၃၀ စာချုပ် ဖြင့် ငှားရမ်းခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

တစ်နှစ်လျှင် အောင်ဆန်း ကွင်းနှင့် ပဒုမ္မာကွင်းငှားရမ်းခ သည် ကျပ်သိန်း ၅၀ စီဖြစ်ပြီး စလင်းကွင်းသည် ကျပ်သိန်း ၃၀ ဖြစ်သည်။

ငါးနှစ်တစ်ကြိမ် စာချုပ်ချုပ် ဆိုငှားရမ်းခြင်းဖြစ်ကြောင်း ဦးနိုင် ငံလင်းကရှင်းပြသည်။ ‘‘ဒီငှားရမ်း ခငွေတွေကို နိုင်ငံတော်ဘဏ္ဍာ ငွေအဖြစ် ပေးသွင်းရပါတယ်’’ ဟု ၎င်းကပြောကြားသည်။

ဇွန်လ ၆ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းလွှတ်တော်၌ ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေ ယျက မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်လက်အောက်ရှိ အဆိုပါကွင်း သုံးကွင်းကို နိုင်ငံတော်က မည် သည့် သဘောတူညီချက်များဖြင့် လွှဲပြောင်းပေးအပ်ထားကြောင်း မေးမြန်းရာ ဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြားခြင်းဖြစ်သည်။

ယင်းဘောလုံးကွင်းများ သည် ငှားရမ်းခနည်းပါးစွာရရှိသဖြင့် စာချုပ်များအပေါ် ပြန်လည် ဆွေးနွေးရန်ရှိကြောင်း ဦးကျော် ဇေယျကပြောသည်။

‘‘ဒီကွင်းပတ်လည်မှာရှိတဲ့ ဆိုင်ခန်းငှားခတွေနဲ့ ယှဉ်ပြောရင် မိုးနဲ့ မြေလို ဖြစ်သွားတာပေါ့။ ပုဂ္ဂိုလ်ရေးအရတော့ ဘာမှပြော စရာမရှိပါဘူး။ ဘောလုံးအဖွဲ့ချုပ်ကလည်း ဘောလုံးလောက အောင်မြင်ရေးအတွက် လုပ်နေ တာပဲ။ သူတို့ရလဒ်တွေက ဘာ တွေရခဲ့လဲဆိုတာ ချိန်ထိုးပြီး သိ ချင်တာပါ’’ဟု ၎င်းက သုံးသပ် ပြောသည်။

အထက်ပါကိစ္စနှင့် ပတ် သက်၍ မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် ကွင်းရုံဒါရိုက်တာ ဦးသန်း ဝင်းက ‘‘ဒါက ၂၀၁၀ ကတည်းက နိုင်ငံတော်အစိုးရရုံးရော၊ အားက စားဝန်ကြီးဌာနကရော တရားဝင် ကျွန်တော်တို့ကို သုံးနှစ်အခမဲ့ အ ရင်ငှားရမ်းပေးတာပါ။ ၂၀၁၃ ကျ မှ ကွင်းအလိုက် ငှားရမ်းခကျသင့် ငွေသတ်မှတ်ပြီး သွင်းပေးရတာ ပါ။ ကျွန်တော်တို့ ဒီလိုမျိုး ငှားရမ်း ခငွေသွင်းရတဲ့အပြင် ပြိုင်ပွဲလုပ် နေတဲ့ ကာလတစ်လျှောက်လုံး ကွင်းရဲ့လိုအပ်တာတွေ အကုန် လုံးကို ပြုပြင်ပေးပါတယ်။ မြက် ခင်းပြင်၊ မီးမောင်းတွေအစ အကုန်လုံး ပြုပြင်ထိန်းသိမ်းပေးရပါ တယ်။ ပွဲတွေလည်း တစ်နှစ်ပတ် လုံးကျင်းပပေးပါတယ်။ တကယ် တမ်းပြောရရင် ဒါတွေအားလုံးကို ဘောလုံးအဖွဲ့ချုပ်က စိုက်ထုတ် ပြီး လုပ်ပေးရတာပါ။ နိုင်ငံတော် က ထောက်ပံ့ငွေမရပါဘူး။ ဒါက နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်း တိုးတက်ဖို့ တစ်ခုတည်းအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ ဘော လုံးအဖွဲ့ချုပ်ဘက်က လုပ်ဆောင် ပေးတာပါ။ ဒါကြောင့် ကျွန်တော် တို့ ဘောလုံးအဖွဲ့ချုပ်ဘက်ကို လည်း ပြန်ကြည့်ပေးစေချင်ပါ တယ်’’ဟု ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service