ရန်ကုန်စတော့အိတ်ချိန်း၏ ငါးခုမြောက် စာရင်းဝင် TMH Telecom ကုမ္ပဏီ ဒီဇင်ဘာ ၁၅ ရက်တွင် ရှယ်ယာစတင်ရောင်းမည်

ရန်ကုန်စတော့အိတ်ချိန်း၏ ငါးခုမြောက် စာရင်းဝင် TMH Telecom ကုမ္ပဏီ ဒီဇင်ဘာ ၁၅ ရက်တွင် ရှယ်ယာစတင်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
14 Dec 2017 10:51 am တွင် တင်ခဲ့သည်
3043 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်း၏ ငါးခုမြောက်စာရင်းဝင် ဖြစ်လာမည့် TMH Telecom ကုမ္ပဏီကရှယ်ယာတစ်စုလျှင် ကျပ် ၃,၀၀၀ မှ ၃,၃၀၀ ကြားဖြင့် ဒီဇင်ဘာ ၁၅ ရက်တွင် ရှယ်ယာ စတင်ရောင်းချမည်ဖြစ်သည်။

အဆိုပါကုမ္ပဏီ၏ ရှေ့အလားအလာနှင့် စီးပွားရေးလုပ်ငန်း စီမံချက်များကို အများပြည်သူသို့ ဒီဇင်ဘာ ၁၃ ရက်တွင် စတင် မိတ်ဆက်ခဲ့သည်။

TMH Telecom ကုမ္ပဏီက ၎င်း၏ ကနဦးအစုရှယ်ယာငါး သိန်းခန့်ကို အများပြည်သူသို့ တိုက်ရိုက်ရောင်းချမည့် ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဆုံး စာရင်းဝင်ကုမ္ပဏီ ဖြစ်လာမည် ဖြစ်သည်။ ယခင် စာရင်းဝင် ကုမ္ပဏီများသည် ရှိရင်းစွဲရှယ်ယာ များကိုတစ်ဆင့်ပြန်လည်ရောင်း ချရန် စာရင်းဝင်ခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီသည် ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် ဖိုက် ဘာလမ်းကြောင်းသွယ်တန်းခြင်း နှင့် ဖုန်းငွေဖြည့်ကတ်လုပ်ငန်းများ ဆောင်ရွက်နေပြီး လုပ်ငန်းများ ထပ်မံ တိုးချဲ့မည်ဖြစ်ကြောင်း ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာဦးသီဟလွင်က ပြောသည်။

‘‘ဒီလုပ်ငန်း(ဆက်သွယ်ရေး လုပ်ငန်း)က ဈေးကွက်မှာ ဘီလီ ယံနဲ့ချီပြီးအလုပ်ဖြစ်နေတာပါ။ ကျွန်တော့်ကုမ္ပဏီရဲ့ အလားအလာကြည့်မယ်ဆိုရင် ရှယ်ယာ တစ်စုက ကျပ် ၅,၀၀၀ ကျော် လောက်တန်တဲ့ရှယ်ယာတွေပါ’’ ဟု ၎င်းကဆက်လက်ပြောသည်။

ကနဦးအစုရှယ်ယာရောင်း ချခြင်းသည် ဒီဇင်ဘာ ၁၅ ရက်မှ ဇန်န၀ါရီ ၃ ရက်အထိဖြစ်ပြီး ဇန်န၀ါရီ ၂၄ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌အမှတ်(၅)ဖြင့် စာရင်းဝင် ကုမ္ပဏီဖြစ်လာမည်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာအရောင်းအ၀ယ်နှင့် ရှယ်ယာဈေးများကျဆင်းနေချိန် ၌ ယခုကဲ့သို့ အများပိုင်ကုမ္ပဏီ ၀င်ရောက်လာခြင်းအပေါ် ရှယ် ယာဝယ်လိုသူများက စိတ်ဝင်စား မှုရှိနေသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် စတင်ဖွင့်လှစ်သည့် ၂၀၁၆ မတ်လ၌ အများပိုင်ကုမ္ပဏီ တစ်ခုတည်းဖြစ်ကာ ကျပ် ၂၄ ဘီလီယံကျော်ဖိုးအရောင်းဖြစ်ခဲ့ ပြီး ၂၀၁၇ နိုဝင်ဘာတွင် အများပိုင်ကုမ္ပဏီလေးခုဖြစ်လာသော် လည်း ရှယ်ယာကျပ်တစ်ဘီလီယံ ကျော်သာ အရောင်းအ၀ယ် ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။

‘‘TMH ကုမ္ပဏီကြောင့် စ တော့ရှယ်ယာတွေက ၀ုန်းခနဲရှယ် ယာတွေ တက်လာလိမ့်မယ်လို့ မမျှော်လင့်ဘူး။ ဒါပေမဲ့အတိုင်းအ တာတစ်ခုထိတော့ အထက်ပိုင်း ကို ဈေးကွက်ကတက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်’’ ဟု ချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်ဦးဌေးချွန်က ပြောကြားသည်။

ကုမ္ပဏီအသစ်ဖြစ်၍ ရှယ် ယာဝယ်ယူရန် လာရောက်ကြည့် ရှုပြီး ယခင်ကုမ္ပဏီများသည် ရှယ်ယာဈေးအကျဘက်ကိုသာ ဦးတည်နေ၍ ကုမ္ပဏီအသစ်ကို ပိုမိုစိတ်ဝင်စားကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ရှယ်ယာဝယ်ယူရန် လာရောက်သူ ဦးဌေးနိုင်က ပြော သည်။

‘‘အသစ်ဆိုတော့ စိတ်ဝင် စားတယ်။ ၀ယ်မလားလို့လာ ကြည့်တာပါ။ အရင်ကလည်း ရှယ်ယာတွေ ၀ယ်ထားပေမယ့် အကျဘက်များနေလို့ ကုမ္ပဏီအ သစ်ကို သဘောကျတာပါ’’ ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် အများပိုင်ကုမ္ပဏီလေး ခုက စာရင်းဝင်ထားပြီး ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်နေသည်။ ရန်ကုန်စတော့အိတ်ချိန်း၌ စာ ရင်းဝင်ထားသည့်ကုမ္ပဏီများ သည် FMI ၊ သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)၊ ပထမပုဂ္ဂလိကဘဏ် နှင့် မြန်မာနိုင်ငံသားများဘဏ်တို့ ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...
တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်...
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်...
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ တွေ့ရှိ...
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ တွေ့ရှိ...
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service