ခွင့်ပြုသည်ထက်

ခွင့်ပြုသည်ထက် - Property News in Myanmar from iMyanmarHouse.com
18 Oct 2017 11:43 am တွင် တင်ခဲ့သည်
5177 ကြိမ် ကြည့်ရှု့ပြီး
လုပ်ငန်းရှင်တစ်ဦးအနေ နှင့် မိမိလုပ်ငန်းလုပ်ရန် လျာထားပုံစံကို မိမိစိတ်ကြိုက်ရွေးချယ်ပြီး သက်ဆိုင်ရာကို တင်ပြရသည်။တင်ပြလျှောက်ထားချက်တို့ကို
သက်ဆိုင် ရာဌာနက စစ်ဆေးပြီး ခွင့်ပြုလို့ရသဖြင့် ခွင့်ပြုခဲ့သည်။

လုပ်ငန်းရှင်အနေနှင့် သက်ဆိုင် ရာဌာနက ခွင့်ပြုချက်ရသည့်ပုံစံအတိုင်း ဆောက်ကြရမည်ဖြစ်သည်။ ထိုသို့မဟုတ် ဘဲ မိမိတင်ပြလျှောက်ထားပြီး သက်ဆိုင်ရာဌာနက ခွင့်ပြုသည့်ပုံစံအတိုင်း လိုက်နာ တည်ဆောက်ခြင်းမရှိဘဲ ပုံစံပြောင်းဆောက် လုပ်ခြင်း၊ ခွင့်ပြုအထပ်ရေထက် ပိုမို ဆောက်လုပ်ခြင်းတို့ ပြုလုပ်တတ်ကြသည်။ဌာနဆိုင်ရာ
က လာရောက်စစ်ဆေးလျှင် နောက်ကိစ္စနောက်မှရှင်းမည်ဟု အရဲကိုးတတ်ကြသည်ကို တွေ့ခဲ့ဖူးသည်။

ယခင့်ယခင်က အချို့သော လုပ်ငန်းရှင်တို့သည် ခွင့်ပြုချက်မဲ့၊ ခွင့်ပြု ပုံစံတို့နှင့် ကွဲလွဲပြင်ဆင်ထပ်တိုးထားသော အဆောက်အအုံတို့ကို တည်ဆောက်ခဲ့မှု များ ရှိခဲ့ကြသည်။ ဆောက်လုပ်ပြီး၍လူ နေထိုင်ခွင့်ကျဖို့ စစ်ဆေးမှုများ လုပ်သော အခါ သက်ဆိုင်ရာဌာန၏ ခွင့်ပြုပုံစံမဟုတ် သဖြင့် နှောင့်နှေးကြန့်ကြာ နေတတ်သည် ကို တွေ့ခဲ့ရဖူးသည်။
နောက်များ ဘယ်လို ဖြေရှင်းပြီးစီးသွားသည်မသိပါ။လုပ်ငန်း လုပ်မည့်သူများကလည်း ၎င်းင်းအဆောက် အအုံရှိ အခန်းတို့ကို အလျှိုအလျှိုငှားရမ်း လာသည်။ နေထိုင်သူတိုကလည်း ၀ယ်ယူ နေထိုင်လာကြသည်။ အခြေအနေတို့သည် ဘာကိုပြနေသနည်း။ ခန့်မှန်းတွက်ဆ၍ ရနိုင်ကြမည်ထင်သည်။

ယခင်က အမေးမရှိခဲ့သော မေးခွန်းတို့သည် ယခုအစိုးရသစ်လက် ထက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော် ပဥ္ဒမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မရမ်းကုန်း မဲဆန်္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံများတည်ဆောက်ခြင်း၊ ခွင့်ပြုအထပ်အရေအတွက်ထက် ပိုမိုဆောက်လုပ်နေခြင်းအား ထိရောက်စွာတားမြစ်သွားနိုင်ရန် ယခုထက် ပိုမိုထိရောက် သော ဒဏ်ငွေများ တိုးမြှင့်ကောက်ခံသွားရန်၊ ထိုသို့ဖြစ်စဉ်များ မပေါ်ပေါက်ရေး အတွက် ပြည်သူလူထုအား ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ငါးထပ် ထက်မပိုသော အဆောက်အအုံများ တည်ဆောက်ရန် ခွင့်ပြုပါမစ်များကို စာရွက်စာတမ်းပြည့်စုံပါက မည်သည့်ရက်အတွင်း ခွင့်ပြုမိန့်ချထားပေးပြီး ပါမစ်လွယ်ကူစွာ ရက်အနည်းငယ်အတွင်း ရရှိနိုင်ရေးအတွက် အစီစဉ်များ ချမှတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ မေးခွန်းတို့ကို လွှတ်တော် တွင် အမေးရှိလာသည်။

အဆောက်အအုံဆောက်လုပ်ကြတဲ့ သူတွေအနေနှင့် ဥပဒေပါတားမြစ် ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ဒါမှမဟုတ် လိုက်နာရန် ပျက်ကွက်ခဲ့တယ်ဆိုပါက အဲဒီသူကို ထောင်ဒဏ်(၁)နှစ်ဖြစ်စေ၊ အနည်ဆုံး ငွေဒဏ်ကျပ်တစ်သောင်းကနေပြီး အများဆုံးဒဏ်ငွေကျပ် ငါးသိန်းအထိနှင့် ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်နိုင်သည်။ ပြစ်ဒဏ်ချမှတ်ခံထားရသူ အနေနှင့် ပြဋ္ဌာန်းချက်တွေကိုဆက်ပြီး ဖောက်ဖျက်ကျူးလွန်နေလျှင်၊ လိုက်နာရန် ပျက်ကွက်လျှင် အဲဒီပျက်ကွက်တဲ့နေ့ကစပြီး တစ်နေ့ကို ဒဏ်ငွေကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသောင်းအထိ ဒဏ်တပ် နိုင်ပါသည်။ ဒါမှမဟုတ် ထောင်ဒဏ်(၁)နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု သိရပါ သည်။

သက်ဆိုင်ရာဌာနက ခွင့်ပြုထား သည်ထက် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံတို့အား တရားရုံးက ချ မှတ်ထားသည့်ပြစ်ဒဏ်တို့ ကျခံစေရမည့် အပြင် ကြိုတင်ဆောက်လုပ်သည့်အတွက် ဒဏ်ကြေးငွေကောက်ခံ၍ ခွင့်ပြုမိန့်ရရှိရေး ကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိ သည်။ ၂၀၁၃ ခုနှစ် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်နေသော်လည်း ဒဏ် ကြေးတိုးမြှင့်ကောက်ခံခြင်း မရှိသေး ကြောင်း သိရသည်။

လိုင်စင်မဲ့ ကန်ထရိုက်တာတို့နှင့် အဆောက်အအုံဆောက်လုပ်ခြင်း၊ ခွင့်ပြု ချက်မရှိဘဲ အဆောက်အအုံဆောက်လုပ် ခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မဲ့ ဆောက် လုပ်ခြင်းများလုပ်ဆောင်ပါက ထိရောက်စွာ အရေးယူတော့မည့်အကြောင်းကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီအနေနှင့်လည်း သတင်းစာများကနေ သုံးကြိမ်တိုင် ကြေညာခဲ့ပြီးလည်း ဖြစ် သည်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၇ ရက်ကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာဌာန အဆောက်အအုံ တွင် စာနယ်ဇင်းများကိုဖိတ်ကြားပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်သူများကို ထိရောက် တဲ့အရေးယူမှုများကို ပြုလုပ်တော့မည်ဖြစ်ကြောင်း အသိပေးဆွေးနွေးမှုလည်း လုပ်ခဲ့သည်။

အဆောက်အအုံဆောက်လုပ် ရာတွင်လည်း အဆောက်အအုံဆောက် လုပ်ခွင့်အား သတ်မှတ်စာရွက်စာတမ်း ပြည့်စုံပြီးမြေပြင်အချက်အလက်များဖြင့် ကိုက်ညီမှုရှိပါက မြေပိုင်ဆိုင်မှုမှန်ကန် သော မြေကွက်တို့တွင် လေးထပ်အောက် အထပ်မြင့် ဆောက်လုပ်ခွင့်များကို ၂၁ ရက်၊ လေးထပ်မှ ကိုးထပ်အောက် အထပ် မြင့်အဆောက်အအုံများကို ၄၅ ရက်နှင့် မြေပိုင်ဆိုင်မှုအတည်မပြုနိုင်သော အရပ် စာချုပ်ဖြင့် လျှောက်ထားသည့် သုံးထပ်အောက် အထပ်ငယ်အဆောက်အအုံများ ကို ၃၅ရက်အတွင်း စိစစ်၍ ခွင့်ပြုနေသည်။ထို့ထက် ပိုမိုလွယ်ကူလျင်မြန်စေရန် E-Government စနစ်ဖြင့် လျှောက်ထား မှုကိုလည်း ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ကလည်း မေးမြန်းချက်များကို လွှတ်တော် တွင် ဖြေကြားရှင်းလင်းခဲ့ပြီးလည်း ဖြစ် သည်။ ဆောက်လုပ်ရေးလုပ်ကြမည့်သူများ အနေနှင့် ခွင့်ပြုချက်နှင့်အညီ လုပ်ကိုင်ကြ ဖို့ လိုပေသည်။

အရည်အသွေးနှင့် စံချိန်စံညွှန်း မမီသောပစ်္စည်းများနှင့် တည်ဆောက်ခြင်း၊ ခွင့်ပြုခြင်းမရှိသောပုံစံ၊ ခွင့်ပြုချက်မဲ့ ဆောက်ခြင်းတို့ကို ပြင်းပြင်းထန်ထန် ဒဏ်တပ်သင့်သည်ဟု မြင်သည်။ ယခင် သုံးထပ်တိုက်တို့သည် ယခုငါးထပ်တိုက် တို့နီးပါးမျှရှိသည်ကို နှိုင်းဆကြည့်နိုင် သည်။ လုပ်ငန်းရှင်တို့အနေနှင့် တွက်ခြေ ကိုက်အောင်လုပ်ခဲ့ကြရင်း နေထိုင်သူတို့ မွန်းကြပ်နေကြရသည့်အဖြစ်မျိုး မဖြစ်ရန် လိုပါသည်။

သက်တမ်းစေ့ နေထိုင်နိုင်ဖို့ အရည်အသွေးနှင့် စံချိန်စံညွှန်းမီသော ဖွဲ့စပ်မှုတို့လိုပါသည်။ တာဝန်ယူတာဝန်ခံ ထားသော ဆောက်လုပ်ရေး အင်ဂျင်နီယာ၊ ကန်ထရိုက်တာတို့အနေနှင့် စတင်ဆောက် လုပ်သည်မှ ပြီးဆုံးသည်အထိ ကြီးကြပ် ကွပ်ကဲသင့်သည်။ ဥပဒေကို မထေမဲ့မြင် ပြုပြီး၊ အသက်တွေကိုရင်းပြီး နေကြရမည် ဖြစ်သော အဆောက်အအုံတို့ကို ခွင့်ပြု ခြင်းမရှိသော ခွင့်ပြုချက်မဲ့ပုံစံတို့ကို သက် ဆိုင်ရာ တာဝန်ရှိသူတွေအနေနှင့် မပြတ် စစ်ဆေးနေသင့်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတတ်မှုနှင့် အတူ လှပခိုင်မာသော အခြေခံအဆောက် အအုံတို့ကို နည်းလမ်းတကျ၊ စည်းကမ်း ကျနစွာ မိမိတို့၏ပုံရိပ်နှင့် ဂုဏ်ကို မြှင့်တင်နိုင်ကြဖို့အတွက် အသိပေး လက်တို့လိုက်ရပါသည်။

ဦးအောင်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service