လူနေအိမ်ငှားရမ်းသူများအတွက် အခွင့်အရေးအကောင်းဆုံး အာရှမြို့(၅)မြို့တွင် တရုတ်မှ (၂) မြို့ပါဝင်

လူနေအိမ်ငှားရမ်းသူများအတွက် အခွင့်အရေးအကောင်းဆုံး အာရှမြို့(၅)မြို့တွင် တရုတ်မှ (၂) မြို့ပါဝင် - Property News in Myanmar from iMyanmarHouse.com
19 Sep 2017 10:59 am တွင် တင်ခဲ့သည်
931 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်အခြေစိုက်အိမ်ခြံမြေ၀က်ဘ်ဆိုက်ဒ် RentCafe.com က
PriceWaterhouseCoopers ၏ မြို့များ၏ အခွင့်အရေးညွှန်းကိန်းစစ်တမ်းကို
ကိုးကား၍ "အာရှ၌ လူနေအိမ်ငှားရမ်းသူများအတွက် အခွင့်အရေးအကောင်းဆုံးမြို့၅မြို့"အားဆန်းစစ်လေ့လာထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းမြို့ ၅ မြို့တွင်တရုတ်မှ မြို့နှစ်မြို့ ပါဝင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူသည် လူနေအိမ်ငှားရမ်းသူများအတွက်အခွင့်အရေးအကောင်းဆုံးအာရှမြို့ ဖြစ်သည်။ ကွာလာလမ်ပူတွင်ပျမ်းမျှအိမ်ငှားရမ်းခဈေးနှုန်းသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄,၅၀၀
ရှိသည်။

ကွာလာလမ်ပူတွင် အိမ်ငှားနေထိုင်ကြရသော မိသားစုများသည် သူတို့၏
ပျမ်းမျှတစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၄၀၀ ၏ ရာခိုင်နှုန်း ၂၀ ကို
အိမ်ငှားရန် အသုံးပြုကြရသည်။

တရုတ်နိုင်ငံမြို့တော် ပေကျင်းက လူနေအိမ်ငှားရမ်းသူများအတွက်
ဒုတိယအခွင့်အရေးအကောင်းဆုံးအာရှမြို့အဖြစ် ဖော်ပြခံခဲ့ရသည်။ ပေကျင်းတွင်အိမ်ငှားနေထိုင်ကြရသော မိသားစုများသည် သူတို့၏ ပျမ်းမျှတစ်နှစ်ဝင်ငွေ ၏ ၂၇ရာခိုင်နှုန်း ကို အိမ်ငှားရန် အသုံးပြုကြရသည်။

ပေကျင်းပြီးလျှင် ရှန်ဟိုင်းက လူနေအိမ်ငှားရမ်းသူများအတွက်
တတိယအခွင့်အရေးအကောင်းဆုံးအာရှမြို့ ဖြစ်သည်။ ရှန်ဟိုင်းတွင်
အိမ်ငှားနေထိုင်ကြရသော မိသားစုများသည် သူတို့၏ ပျမ်းမျှတစ်နှစ်ဝင်ငွေ၏ ၂၈ရာခိုင်နှုန်း ကို အိမ်ငှားရန် အသုံးပြုကြရသည်။

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်က လူနေအိမ်ငှားရမ်းသူများအတွက်
စတုတ္ထအခွင့်အရေးအကောင်းဆုံးအာရှမြို့ ဖြစ်သည်။ ဆိုးလ်တွင်
ပျမ်းမျှအိမ်ငှားရမ်းခဈေးနှုန်းသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၄,၇၆၀ ရှိပြီးအိမ်ငှားနေထိုင်ကြရသော မိသားစုများသည် သူတို့၏ ပျမ်းမျှတစ်နှစ်ဝင်ငွေ
အမေရိကန်ဒေါ်လာ ၄၈,၅၀၀ ၏ ၃၀ ရာခိုင်နှုန်း ကို အိမ်ငှားရန်
အသုံးပြုကြရသည်။

ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုက လူနေအိမ်ငှားရမ်းသူများအတွက်
ပဉ္စမအခွင့်အရေးအကောင်းဆုံးအာရှမြို့ ဖြစ်သည်။ တိုကျိုတွင်
အိမ်ငှားနေထိုင်ကြရသော မိသားစုများသည် သူတို့၏ ပျမ်းမျှတစ်နှစ်ဝင်ငွေ
အမေရိကန်ဒေါ်လာ ၁၉,၈၀၀ ၏ ၃၁ ရာခိုင်နှုန်းကို အိမ်ငှားရန် အသုံးပြုကြရသည်။

စင်္ကာပူတွင် ပျမ်းမျှအိမ်ငှားရမ်းခဈေးနှုန်းသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ
၆၃,၄၀၀ ရှိကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။

မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service