အခွန်ဘယ်လို ပေးဆောင်ကြမလဲ

အခွန်ဘယ်လို ပေးဆောင်ကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2017 12:15 pm တွင် တင်ခဲ့သည်
2804 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများ

မြေ ၊ အိမ်၊ တိုက်ခန်း၊ အဆောက်အအုံ အစရှိသည့် အခြေပစ္စည်းများ ဝယ် ယူခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်း/လက်ခံခြင်း ၊ တည်ဆောက်ခြင်း ၊ ပြုပြင်ြ ခင်းများအတွက် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ပေးဆောင်နိုင်ရန် ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ

၁။ ရန်ကုန်မြို့နှင့် မန္တလေးမြို့စည်ပင်သာယာနယ်နိမိတ် အတွင်းရှိမြို့နယ် များ အတွင်းရှိ အခြေပစ္စည်းဖြစ်ပါက တိုင်းဒေသကြီးကာလတန်ဖိုး စိစစ်သတ် မှတ်ရေးအဖွဲ့သို့လည်းကောင်း၊ ရန်ကုန်နှင့်မန္တလေးမြို့ စည်ပင်သာယာနယ် နိမိတ်ပြင်ပရှိ မြို့နယ်များနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များ အတွင်းရှိ အခြေပစ္စည်းဖြစ်ပါက မြို့နယ်ကာလ တန်ဖိုးစိစစ်ရေးအဖွဲ့(မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများ) ထံသို့လည်းကောင်း အောက်ပါ စာရွက်စာတမ်း အထောက်အထားများ တင်ပြ၍ ဝယ်ယူခြင်း၊ ရောင်းခြခြင်း၊ လွှဲပြောင်း/လက် ခံခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း ပြုလုပ်မည့် အခြေပစ္စည်းများအား ကာ လတန်ဖိုးသတ်မှတ်ချက် ရယူရမည် ဖြစ်ပါသည်။

(က) ရောင်းဝယ်ခြင်း ဖြစ်ပါက နှစ်ဦးသဘောတူ အရောင်းအဝယ်စာချုပ် (မူ ကြမ်း) မူရင်းနှင့် မိတ္တူ

(ခ) တည်ဆောင်ခြင်းဖြစ်ပါက မြို့တော်/မြို့နယ် စည်ပင်သာယာရေးကော် မတီ၏ ဆောင်လုပ်ခွင့်အမိန် မူရင်းနှင့်မိတ္တူ ၊ အဆောက်အအုံ ဆောက်လုပ် မည့် ပုံကြမ်းနှင့်ကုန်ကျစရိတ် အသေးစိတ်တွက်ချက်မှု မူရင်းနှင့် မိတ္တူ။

(ဂ) လွှဲပြောင်းပေးခြင်းဖြစ်ပါက ပေးကမ်းခြင်း စာချုပ်(မူကြမ်း) မူရင်း၊ မိတ္တူနှင့် အခြား အမွေစားအမွေခံများ ရှိပါက ၎င်းတို့၏ သဘောတူညီချက် ကျမ်းကျိန်လွှာမူရင်း၊ မိတ္တူ

(ဃ) လွှဲပြောင်း၊ ရောင်းချရန်ကိစ္စအတွက် တစ်နှစ်အတွင်း ထုတ်ယူထား သည့် မြေပိုင်ဆိုင်မူအထောက်အထား ပုံစံ ၁၀၅/၁၀၆ မူရင်းနှင့်မိတ္တူ၊ မြေ ငှားဂရန်ရှိပါက ဂရန်မူရင်းနှင့်မိတ္တူ

(င) ဝယ်ယူသူ၊ တည်ဆောက်သူ၊ လွှဲပြောင်းရယူမည့်သူ၏ အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားမူရင်းနှင့်မိတ္တူ၊ အခြေပစ္စည်း ၏ ရှေ့၊ နောက်၊ ဘေးဓာတ်ပုံ

(၂) ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ပေးသည့် တန်ဖိုးအေ ပါ် အခွန်ဆိုင်ရာ ရှင်းလင်းခြင်းနှင့် ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များ ထမ်းဆောင်နိုင်ရေးအတွက် အခြေပစ္စည်း တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာန မှူးရုံးနှင့် ဆက်သွယ်၍ အောက်ပါအတိုင်း ဆက်လက် ဆောင်ရွက်ရမည်။

(က) အခြေပစ္စည်း ဝယ်ယူခြင်း သို့မဟုတ် တည်ဆောက်ခြင်း ဖြစ်ပါက သတ် မှတ်ကာလတန်ဖိုးအပေါ် ဝင်ငွေရလမ်း အထောက်အထား အတိအကျ တင်ပြနိုင်ပါက ယင်းအထာက်အထားများ တင်ပြပြီး ဝင်ငွေ စိစစ်မှု ခံယူရန်၊ တင်ပြနိုင်ခြင်း မရှိပါက သတ်မှတ်အခွန်နှုန်းဖြင့် ကျသင့်အခွန်ကို ပေးသွင်းရန်၊

(ခ) ကျသင့်အခွန်နှုန်းမှာ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥ ပဒေအရ သက်သာခွင့်များ မနှုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ေ ငွအပေါ် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ရာ တွင် နိုင်ငံသား မည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ဝယ်ယူခြင်း၊ တည်ေ ဆာင်ခြင်း၊ ရယူခြင်းအတွက် တစ်ဦးလျင် တစ်ကြိမ်သာ ခံစားခွင့်ရှိပြီး၊ အသုံြး ပုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေအားနုတ်ပယ်ပြီး ကျန် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် အောက်ပါ အခွန်နှုန်း ထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပါသည် -

(ဂ) မေတ္တာဖြင့် ပေးကမ်းခြင်း ဖြစ်ပါက ပေးကမ်းသည့် အထောက်အထား များ တင်ပြ၍ မေတ္တာဖြင့်ပေးကမ်းခြင်းနှင့် အကျုံးဝင်ခြင်း ရှိ/မရှိ စိစစ်မှုခံယူ ရန်၊ မေတ္တာဖြင့် ပေးကမ်းခြင်းအတွက် ဝင်ငွေခွန် ပေးဆောင်ရန် မလိုပါ။

(ဃ) မေတ္တာဖြင့် ပေးကမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရ မည့်နှုန်းထားမှာ သတ်မှတ်တန်ဖိုးအပေါ်တွင် ၅ ရာခိုင်နှုန်း ထမ်းဆောင်ရ မည် ဖြစ်ပါသည်။

(င) ဝင်ငွေရလမ်း စိစစ်မှုခံယူခြင်း၊ ကျသင့်ဝင်ငွေခွန် ပေးသွင်းခြင်း အစရှိ သည့် အခွန်ဆိုင်ရာ စိစစ်မှု ခံယူပြီးဖြစ်ပါက ချုပ်ဆိုမည့် စာချုပ်စာတမ်း အမျိုး အစားအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်း တန်ဖိုးအတိုင်း တံဆိပ်ခေါင်း များ ဝယ်ယူ၍ စာချုပ်တွင် ကပ်နိုင်ခြင်းဖြင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရန်နှင့် တံဆိပ်ခေါင်းခွန် နှုန်းထားမှာ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။

၃။ ချုပ်ဆိုမည့် စာချုပ်စာတမ်းအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး ဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ပြီးသည့် စာချုပ်စာတမ်းနှင့်အတူ ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ (သို့မဟုတ်) မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (သို့မဟုတ်) မြို့နယ် အေ ထွထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝယ်ယူသူ (သို့မဟုတ်) လွှဲပြောင်းရယူသူ၏ အမည်ပေါက်၊ နာမည်ပြောင်းခြင်းကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါ သည်။

၎။ တည်ဆောက်ခြင်း ဖြစ်ပါက အခွန်ဆိုင်ရာ လိုက်နာဆောင်ရွက်ပြီးေ ကြာင်း အထောက်အထား ဖြင့် လူနေထိုင်ခွင့် ခွင့်ပြုမိန့် ရယူဆောင်ရွက်ရ မည် ဖြစ်ပါသည်။

Credit: Winning Land

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ အကြောင်း
အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ အကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်
အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service