လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ကွယ်လွန်ခဲ့သော ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ်ကို အငှား-တစ်လ ကန်ဒေါ်လာ ၆၅၀၀၀ ၊ အရောင်း-သန်း ၃၀ တို့ဖြင့် ဈေးကွက်တင်

လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ကွယ်လွန်ခဲ့သော ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ်ကို အငှား-တစ်လ ကန်ဒေါ်လာ ၆၅၀၀၀ ၊ အရောင်း-သန်း ၃၀ တို့ဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
18 Aug 2017 12:23 pm တွင် တင်ခဲ့သည်
1292 ကြိမ် ကြည့်ရှု့ပြီး
ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်နေ
အိမ်ကို အငှား-တစ်လ ကန်ဒေါ်လာ ၆၅၀၀၀ ၊ အရောင်း-သန်း ၃၀
တို့ဖြင့် ဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက်
အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဲလ်ဗစ်ပရက်စလေသည် အဆိုပါနေအိမ်တွင် ၁၉၆၇ ခုနှစ်မှ
၁၉၇၃ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။
ပြီးခဲ့သော သြဂုတ်လ ၁၆ ရက်တွင် အဲလ်ဗစ်ပရက်စလေ၏ ပရိသတ်ထောင်ပေါင်းများစွာသည် တင်နက်ဆီပြည်နယ်၊ မန်းဖစ်ရှိ ပရက်စလေ၏ နေအိမ်ဟောင်းတွင် စုဝေးခဲ့ကြပြီး
ပရက်စလေကွယ်လွန်ခြင်း အထိမ်းအမှတ် နှစ် ၄၀ ပြည့်အောက်မေ့ဖွယ် အခမ်းအနားကို စုဝေးကျင်းပခဲ့ကြသည်။

အဲလ်ဗစ်ပရက်စလေသည် ၁၉၇၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။နေအိမ်တည်နေရာမှာ ဘီဗာလီဟေးလ်အရပ် North Hillcrest လမ်းတွင်ဖြစ်ပြီး နေအိမ်မှာ တစ်ထပ်နေအိမ်ဖြစ်သည်။

ယင်းဒေသတွင် ပရက်စလေရှိစဉ်က သူ၏ခေတ်ပြိုင်အနုပညာရှင်များဖြစ်သော ဖရန့်ခ် စီနာထရာ၊ ဒင်းမာတင်နှင့် ရေးချားလ်စ်တို့လည်း နေထိုင်ခဲ့ကြကြောင်း နေအိမ်ကို ဈေးကွက်တင်သည့် The Agency ကုမ္ပဏီတည်ထောင်သူ မော်ရီစီယို ယူမန်စကီးက ပြောကြားသည်။

၁၉၅၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး ကြမ်းပြင်မှ မျက်နှာကျက်အထိမြင့်မားသည့် မှန်နံရံများပါဝင်ကာ ပြင်သစ်ရီဂျင်စီနှင့် ရာစုနှစ်လယ်မော်ဒန်ဗိသုကာလက်ရာတို့ ပေါင်းစပ်ဆောက်လုပ်ထားခြင်းဖြစ်သည်။

နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ဖူးသည်မှာ ၂၀၁၄ ခုနှစ်အတွင်းကဖြစ်ပြီး ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ရောင်းချသူမှာ Hard Rock ကဖေးတည်ထောင်သူ ပီတာမော်တန်ဖြစ်ပြီး ဝယ်လက်မှာ အီဂျစ်စီးပွားရေးလုပ်ငန်းရှင် ဟာမက် အယ်လ်-ချီယာတီဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

၂၀၁၄ ခုနှစ်အတွင်း အရောင်းဈေးကွက်တင်ခဲ့စဉ်က ဓာတ်ပုံများနှင့် လက်ရှိပုံသဏ္ဍာန်များကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ချီယာတီသည် ပိုင်ဆိုင်ခဲ့သည့် ၃ နှစ်တာကာလအတွင်း ပြုပြင်မွမ်းမံမှု ကြီးကြီးမားမားပြုလုပ်ခဲ့ခြင်းကို မတွေ့ရချေ။
ခြံဝန်းအကျယ်အဝန်းမှာ ၁ ဒသမ ၂ ဧကကျယ်ဝန်းပြီး နေအိမ်မှာ ၅၃၆၇ စတုရန်းပေ အကျယ်အဝန်းရှိသည်။နေအိမ်အတွင်း အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ကာ ခြံနောက်ဘက်တွင် ရေကန်တစ်ခု တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ကွယ်လွန်ခဲ့သော ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ်ကို အငှား-တစ်လ ကန်ဒေါ်လာ ၆၅၀၀၀ ၊ အရောင်း-သန်း ၃၀ တို့ဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ကွယ်လွန်ခဲ့သော ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ်ကို အငှား-တစ်လ ကန်ဒေါ်လာ ၆၅၀၀၀ ၊ အရောင်း-သန်း ၃၀ တို့ဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ကွယ်လွန်ခဲ့သော ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ်ကို အငှား-တစ်လ ကန်ဒေါ်လာ ၆၅၀၀၀ ၊ အရောင်း-သန်း ၃၀ တို့ဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ကွယ်လွန်ခဲ့သော ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနေထိုင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ်ကို အငှား-တစ်လ ကန်ဒေါ်လာ ၆၅၀၀၀ ၊ အရောင်း-သန်း ၃၀ တို့ဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်

အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...

အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service