၂၀၁၂ လယ်ယာမြေဥပဒေပြင်ဆင်ရေး တောင်သူများက လွှတ်တော်တွင် အချက်ငါးချက် တောင်းဆိုမည်ဟုဆ

၂၀၁၂ လယ်ယာမြေဥပဒေပြင်ဆင်ရေး တောင်သူများက လွှတ်တော်တွင် အချက်ငါးချက် တောင်းဆိုမည်ဟုဆ - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 9:52 am တွင် တင်ခဲ့သည်
576 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၂ လယ်ယာမြေ ဥပဒေ ပြင်ဆင်ရေး အချက်ငါး ချက်ကို တိုင်းနှင့်ပြည် နယ် ၁၄ ခုရှိ တောင်သူများက လွှတ်တော်သို့ တင်ပြတောင်းဆိုမည် ဖြစ်ေ ကြာင်း သတင်းရရှိသည်။

လယ်ယာမြေဥပဒေပြင်ဆင် ရေး ဆွေးနွေးပွဲကို သြဂုတ် ၈ နှင့် ၉ ရက်များ တွင် မန္တလေးမြို့ Hotel Mandalay ၌ ပြုလုပ်ခဲ့ရာ အချက်ငါးချက် တောင်း ဆိုရန် သဘောတူညီမှု ရရှိကြောင်း ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင့် လွင်က ပြောသည်။

လွှတ်တော်သို့ တင်ပြ တောင်းဆိုမည့် အချက်ငါးချက် တွင် ရွှေ့ပြောင်းေ တာင်ယာကိစ္စ များ၊ သိမ်းဆည်းခံလယ်ယာမြေ များ၌ တောင်သူများအပေါ် နစ်နာကြေးပေးချေရမည့် ကိစ္စများ၊ တောင်သူလယ်သမားဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ လယ် ယာမြေပေါ်တွင် ပြည်ပနိုင်ငံသား များ လာရောက် ရင်းနှီးမြှုပ်နှံရာ ၌ ပိုင်ဆိုင်ခွင့်မပေးရန် အချက် များ၊ မြေလွတ်မြေရိုင်း များ ဖော် ထုတ်ပြီး လယ်ယာမဲ့တောင်သူ များကို ပေးအပ်ရန် တောင်းဆို သည့် အချက်များဖြစ်ကြောင်း ဆွေးနွေးပွဲ ကျင်းပရေးကော်မတီမှ သိရသည်။

‘‘ရွှေ့ပြောင်းတောင်ယာ တွေမှာ နိုင်ငံတော်က ပံ့ပိုးတာ ဘာမှမရှိဘူး။ အဲဒီတိုင်းရင်းသား တွေကို နိုင်ငံတော်က ပံ့ပိုးမှုဘယ် လိုပေးမလဲ။ ကုမ္ပဏီ၊ စစ်တပ်၊ စက်ရုံတို့က သိမ်းဆည်းတဲ့ကိစ္စ တွေမှာ လိုအပ်တာထက် ပိုသိမ်း တယ်။ သိမ်းခံရတဲ့ လယ်သမား ကိုနစ်နာကြေးဘယ်လိုပေးမလဲ။ နောက်ပြီး ကိုယ်တိုင်ကြီးကြပ်ပြီး ကိုယ်တိုင်လုပ်စားနေသူသာလျှင် တောင်သူ လယ်သ မားလို့ ခေါ်တွင် စေချင်တယ်။ လယ်ယာမြေကို ငါးကန်တူးတယ်။ အဲဒီငါးမွေး တဲ့ သူက တောင်သူမဟုတ်ဘူး။ အဓိပ္ပာယ်သီးခြားဖွင့်ဆိုပေးစေ ချင်တယ်’’ ဟု ဦးတင့်လွင်က ပြောသည်။ ထို့အပြင် မြေလွတ်မြေရိုင်း ဧကများကို ကုမ္ပဏီများက လျှောက်ယူရာတွင် အကျယ်အ ဝန်းများစွာ ခွင့်ပြုမှုကို တောင် သူ များအနေဖြင့် ကန့်ကွက်ကြောင်း နှင့် လာရောက်ရင်းနှီးမြှုပ်နှံသော ပြည် ပနိုင်ငံသားများကို လယ်မြေ ပိုင်ဆိုင်ခွင့်မပေးဘဲ အငှားသာခွင့် ပြုပေးရန် တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ် တော် အလုပ်သမားရေးရာ ကော် မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌတို့ တက်ရောက် ခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service