အာရှဒေသတွင်း Startup လုပ်ငန်းတစ်ခု စတင်ဖို့ အကောင်းဆုံးမြို့ အဖြစ် ဘန်ကောက်မြို့ သတ်မှတ်ခံရ

အာရှဒေသတွင်း Startup လုပ်ငန်းတစ်ခု စတင်ဖို့ အကောင်းဆုံးမြို့ အဖြစ် ဘန်ကောက်မြို့ သတ်မှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
13 Jul 2017 10:38 am တွင် တင်ခဲ့သည်
923 ကြိမ် ကြည့်ရှု့ပြီး
အာရှဒေသတွင်းမှာ Startup (ကနဦးအစပျိုးလုပ်ငန်း) တစ်ခု စတင်
ထူထောင်ဖို့ အကောင်းဆုံးမြို့က ထိုင်းရဲ့ မြို့တော် ဘန်ကောက်ဖြစ်
တယ်ဆိုပြီး ဗြိတိန်အခြေစိုက် PeoplePerHour က လုပ်ဆောင်ခဲ့တဲ့
စစ်တမ်းတစ်ရပ်အရ ဖော်ပြထားပါတယ်။

ဘန်ကောက်မြို့ကတော့ startup လုပ်ငန်းအစပျိုးဖို့အတွက် အာရှ
ဒေသမှာ နံပါတ်တစ် အကောင်းဆုံးနဲ့ ကမ္ဘာမှာ နံပါတ် ခုနစ် နေရာ
တို့မှာရပ်တည်နေတယ်ဆိုပြီး PeoplePerHour ရဲ့ စစ်တမ်းမှာ
ဖော်ပြထားပါတယ်။ PeoplePerHour ကုမ္ပဏီကတော့ စီးပွားရေး
လုပ်ငန်းသစ်တစ်ခု စလုပ်ရာမှာ တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေအပြင်
လူမှုနေထိုင်မှု စရိတ်၊ ငှားရမ်းမှု၊ လစဉ် လစာနှုန်းထား စတာတွေကို
တွက်ချက်ထုတ်ပြန်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ရဲ့ တည်နေရာ၊ များပြားတဲ့ လူဦးရေ၊ ၀င်ငွေအလယ်
အလတ်တန်းစား လူဦးရေ များပြားမှု တို့ကြောင့် အခြားသော startup
တွေအနေနဲ့ကတော့ ယင်းမြို့ကို အာဆီယံဒေသဆီ ဆက်ဆံပေါင်း
ကူးနိုင်မယ့် အဓိကအချက်အချာအဖြစ်ပါ ရှုမြင်ထားလျက်ရှိတယ်လို့ PeoplePerHour က ဆိုပါတယ်။

ယင်းရဲ့ စစ်တမ်းအရတော့ ကနေဒါနိုင်ငံရဲ့ Vancouver မြို့ကတော့
startup တွေ လုပ်ငန်းစတင်ဖို့အကောင်းဆုံး ကမ္ဘာ့နံပါတ်တစ်မြို့ဖြစ်
တယ်လို့ သိရပြီး ယင်းရဲ့ နောက်မှာတော့ Berlin နဲ့ Manchester တို့
ရပ်တည်နေလျက်ရှိပါတယ်။ အာရှဒေသမှာတော့ Bangalore က
နံပါတ်နှစ်၊ Kuala Lumpur က နံပါတ်သုံးနဲ့ စင်ကာပူက နံပါတ်
လေးနေရာတွေမှာ ရပ်တည်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းရဲ့ဘန်ကောက်မြို့ကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစိုးရဘက်
က Startup လုပ်ငန်းတွေနဲ့ပတ်သက်လို့ ပိုမိုထောက်ပံ့အားပေးလာခဲ့
မှုနဲ့အတူ ပုဂ္ဂလိကကဏ္ဍပိုင်းမှာပါ တိုးမြင့်ပူးပေါင်းဆောင်ရွက်ထားမှု
တွေရှိနေခဲ့လို့ ယခုလို ရလဒ်ကောင်းတွေ ရရှိနေတာဖြစ်တယ်လို့လည်း
ထိုင်းရဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး Atchaka Sibunruang က ပြော
ပါတယ်။

ယခုနှစ်အထိ ထိုင်းနိုင်ငံမှာ အဆိုပြုထားတဲ့ startup လုပ်ငန်း ၈,၀၀၀
အနက် ၁,၅၀၀ လောက် လုပ်ငန်းတွေ စတင်လုပ်ဆောင်ထားခဲ့ပြီး
အလုပ်အကိုင်ပေါင်း ၇,၅၀၀ ကို ဖန်တီးပေးထားနိုင်ခဲ့ကြောင်းလည်း
သိရပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service