တရုတ်ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မြင့်တက်မည်

တရုတ်ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မြင့်တက်မည် - Property News in Myanmar from iMyanmarHouse.com
23 Jun 2017 11:13 am တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံတွင် ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည်
၂၀၁၆ ခုနှစ်မှ ၄၅ ရာခိုင်​နှုန်း ခုန်တက်၍ ၂၀၂၀ ပြည့်နှစ်တွင်
၂၆၀ ဘီလျံယွမ် (အမေရိကန်ဒေါ်လာ ၃၈ ဘီလျံ) ရှိလာမည်ဟု ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ CBRE က ယခုနောက်ဆုံးထုတ်ပြန်လိုက်သော "၂၀၂၀ ဆီသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ" အစီရင်ခံစာတွင်
ခန့်မှန်းခဲ့သည်။

၎င်း ၂၀၂၀ ကုန်သွယ်ရေးအိမ်ခြံမြေအရောင်းအဝယ်ပမာဏ၏ ၆၀ ရာခိုင်​နှုန်းသည် ဝင်ပေါက်မြို့ကြီးများ ဖြစ်သော ပေကျင်းနှင့် ရှန်ဟိုင်းတို့၌ ဖြစ်ပွားမည်ဖြစ်သည်ဟုလည်း CBRE က ခန့်မှန်းခဲ့သည်။ ကျန် ၄၀ ရာခိုင်​နှုန်းတွင် ၃၆ ရာခိုင်​နှုန်းက အလားအလာမြင့်မားသော မြို့ကြီးများဖြစ်သည့် ကွမ်ကျိုး၊ ရှန်းကျန်း၊ ချိန်သူ၊ ချုံ ချင်း၊ ထျန်ကျင်းနှင့် ဝူဟန်တို့တွင် ဖြစ်ပွားမည် ဖြစ်ကြောင်း သိရသည်။

အခြေခံအဆောက်အအုံ၊ မြို့ပြပုံစံသွင်းခြင်း၊ ၂၀၂၅ မဟာဗျူဟာ၊ သုံးစွဲမှုအဆင့်မြှင့်ခြင်းနှင့် Belt and Road အစီအစဉ်​ စသည်တို့က ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာကို ပုံဖော်ကြမည်ဟု ခန့်မှန်းကြသဖြင့် ဖြစ်သည်။

တရုတ်နိုင်ငံတွင် ယခု ၂၀၁၇ ခုနှစ်၏ ပထမသုံးလပတ် (၂၀၁၇ ဇန်​န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွင်း နိုင်ငံသားတို့၏ ပြည်တွင်းအိမ်ခြံမြေအရောင်းအဝယ်ပမာဏ ကျဆင်းခဲ့သော်လည်း တစ်နှစ်တာ အိမ်ခြံမြေရင်းနှီမြှုပ်နှံမှုအလားအလာမှာမူ တိုးတက်မှုရှိမည်ဟု ခန့်မှန်းရကြောင်း နိုင်​ငံတကာအိမ်ခြံမြေကုမ္ပဏီ Colliers International ကလည်း မေ ၂၃ တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

နိုင်​ငံတကာ ကုန်သွယ်ရေးနှင့် နိုင်ငံရေးရာ ပူပန်စရာများ လျော့ပါးလာပြီး တရုတ်စီးပွားရေး ဆက်လက်ဖွံ့ဖြိုးကျယ်ပြန့်လာသဖြင့် အိမ်ခြံမြေရင်းနှီမြှုပ်နှံမှုသည် ၂၀၁၇ ၏ ကျန်ကာလများတွင် ယမန်နှစ်စံချိန်သို့ နီးကပ်သည်အထိ ပြန်လည်ဦးမော့လာနိုင်ကြောင်းလည်း Colliers ၏ အာရှဒေသဆိုင်ရာ တာဝန်ခံဒါရိုက်တာ အင်ဒရူးဟက်စ်ကင်က ထိုအစီရင်ခံစာတွင် ပါရှိသော ခန့်မှန်းချက်တစ်ရပ်အား ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်

အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...

အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...

ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...

ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

mya-nandar
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service