အဆောက်အအုံဆိုင်ရာ အခွန်အခများ ပြင်ဆင်ကောက်ခံမည်

အဆောက်အအုံဆိုင်ရာ အခွန်အခများ ပြင်ဆင်ကောက်ခံမည် - Property News in Myanmar from iMyanmarHouse.com
5 Jun 2017 11:48 am တွင် တင်ခဲ့သည်
1978 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လက်ရှိ ကောက်ခံလျက် ရှိသည့် အင်ဂျင်နီယာဌာန၊ အဆောက်အအုံဆိုင်ရာ အခွန်အခများကို ယခု လမှ စတင်ကာ ပြင်ဆင် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

“အဆောက်အအုံ ဆောက်လုပ်ခွင့်ရဲ့ ပုံစံစစ်ဆေးခနဲ့ ကြိုတင်ဆောက် ဒဏ်ကြေးငွေနှုန်းထားတွေကို ဇွန်လကစပြီး ပြင်ဆင်ကောက်ခံသွားမှာပါ။ အဆောက်အအုံဆိုင်ရာ အခွန်အခတွေက အရင်ကထက် ထက်ဝက်နီး ပါးေ လာက် မြင့်လာပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

ပုံစံစစ်ဆေးခအနေနှင့် တိုက်အိမ်များအနေနှင့် မိသားစုနေအိမ် တစ်စတု ရန်း ပေလျှင် ၅၀ ကျပ်၊ စီးပွားရေးသုံး အဆောက်အအုံ(ကန်ထရိုက်တိုက်) တစ်စတုရန်း ပေလျှင် ၇၅ ကျပ်၊ အုတ်ညှပ်တိုက် တစ် စတုရန်းပေလျှင် ၃၀ ကျပ်၊ ပျဉ်ထောင် တစ်စတုရန်းပေလျှင် ၂၀ ကျပ်၊ ခြံစည်းရိုး အလျားတစ်ပေ လျှင် ၁၀ဝ ကျပ်နှင့် အကြီးစား ပြင်ဆင်ခွင့် တစ်စတုရန်း ပေလျှင် ၅၀ကျပ် ပြင် ဆင် ကောက်ခံမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

ကြိုတင်ဆောက်ဒဏ်ကြေးအဖြစ် မိသားစုနေအိမ် တစ်စတုရန်းပေလျှင် ၅၀ဝ ကျပ်၊ စီးပွားရေးသုံး အဆောက်အအုံ (ကန်ထရိုက်တိုက်) တစ်စတုရန်းပေ လျှင် ၂၅၀ဝ ကျပ်၊ ခြံစည်းရိုး အလျား တစ်ပေလျှင် ၃၆၀ ကျပ်နှင့် ကျော်
လွန်ဆောက်သည့် ဒဏ်ကြေး တစ်စတုရန်းပေလျှင် ၁၅၀ဝ၀ ကျပ် ပြင်ဆင်ေ ကာက်ခံမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရ သည်။

“အဆောက်အအုံ ဆောက်လုပ်ခွင့် ပုံစံစစ်ဆေးခတွေ ပိုများလေ လုပ်ပိုင်ခွင့် ရှိတဲ့သူက အဲဒီငွေပမာဏတွေအပေါ် ပိုတောင်းတာတွေ ရှိလာနိုင်တယ်။ စစ်ဆေးခတွေ လျှော့မှ ပြည်သူတွေ အဆင်ပြေမယ်။ စည်ပင်အနေနဲ့ ပြည် သူ့ လိုအပ်ချက်ကို ကြည့်ပြီး ဖြည့်ဆည်းပေးဖို့ လိုပါတယ်”ဟု ဝေယံထွန်း လင်း ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်ငန်းရှင် ဦးထွန်းထွန်းလင်းက ဆိုသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် အာမခံကြေး အဖြစ် သုံးထပ်ခွဲနှင့်အထက် အဆောက်အအုံ တစ်လုံးကို ကျပ်သိန်း ၅၀၊ သုံးထပ် တိုက်အဆောက်အအုံတစ်လုံးကို ကျပ်သိန်း ၃၀ ပြောင်းလဲကောက် ခံမည် ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service