စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီက နယူးယောက်တိုင်းမ်စကွဲရှိ ဟီလ်တန်ဟိုတယ်ကို ဒေါ်လာသန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူ

စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီက နယူးယောက်တိုင်းမ်စကွဲရှိ ဟီလ်တန်ဟိုတယ်ကို ဒေါ်လာသန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
5 Jun 2017 11:35 am တွင် တင်ခဲ့သည်
765 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် အိမ်ခြံမြေကုမ္ပဏီဖြစ်သော
Ascott REIT သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ တိုင်းမ်စကွဲရ်တွင်ရှိသော DoubleTree
ဟီလ်တန်ဟိုတယ်ကို ကန်ဒေါ်လာသန်း
၁၀၆ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Ascott REIT သည် အာရှ၏ အကြီးမားဆုံးအိမ်ခြံမြေကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော CapitaLand Limited ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး CapitaLand Limited သည်လည်း စင်္ကာအခြေစိုက်ကုမ္ပဏီပင် ဖြစ်သည်။
Ascott REIT ၏ ယခုဝယ်ယူမှုသည် နှစ်နှစ်တာကာလအတွင်း နယူးယောက်တွင် တတိယမြောက်ဟိုတယ်ဝယ်ယူမှုလည်း ဖြစ်သည်။

DoubleTree ဟီလ်တန်ဟိုတယ်တွင်အခန်းပေါင်း ၂၂၄ ခန်း ပါဝင်ပြီးရောင်းချသူမှာ ရိုဒီအိုင်းလန်းအခြေစိုက် ဟိုတယ်ရင်းနှီးမြှုပ်နှံရေးနှင့် စီမံခန့်ခွဲရေးကုမ္ပဏီ Magna Hospitality Group မှ ဖြစ်သည်။
တိုင်းမ်စကွဲရ် ဟိုတယ်သည် နယူးယောက်တွင် ကန်ဒေါ်လာ ၃၀ ဘီလီယံအကုန်အကျခံအကောင်အထည်ဖော်လျက်ရှိသော Hudson Yards စီမံကိန်းအနီးတွင် တည်ရှိခြင်းကြောင့် အကျိုးဖြစ်ထွန်းနိုင်သည်ဟု Ascott REIT ၏ မန်နေဂျာက သုံးသပ်ခဲ့သည်။

ယခုအရောင်းအဝယ်ဖြစ်ခဲ့သော ဈေးအရ တစ်ခန်းလျှင်
ကန်ဒေါ်လာ ၄၇၃၂၁၄ ခန့် ကျသင့်သည်ကို တွေ့ရသည်။
Magna Hospitality Group သည် ၂၅ ထပ်မြင့်မားသော ဟီလ်တန်ဟိုတယ်ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက
ကန်ဒေါ်လာ ၉၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်း မြတ်စွန်းခဲ့သည်။

Ascott REIT သည် လက်ရှိတွင် အမေရိက၊ အာရှ-ပစိဖိတ်နှင့် ဥရောပတို့ရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံ၏ မြို့ပေါင်း ၃၈ မြို့တွင် ဟိုတယ်ပေါင်း ၉၀ လုံး ပိုင်ဆိုင်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီက နယူးယောက်တိုင်းမ်စကွဲရှိ ဟီလ်တန်ဟိုတယ်ကို ဒေါ်လာသန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service