ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများ ယခုနှစ်အတွင်း စတင်တည်ဆောက်မည်

ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများ ယခုနှစ်အတွင်း စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1 Jun 2017 9:15 am တွင် တင်ခဲ့သည်
1412 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများကို အစိုးရ ဦးစီးမှုဖြင့် ပြည်နယ်နှင့် တိုင်း အများစုတွင် ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော် တည်ဆောက် သွားမည်ဟု ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

''ပြည်သူ့အိမ်ရာလို့ အမည်ပေးထားတဲ့ တန်းဖိုးသင့်အိမ်ရာတွေကို ယခုနှစ်အ တွင်း စတင်ဆောက်လုပ်ပေးဖို့ အစိုးရနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ စတင် ဆောင်ရွက်နေပါပြီ။ အိမ်ရာတွေကို အစိုးရက ဦးစီး အကောင်အထည် ဖော်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ေ ရးလုပ်ငန်းရှင်များအသင်းက လုပ်ငန်းရှင်တွေက တည်ဆောက်ပေးသွား မှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

ပြည်သူ့အိမ်ရာများ တည်ဆောက်ရန် လာမည့်နှစ်တွင် ပင်စင်ယူမည့် အစိုးရ ဝန်ထမ်းများ အရေအတွက်နှင့် ဝယ်ယူလိုရာ မြို့နယ်များကို စာရင်းကောက် ယူနေပြီး ယခုအချိန်တွင် စာရင်းကောက်ယူမှုများ တစ်ဝက်ပြီးစီးနေပြီဖြစ်ေ ကြာင်း ၄င်းက ပြောသည်။

''ပြည်သူ့အိမ်ရာတွေအတွက် ပထမအဆင့်အနေနဲ့ ပင်စင်ယူတော့မယ့် ဝန် ထမ်းတွေကို လက်ရှိအချိန်မှာ စာရင်းကောက်ယူနေပါတယ်။ သူတို့ ဘယ်နေ ရာမှာ အိမ်ဝယ်ချင်လဲ ဆိုတာကို အစိုးရက အဓိကထား စာရင်းကောက်နေပြီး ရလာတဲ့ ရလဒ်တွေကို ပြည်ထောင်စု အစိုးရက တိုင်းဒေသကြီးအစိုးရနဲ့ ပြန် ညှိပါတယ်။ အခုအချိန်မှာတော့ စာရင်းကောက်နေတာ တစ်ဝက်လောက်ေ တာင် ပြီးနေပါပြီ''ဟု ဦးကျော်ကျော်စိုးက ပြောသည်။

စာရင်းကောက်ယူမှုများအရ ဖြေဆိုသူများ ဝယ်ယူလိုသော မြို့နယ်များ တွင် ပြည်သူ့အိမ်ရာများကို တည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေ သကြီးအစိုးရ ရေးဆွဲထားသော မြို့မြေအသုံးချမှု ဇုန်(Town Plan) နှင့် ကိုက် ညီသော မြို့နယ်များတွင် အိမ်ရာများကို ဦးစားပေး တည်ဆောက်သွားမည်ြ ဖစ်ကြောင်း ၄င်းက ပြောသည်။

ပြည်သူ့အိမ်ရာများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆောက်လုပ်မည် ဖြစ်သော်လည်း ထိုအိမ်ရာများ တည်ဆောက်ခြင်းကို ဆောက် လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်မည်ဖြစ်ပြီး အိမ်ရာရောင်းချရေးများကိုလည်း အစိုးရကပင် တာဝန်ယူဆောင်ရွက် မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ပြည်သူ့အိမ်ရာတွေ တည်ဆောက်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးစီး
အကောင်အထည်ဖော်မှာပါ။ အိမ်ရာတွေ ရောင်းချဖို့ကိုလည်း အစိုးရကပဲ တာဝန်ယူပေးမှာပါ။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ကန်ထရိုက်လုပ်ငန်းရှင်တွေက ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ တာဝန်ယူမှာ ပါ'' ဟု ဦးကျော်ကျော်စိုးက ပြောသည်။

အဆိုပါပြည်သူ့အိမ်ရာများကို အစိုးရ၏ ဘတ်ဂျက်ငွေကို မသုံးမပြုဘဲ တည်ေ ဆာက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ရှင်များနှင့် အိမ်ရာ ဝယ်ယူမည့်သူများသည် ဘဏ်များက ချေးငွေကိုသာ အ သုံးပြုရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ဒီ ပြည်သူ့အိမ်ရာတွေကို အစိုးရရဲ့ ဘတ်ဂျက်နဲ့ တည်ဆောက်မှာ မဟုတ်ပါ ဘူး။ မြန်မာ့စီးပွားရေးဘဏ်က အဓိက ငွေချေးပေးမှာ ဖြစ်ပါတယ်။ အစိုးရ ရဲ့ နိုင်ငံတကာ စီးပွားရေးထောက်ပံ့ငွေလည်း ပါမှာပါ။ အဲဒီ နိုင်ငံတကာေ ချးငွေကတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကို ချေးပေး မှာဖြစ်ပြီး အဲဒီကနေတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ရာ ဝယ်ယူလိုသူတွေကို ပြန်ချေးပေးမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ထိုပြည်သူ့အိမ်ရာများကို အများဆုံး ခြောက်ထပ်အထိ တည်ဆောက်သွား မည်ဖြစ်ကာ အိမ်ရာများမှာ တစ်ခန်းလျှင် စတုရန်းပေ ၄၅ဝ မှ ၆ဝဝ အထိ ကျယ်ဝန်းမည်ဖြစ်ပြီး တန်ဖိုးမှာလည်း တစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ မှ သိန်း ၂ဝဝ ကြားအတွင်း ရှိမည်ဖြစ်ကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။

''ပြည်သူ့အိမ်ရာတွေက တည်နေရာ၊ အကျယ်အဝန်းနဲ့ မြေတွေပေါ် မူတည်ပြီး
ဈေးနှုန်းတွေ ကွာခြားသွားမှာ ဖြစ်ပါတယ်။ တချို့မြို့နယ်တွေမှာ အစိုးရ က မြေပေးတယ်ဆိုရင် အိမ်ဈေး နည်းနည်းသက်သာမှာဖြစ်ပြီးတော့ မြေကို ပါ ဆောက်လုပ်ရေး လုပ်ငန်းရှင်က ဝယ်ယူရမယ်ဆိုရင် တိုက်ခန်းဈေးပါ နည်းနည်း ထပ်မြင့်တက်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် ထိုအိမ်ရာများ ရောင်းချရန် လက်ငင်း ငွေချေရမည့် ငွေပမာဏ၊ အရစ် ကျ ငွေပေးသွင်းနိုင်သော နှစ်ကာလနှင့် အတိုးနှုန်းများကို ဆွေးနွေးနေ ဆဲ ဖြစ်ပြီး လက်ရှိဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းထက် လျော့နည်းစေရန်ေ ဆွးနွေး ညှိနှိုင်းနေကြောင်း ဦးကျော်ကျော်စိုးက ပြောသည်။

''လက်ရှိအချိန်ထိ အိမ်ဝယ်ယူမယ့်သူတွေအနေနဲ့ down Payment ဘယ်ေ လာက်ပေးရမလဲဆိုတာကို ညှိနှိုင်းနေဆဲပါပဲ။ ၁၅ ရာခိုင်နှုန်းဖြစ်မလား
၊ ၂ဝ ရာခိုင်နှုန်း ဖြစ်မလားတော့ သေချာ မသိသေးဘူး။ နိုင်ငံတကာ ချေးေ ငွပေါ် မူတည်ပြီးတော့ အိမ်ဝယ်သူတွေကို ချေးပေးမယ့် အရစ်ကျကာ လက လည်း ၁ဝ နှစ်နဲ့ ၁၅ နှစ် ဘာဖြစ်မလဲ ဆွေးနွေးနေဆဲပါပဲ။ အတိုးနှုန်းက လည်း လက်ရှိဘဏ်တိုး ၁၃ ရာခိုင်နှုန်းက နှစ်ရှည် အိမ်ရာဝယ်မယ့် သူတွေ အတွက်ဆို များလို့ အဲဒီထက် လျှော့ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင် ရွက်နေကြပါတယ်။ အတိုးနှုန်းကိုလျှော့ချပြီး နှစ်ရှည်စနစ်နဲ့ ငွေချေးနိုင်မယ်ဆို ရင် တစ်လတစ်လ သွင်းရတဲ့ ငွေပမာဏက လျော့သွားမှာပါ''ဟု ၄င်းက ပြော သည်။

ယခုနှစ်အတွင်း စတင်ဆောက်လုပ်မည့် အဆိုပါ ပြည်သူ့အိမ်ရာများကို
တည်ဆောက်မည့် မြို့နယ်နှင့် မြေအမျိုးအစားအပေါ်မူတည်ကာ Precast
စနစ်၊ Steel Structure စနစ်နှင့် RC စနစ်များဖြင့် ဆောက်လုပ်သွားမည်
ဖြစ်ကြောင်း ၄င်းက ပြောသည်။

ပြည်သူ့အိမ်ရာများကို ရန်ကုန်မြို့တော်တွင်သာမက မန္တလေး၊ နေပြည်ေ တ်ာနှင့် အခြားပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့တော်များတွင်လည်းေ ဆာက်လုပ်ရန် လျာထားပြီး လက်ရှိအချိန်တွင် အစိုးရရုံးစိုက်ရာ နေပြည်တော် တွင် စတင်ဆောက် လုပ်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးကျော်ကျော်စိုး က ပြောသည်။

''လူဦးရေ ထူထပ်နေပြီး အိမ်ရာလိုအပ်ချက် များနေတဲ့ မြို့တော်တွေမှာတော့
ပြည်သူ့အိမ်ရာတွေကို အဓိကထား တည်ဆောက်သွားမှာဖြစ်ပါတယ်။ လက်ရှိ
နေပြည်တော်မှာ ပြည်သူ့အိမ်ရာတည်ဆောက်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းေ တွပါ စတင်ဆောင်ရွက်နေပါပြီ။ တခြားပြည်နယ်နဲ့ တိုင်းတွေရဲ့ မြို့တော်တွေ မှာလည်း ပြည်သူ့အိမ်ရာတွေ တည်ဆောက်သွားမှာပါ။ ဥပမာ ကရင်ပြည် နယ် ဆိုရင် လွိုင်ကော်မြို့၊ ကယားပြည်နယ်ဆို ဘားအံမြို့ စတဲ့ နေထိုင်မှု များပြားပြီး အိမ်ရာလိုအပ်ချက်ရှိမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက မြို့နယ်တွေမှာလည်း ဆောက်လုပ်သွားမှာပါ''ဟု ၄င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက အဆောင်ေ နထိုင်သူ များပြားသော ရန်ကုန်နှင့် မန္တလေးမြို့တွင် အငှားချအိမ်ရာများ ယ ခုနှစ်အတွင်း စတင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး တစ်ခန်းလျှင် တစ်လ ကျပ်သုံးသောင်းဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်စိုး က ပြောသည်။

''လက်ရှိ အဆောင်နေနေရတဲ့ သူတွေအတွက် အဆင်ပြေပြေ နေထိုင်နို င်စေဖို့ အဆောင်နေသူ များပြားတဲ့ မြို့နယ်တွေမှာ အငှားအိမ်ရာတွေကို လည်း အမြန်ဆုံးဆောက်လုပ်ပေးသွားဖို့ အစိုးရနဲ့ လုပ်ငန်းရှင်တွေ ညှိနှိုင်းနေ ပါတယ်။ အဆောင်နေသူ များပြားတဲ့ မြို့နယ်တွေကို ဦးစားပေးပြီး အငှား အိမ်ရာတွေကိုလည်း ဒီနှစ်အတွင်းမှာ စတင် ဆောက်လုပ်သွားမှာဖြစ်ပါ တယ်''ဟု ၄င်းက ပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service