Visa က ဧရာဝတီဘဏ်နှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ်ထုတ်

Visa က ဧရာဝတီဘဏ်နှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ်ထုတ် - Property News in Myanmar from iMyanmarHouse.com
31 May 2017 9:43 am တွင် တင်ခဲ့သည်
1381 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတကာ ငွေပေးချေကတ် ကုမ္ပဏီ Visa က ပြည်တွင်းမှ ဧရာဝတီဘဏ်နှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ် (Credit Card) ကို စတင် ထုတ်လုပ်လိုက်ကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

လစဉ်ဝင်ငွေ ကျပ်တစ်သိန်းခွဲရှိရုံဖြင့် ပြည်တွင်း၊ ပြည်ပနှင့် အွန်လိုင်းဖြင့် ဈေးဝယ်ရာတွင် အသုံးပြုနိုင်သည့် AYA Visa အကြွေးဝယ်ကတ်များကို လျှောက်ထားနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

အဆိုပါ အကြွေးဝယ်ကတ်ဖြင့် ပြည်ပရှိ ဆိုင်ပေါင်းသန်း ၄၀ ကျော်တွင် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း၊ မြန်မာကျပ်ငွေစာရင်းဖြင့်ပင် ပြည်တွင်း၊
ပြည်ပ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

“အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်း လစာငွေရဲ့ သုံးဆအထိ ချေးယူနိုင်ပါ
တယ်။ ချေးငွေကို ရက် ၅၀ အတွင်း ပြန်ဆပ်ရမှာပါ။ ရက်ကျော်သွားပြီ
ဆိုရင် အတိုးနှုန်း ၁ ရာခိုင်နှုန်းပေးရမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီဘဏ်
၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသူရမောင်က ပြောကြားသည်။

ယခင်က ပြည်ပကတ်ကုမ္ပဏီဖြစ်သည့် JCB နှင့် ပူးပေါင်း၍ ပြည်တွင်း၊ ပြည်ပသုံးငွေပေးချေကတ်၊ အကြွေးဝယ်ကတ်များ ထုတ်ခဲ့ကြောင်း၊ ယခုကတ်တွင်မူ ဘဏ်စာရင်းတွင် ငွေမရှိသော်လည်း ချေးငွေ လျှောက်ထားနိုင်သည့်ကတ် ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ
သိရသည်။

လစဉ်အကြွေးဝယ်ခွင့်ကတ်များနှင့် သုံးထားသည့်ငွေများကို ပြန်လည် ပေးချေနိုင်စေရန် လက်ရှိဘဏ်များမှ တိုက်ရိုက် ငွေပေးချေနိုင်မည့်
စနစ်ကို စီမံပေးထားကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ယခုဧရာဝတီနှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ်ထုတ်သော Visa ကတ်ကုမ္ပဏီသည် ပြည်တွင်းဘဏ်နှစ်ခုနှင့် ချိတ်ဆက်၍လည်း အကြွေးဝယ်ကတ်များ ထုတ်ထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service