ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အပေါင်ထား၍ ငွေချေးပေးနိုင်ရန် IFC နှင့် ပူးပေါင်းဆောင်ရွက်နေ

ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အပေါင်ထား၍ ငွေချေးပေးနိုင်ရန် IFC နှင့် ပူးပေါင်းဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
10 May 2017 11:49 am တွင် တင်ခဲ့သည်
2318 ကြိမ် ကြည့်ရှု့ပြီး
ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အပေါင်ထား၍
ငွေထုတ်ချေးပေးနိုင်မည့် စနစ်ကို IFC (International Finance Corporation) နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောကြားသည်။

ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် ချေးငွေများ ထုတ်ချေးရာတွင်
လက်ရှိအချိန်၌ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် အိမ်ခြံမြေ အစရှိသည့် ပစ္စည်းများဖြင့်သာ ချေးငွေထုတ်ချေး ပေးနေပြီး ရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် စိန်၊ ရွှေ ရတနာ၊ မော်တော်ကား
စသည့်ပစ္စည်းများကို အာမခံထားကာ ငွေထုတ်ချေးပေးမှု နည်းပါးနေသည်ဟု သိရသည်။

ပြည်တွင်းဘဏ်များမှ ချေးငွေများ ထုတ်ချေးရာတွင် အသေးစား
အလတ်စား လုပ်ငန်းများအတွက် လက်ရှိအချိန်၌ ချေးငွေသတင်း အချက်အလက်ဌာန တည်ထောင်နိုင်ရန် လိုအပ်သည့် ညွှန်ကြားမှု စည်းမျဉ်းများ ထုတ်ပြန်ပေးထားပြီး အဆိုပါ ချေးငွေသတင်း အချက်အလက် ဌာနများသည် လာမည့် နှစ်နှစ်ခန့်အတွင်း ပေါ်ထွက်လာမည် ဖြစ်သည်ဟု ဒေါက်တာဆက်အောင်က ပြောကြားသည်။

ပုဂ္ဂလိက ဘဏ်များတွင် လက်ရှိအချိန်၌ ချေးငွေရယူလိုသူများ အနေဖြင့် စက်မှုလက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း စသည့်လုပ်ငန်းများအတွက် ချေးငွေ ထုတ်ချေးပေးနေသည်။

ထိုသို့ ချေးငွေရယူရန် အထွေထွေသက်တမ်းရှိ လုပ်ငန်းလိုင်စင်များ (လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ သက်ဆိုင်ရာ ဌာနမှ ထုတ်ပေးသည့်လိုင်စင်၊ စက်မှုလုပ်ငန်း ဖြစ်ပါက ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် တင်ပြရမည်)၊ ဘဏ္ဍာရေး ရှင်းတမ်းများ၊ (အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ် အပါအ၀င် သုံးနှစ်စာ တင်ပြရပါမည်။)
ကျပ်သိန်း ၁၀၀ နှင့်အထက် ချေးငွေလျှောက်ထားလျှင် IFC မှ တံဆိပ်တုံးရိုက်နှိပ် လက်မှတ်ရေးထိုး အတည်ပြုပေးရန်နှင့် အခွန်ပြေစာများ (အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ် အပါအ၀င် သုံးနှစ်စာ တင်ပြရန်) နှင့် လုပ်ငန်းဓာတ်ပုံများ (လုပ်ငန်းလည်ပတ် လုပ်ကိုင်နေပုံများ၊ ကုန်တင်ကုန်ချ ထုပ်ပိုးနေပုံများ၊ ကုန်ချောဓာတ်ပုံများ) ကို တင်ပြနေရကြောင်း သိရသည်။

ထိုသို့ ချေးငွေများ ထုတ်ချေးရာတွင်လည်း ရာဖြတ်များမှ ပုံမှန်တန်ဖိုး၏ ရာခိုင်နှုန်း ၈၀ ခန့်ကို အတင်းအကျပ် ရောင်းဈေး (Force Sale Value) အဖြစ် တန်ဖိုးဖြတ်ကာ ဘဏ်များက Force Sale Value ၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်ချေးလေ့ရှိပြီး အခြားအချက်အလက်များ ဖြစ်သော လုပ်ငန်းကောင်းမွန်မှု၊ နာမည်သတင်း ကောင်းမွန်မှု၊ အခြားဘဏ်များတွင် ချေးငွေပြဿနာ မရှိခဲ့မှု၊ အတိုးမှန်မှန် ပေးခဲ့မှု စသည့်အချက်များ အပေါ်တွင်လည်း အခြေခံ စဉ်းစားကာ ချေးငွေထုတ်ပေးနေကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service