ကမ္ဘာကျော် Ghost ကားသရုပ်ဆောင်မင်းသမီး ဒီမီမိုးက နယူးယောက် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီ

ကမ္ဘာကျော် Ghost ကားသရုပ်ဆောင်မင်းသမီး ဒီမီမိုးက နယူးယောက် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
26 Apr 2017 12:00 pm တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် Ghost ကား သရုပ်ဆောင်မင်းသမီး ဒီမီမိုးသည်
နယူးယောက်ရှိ Penthouse ခန်းကို ကန်ဒေါ်လာ
သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။

Penthouse ခန်း တည်ရှိရာမှာ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊
၇၅ လမ်းရှိ The San Remo အဆောက်အအုံကြီးတွင် ဖြစ်သည်။
“Ghost,” “Indecent Proposal” နှင့် “G.I. Jane” တို့ကဲ့သို့ ကမ္ဘာကျော်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူ ဒီမီမိုးသည်
ယခုအခန်းကို ၂၀၁၅ ခုနှစ်အတွင်းက
ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်သွင်းခဲ့ဖူးသည်။
ဈေးကွက်တင်ပြီး တစ်နှစ်အကြာထိ ရောင်းမထွက်သောအခါ
ကန်ဒေါ်လာ ၅၉ သန်းသို့ ဈေးလျှော့ချပေးခဲ့သည်။

သို့တိုင်အောင် ရောင်းမထွက်ခဲ့ဘဲ ယခုအခါတွင်မူ မူရင်းခေါ်ဈေးအောက် ဒေါ်လာ သန်း ၃၀ အထိ ဈေးလျှော့ချပေးကာ ကန်ဒေါ်လာ ၄၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်း ဖြစ်သည်။

ဒီမီမိုးသည် အဆိုပါအခန်းကို ၁၉၉၀ ပြည့်နှစ်တွင်
ခင်ပွန်းဟောင်းဖြစ်သူ ဘရုစ်ဝီလီနှင့်အတူ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
The San Remo အဆောက်အအုံကြီးတွင် အထပ် ၂၇ ထပ်ပါ မျှော်စင်
၂ ခုပါဝင်ပြီး ၁၉၃၀ ပြည့်နှစ်တွင် ဗိသုကာပညာရှင်
အီမာရီရို့သ်က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ဒီမီမိုးရောင်းချလိုက်သော Penthouse ခန်းတွင် အခန်းပေါင်း
၁၇ ခန်းပါဝင်ရာ အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်းတို့လည်း အပါအဝင် ဖြစ်သည်။Penthouse ခန်း၏ ပထမထပ်မှာ အဆောက်အအုံကြီး၏ ၂၆ ထပ်မြောက်တွင်တည်ရှိပြီး ဧည့်ခန်း၊ ညစာစားခန်း၊ စာကြည့်တိုက်နှင့် မီးဖိုဆောင်တို့ ပါဝင်သည်။

အိပ်ခန်းများမှာ ဒုတိယထပ်တွင် တည်ရှိပြီး အဆောက်အအုံကြီး၏ ၂၈ ထပ်တွင်ကား ဖျော်ဖြေရေးခန်းမ၊ မီးဖိုဆောင်နှင့် ဧည့်ဂေဟာဆောင်တို့ ပါဝင်သည်။

မျက်နှာစာအမျိုးမျိုးပါဝင်သောကြောင့် Central Park နှင့် မန်ဟက်တန်၏ အထင်ကရနေရာများစွာကို ရှုထောင့်အမျိုးမျိုးဖြင့် အပေါ်စီးမှ ရှုမြင်နိုင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် Ghost ကားသရုပ်ဆောင်မင်းသမီး ဒီမီမိုးက နယူးယောက် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Ghost ကားသရုပ်ဆောင်မင်းသမီး ဒီမီမိုးက နယူးယောက် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Ghost ကားသရုပ်ဆောင်မင်းသမီး ဒီမီမိုးက နယူးယောက် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Ghost ကားသရုပ်ဆောင်မင်းသမီး ဒီမီမိုးက နယူးယောက် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Ghost ကားသရုပ်ဆောင်မင်းသမီး ဒီမီမိုးက နယူးယောက် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service