အဆောက်အဦးဆောက်ဖို့ “ဘိလပ်မြေနှင့် သံချောင်း တွက်နည်း”

အဆောက်အဦးဆောက်ဖို့ “ဘိလပ်မြေနှင့် သံချောင်း တွက်နည်း” - Property Knowledge in Myanmar from iMyanmarHouse.com
23 Mar 2017 11:50 am တွင် တင်ခဲ့သည်
9968 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက် ကုန်မလဲ မေးတတ်လို့ အကြမ်း တွက်လို့ ရအောင်ပါ။ မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါ တယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီး ရှိပါတယ်။

"ကုဗကျင်း"

-ကုဗကျင်းက အလျား၊ အနံ၊ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
-ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်း တို့ မြေကြီး တူးခြင်းတို့မှာ အများဆုံး သုံးပါတယ်။
-ရှိသမျှ အလျား၊ အနံ၊ အမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်း ထွက်လာပါပြီ။
-မြေကြီး၁ ကျင်းဆို ၁၀ ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
- 1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း
- 1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက်ေ ကျာက် ၁ ကျင်း
- 1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက်ေ ကျာက် ၁ ကျင်း
- အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ် ကျင်းဆို ၁၃၅၀ လုံး၊ ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာ မူတည်ပါတယ်။
- အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်း တစ် မတ် သာသာလောက်။

"စကွဲယားကျင်း"

- စကွဲယားကျင်း အလျားနဲ့  အနံ ပဲ မြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
-၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိုးမိုးခြင်းတို့ ကြွေပြား ကပ်ခြင်းတို့မှာ သုံးပါတယ်။
- နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး
-1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ 11 ကျင်း

"သံချောင်း"

-သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။ သို့ပေမယ့် ၃၉ ပေ ၆ လက်မ လောက်ဆို မှန်တယ် ပြောရပါမယ်။ ဘာမာြး ဖစ်ကတော့ အတိအကျပြောလို့ မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေက

- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။

"ဘိလပ်မြေ"

- ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။
- သံချောင်းတွေဆက်ဖို့ လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိေ နစေ ရပါမယ်။
- ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ ဆ လောက် ဆိုရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာ နဲ့ သုံးလာပါတယ်။ ဆက်သွယ်ချက်က ၁ မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူး ရှိပါတယ်။ လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့ အခေါ်ပါ။

1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေ စကွဲယား

ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cute

Credit : Htin Kyaw

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service