ကမ္ဘောဇဘဏ်၏ အရင်းအနှီးတိုးမြှင့်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အစုရှယ်ယာအချို့ ရောင်းချလိုသည်ဟု ဘဏ်အမှုဆောင်ဒါရိုက်တာ ဆို

ကမ္ဘောဇဘဏ်၏ အရင်းအနှီးတိုးမြှင့်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အစုရှယ်ယာအချို့ ရောင်းချလိုသည်ဟု ဘဏ်အမှုဆောင်ဒါရိုက်တာ ဆို - Property News in Myanmar from iMyanmarHouse.com
14 Mar 2017 12:09 pm တွင် တင်ခဲ့သည်
2311 ကြိမ် ကြည့်ရှု့ပြီး
ချမှတ်ထားသော ဥပဒေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စည်းမျဉ်းစည်း ကမ်း ပြောင်းလဲပါက ကမ္ဘောဇဘဏ်၏ အရင်းအနှီး တိုးမြှင့်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို အစုရှယ်ယာအချို့ ရောင်းချလိုသည်ဟု ကမ္ဘောဇဘဏ် ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းခမ်းနောင်က Bloomberg သတင်းဌာန က ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်ဟု ယင်းသတင်း ဌာနက ဖော်ပြခဲ့သည်။

“ထွန်းသစ်စဖြစ်တဲ့ ဘယ်ဈေးကွက်မဆို အရင်းအနှီးက အရေးကြီးပါတယ်။ ကျွန်မတို့ဘဏ်အနေနဲ့ နိုင်ငံခြားဘဏ်တွေနဲ့ စပ်တူလုပ်ဖို့ လမ်းဖွင့်ထားပေ မယ့် ဒီကိစ္စက ဗဟိုဘဏ်နဲ့ သူရဲ့စည်းမျဉ်းစည်းကမ်း တွေအပေါ် မူတည်နေ ပါတယ် ”ဟု ကမ္ဘောဇဘဏ်၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၏ ဒုတိယသမီးဖြစ် သူ ဒေါ်နန်းခမ်းနောင်က ပြီးခဲ့သော တစ်ပတ်ကပြုလုပ်သည့် Bloomberg ၏ အင်တာဗျူးတွင် ပြောကြားသည်။

ပြည်တွင်းဘဏ်လုပ်ငန်းများတွင် နိုင်ငံခြားလုပ်ငန်းများမှ အရင်းအနှီး ၃၅ ရာခိုင်နှုန်းအထက် ထည့်ဝင်နိုင်ရေးအတွက် ဥပဒေပြောင်းလဲရန် စဉ်းစားနေ သည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။ လက်ရှိတည်ဆဲဥပဒေအရ ပြည်တွင်းဘဏ်လုပ်ငန်းများ၏ အစုရှယ်ယာများ ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပိုင်ဆိုင်ခွင့်မပြုထားဘဲ အလျင်အမြန် တိုးတက်နေပြီး အရင်းအနှီး လိုအပ်ချက်များသော ပြည်တွင်းလုပ်ငန်းများ၏ ဘဏ္ဍာရေး အထောက်အပံ့ လိုအပ်ချက်များအတွက် ပြည်တွင်း ဘဏ်များ တွင် အရင်းအနှီး အားနည်းနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် လူအများအတွက် ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကလည်း လိုအပ်ချက်များ ရှိနေေ သးကြောင်း စင်ကာပူအခြေစိုက် EY, ASEAN Financial Services မှ Managing Partner Nam Soon Liew က ပြောကြားသည်။

“ဘဏ်ရဲ့ ငွေစာရင်းရှင်းတမ်းတွေ၊ စီမံခန့်ခွဲမှု ပုံစံကောင်းတွေ၊ လုပ်ငန်း ကဏ္ဍတွေနဲ့ စာရင်းအင်းစနစ်တွေ ပိုမိုခိုင်မာလာအောင် မြန်မာဘဏ်တွေ အနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေ၊ လုပ်ငန်းလည်ပတ်မှု ပုံစံတွေ အန္တရာယ် ရှိနိုင်ခြေ စီမံခန့်ခွဲမှုပုံစံတွေကို ပိုမိုကောင်းမွန်အောင် လုပ်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကမ္ဘောဇဘဏ်အနေဖြင့် နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ ကော်ပိုရိတ် စီမံခန့် ခွဲမှုပုံစံဖြင့် ရှေ့ဆက်ရန် ရည်မှန်းထားပြီး ဘဏ်စီမံခန့်ခွဲမှု အဖွဲ့တွင် လည်း လွတ်လပ်သော ဒါရိုက်တာအဖွဲ့ဝင်များ ပိုမိုပါဝင်ဖွဲ့ စည်းသွားရန် စီ စဉ်နေကြောင်း ဒေါ်နန်းခမ်းနောင်က ဆိုသည်။

ကမ္ဘောဇဘဏ်၏ ပိုင်ဆိုင်မှုသည် ၂၀၁၂ မှ ၂၀၁၆ အတောအတွင်း ၄၄ ရာခိုင်နှုန်း ကြီးထွားလာခဲ့ပြီး လက်ရှိပိုင်ဆိုင်မှုတန်ဖိုး စုစုပေါင်း ဒေါ်လာ ရှစ်ဘီလျံခန့်ရှိကာ ၀န်ထမ်းပေါင်း ၁၈၀၀၀ နီးပါးခန့်အပ်ထားပြီး ဖြစ်ကြောင်း Bloomberg ၏ ဖော်ပြချက်အရ သိရသည်။


Credit:Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service