အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဝါရှင်တန်ဒီစီရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းကျော်သုံးစွဲကာ ဝယ်ယူ

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဝါရှင်တန်ဒီစီရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းကျော်သုံးစွဲကာ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
9 Mar 2017 12:09 pm တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၏ ၇၇ ဆက်မြောက် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံထားရသူ စတိဗ် မနူးချင်သည် ဝါရှင်တန်ဒီစီရှိ အိမ်ခြံမြေဈေးနှုန်းအမြင့်မားဆုံးရပ်ကွက်တွင် နေအိမ်တစ်လုံးကို
ကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်းသုံးစွဲကာ ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မစ္စတာ မနူးချင်သည် ယခုအခါ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးမဖြစ်မီက Goldman Sachs တွင် အမှုဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူတစ်ဦး ဖြစ်သည်။

ဝယ်ယူလိုက်သည့်နေအိမ်မှာ ဝါရှင်တန်ဒီစီမြို့တော်၊ မက်ဆာချူးဆက်ကုန်းမြင့်၊ Rock Creek Drive တွင် တည်ရှိပြီး
အိပ်ခန်း ၉ ခန်း ပါဝင်သည်။

အိမ်ခြံမြေလောကမှတ်တမ်းများအရ မစ္စတာမနူးချင်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် အထက်လွှတ်တော်က အတည်မပြုမီ ရက်သတ္တနှစ်ပတ်အလိုတွင် ကန်ဒေါ်လာ ၁၂ ဒသမ ၅၈၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

နေအိမ်အနီးတွင် အခြားဝန်ကြီးတစ်ဦးဖြစ်သော ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာ ရော့စ်၏ နေအိမ် တည်ရှိသည်ဟု ဆိုသည်။

ဝီလ်ဘာရော့စ်၏ နေအိမ်မှာ ဘိုးအာ့ထ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရော့စ်က ကန်ဒေါ်လာ ၁၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ဖြော်ပချက်အရ အဆိုပါရပ်ကွက်သည် အမေရိကတွင် အိမ်ခြံမြေတန်ဖိုးအကြီးမြင့်ဆုံးဒေသဖြစ်သည်ဟု ဆိုသည်။
Washington Fine Properties ကုမ္ပဏီမှတစ်ဆင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး အရောင်းအဝယ်တွင် ပါဝင်ခဲ့သည့် အကျိုးဆောင်နှစ်ဦးမှာ နယ်လ်ဆင် မာဘန်နှင့် နန်စီ တေလာဘတ်စ်တို့ ဖြစ်ကြသည်။

နေအိမ်အတွင်း အိပ်ခန်း ၁၂ ခန်း၊ မီးလင်းဖိုများစွာပါဝင်ပြီး ကောင်းကင်အလင်းရသည့် အိမ်တွင်းရေကူးကန်တစ်ခု၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ရုံ တို့ ပါဝင်သည်။
ခြံဝန်းအတွင်းတွင် ကား ၄ စင်းဆန့် ကားဂိုဒေါင် ပါဝင်သည်။

ဘဏ္ဍာရေးဝန်ကြီးသစ်သည် ဇိမ်ခံလူနေအိမ်များစွာပိုင်ဆိုင်ထားရာ ဆောက်သမ်တန်ရှိ နေအိမ်မှာ ကန်ဒေါ်လာ ၁၃ ဒသမ ၇၈ သန်း
ပေးခဲ့ရပြီး ၂၀၀၅ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လော့စ်အိန်ဂျလိ၏ နာမည်ကျော် ဘဲလ်အဲအရပ်တွင်လည်း အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၁၀ ခန်းပါ နေအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားသေးသည်။
ဘဲလ်အဲသည် ဟောလိဝုဒ်အကျော်အမော်များ စုစည်းရာအရပ်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service