လယ်ယာမြေဥပဒေပြင်ဆင်နိုင်ရေး တိုင်းနှင့်ပြည်နယ်ငါးခုမှ တောင်သူများ မကွေးမြို့တွင်တွေ့ဆုံဆွေးနွေး

လယ်ယာမြေဥပဒေပြင်ဆင်နိုင်ရေး တိုင်းနှင့်ပြည်နယ်ငါးခုမှ တောင်သူများ မကွေးမြို့တွင်တွေ့ဆုံဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
27 Feb 2017 9:52 am တွင် တင်ခဲ့သည်
1060 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၂ လယ်ယာမြေ ဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းများပြုလုပ်နိုင် ရန် တိုင်းနှင့် ပြည်နယ် ငါးခုမှ တောင်သူလယ်သမားကိုယ်စားလှယ်များ ပါ ၀င်သည့် တွေ့ဆုံဆွေးနွေးပွဲကို မကွေးမြို့နယ် ရေဆင်းစိုက်ပျိုးရေး တက္က သိုလ်တွင် ယမန်နေ့က စတင်ပြုလုပ်ခဲ့သည်။

မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့်ချင်းပြည် နယ်တို့ မှ တောင်သူကိုယ်စားလှယ် ၇၀ ကျော် တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ မှ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

‘‘အဓိကပြင်ဆင်ရမယ့်၊ ဖြည့်စွက်ရမယ့် ဥပဒေက ၃၀ ကျော်လောက် တွေ့ ရှိဆွေးနွေး ထားတယ်။ ဥပဒေတွေက အာ ဏာသက်ရောက်မှုရှိနေရမယ်။ ဥပ ဒေကပေါ်လာပြီး အာဏာသက် ရောက်မှုမရှိတာတွေရှိနေတယ်။ အဲ ဒီတော့ ကျွန်တော်တို့က ဥပဒေ က အာဏာသက်ရောက်ဖို့ ပေါ် လာတဲ့ ဥပဒေက တကယ့်တောင် သူလယ်သမားဘ၀ကို ဖွံ့ဖြိုးတိုး တက်စေတဲ့၊ တရားမျှတတဲ့ ဥပဒေဖြစ်ဖို့ တောင်သူ လယ်သမား ခေါင်းဆောင်တွေ နဲ့ ပြင် ပ ပညာ ရှင်တွေနဲ့ အစဉ်တစိုက် ကြိုးစား သွားသင့်တယ်လို့ယူဆပါတယ်’’ ဟု ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေး နွေးခဲ့သည့် လယ်ယာမြေဥပဒေ ကျွမ်း ကျင်သူ ဦးအောင်ကျော် ကျော်ကပြောသည်။

ချင်းပြည်နယ်တွင်နေထိုင် သည့် တောင်သူလယ်သမား အများစု သည် တောင်သူလယ်သ မားအခွင့်အရေးနှင့် လယ်ယာ မြေဥပဒေများကို နားမလည်ကြ ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ တောင်သူလယ်သမားများ၏ လယ်ယာမြေဥပဒေနှင့် ပတ်သက် သည့် ဆွေးနွေးပွဲကို တက် ရောက်၍ ချင်းတောင်သူများအား ပြန်လည်ဝေမျှနိုင်ရန် ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် ချင်းပြည်နယ်တီးတိန်မှ လျာကျိန်ကွပ်ကိမ်ကဆိုသည်။

‘‘ကျွန်တော်တို့ဆီမှာ အများ ဆုံးကြုံနေရတာက စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေ ပဲ။ အသုံးမပြုလို့ပြန်လည်စွန့် လွှတ်တဲ့အခါ သူတို့ သိမ်း ထားချိန် က နီးစပ်ရာသီးစားချပေးခဲ့တဲ့ သူတွေက အဲဒီလယ်ယာမြေကို ပိုင် ဆိုင်နေတယ်။ နဂိုမူလပိုင်ရှင် ဆီကို ပြန်မရတော့ဘူး။ အဲဒါ ကြောင့် တောင် သူတွေအချင်း ချင်း ပြဿနာတွေ အများကြီးဖြစ် ကြရတယ်’’ဟု မကွေးတိုင်း ဂန့် ဂေါခရိုင်တောင်သူလယ်သမား သမဂ္ဂ ကိုယ်စားလှယ် ဦးလှမျိုး အောင် ကပြောသည်။

တောင်သူအများစု ရင်ဆိုင် နေရသည်မှာ သိမ်းဆည်းခံလယ် ယာမြေများ ထိုက်တန်သည့်လျော်ကြေးမရရှိခြင်း၊ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေ များတွင်လည်း မူလပိုင်ရှင်များ ပြန်လည်မရရှိဘဲ သီးစားချသူများ ပိုင်ဆိုင်ခွင့် ရနေခြင်းနှင့် ပုံစံ(၇) ပြုလုပ်ရာတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေ ရခြင်းများဖြစ်ကြောင်း ဆွေးနွေးပွဲသို့တက်ရောက်သူ တောင်သူအများစုက
ပြော ကြားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံ တွေ့ဆုံပွဲမှာပြော ခဲ့တဲ့စကားကို ယုံကြည်သလို ထောက်လည်းထောက်ခံပါ တယ်။ တောင်သူလယ် သ မား တွေနဲ့ပတ်သက်ပြီး ဥပဒေကိုသေ ချာလေ့လာပြီးရင် ပြင်ဆင်ချင်တဲ့ အချက်တွေကို ပြည်ထောင်စု လွှတ်တော်ကိုတင်ပြပါ၊ ချက်ချင်း လုပ်ပါဆို တာကိုပေါ့။ အများကြီး မဟုတ်တောင် ဒီအစိုးရလက် ထက်မှာ တောင် သူတွေရဲ့ အခွင့် အရေးအတွက် ၃၅ ရာခိုင်နှုန်း လောက် အောင်မြင်လိမ့် မယ်လို့ မြင်ပါတယ်’’ဟု ပဲခူးတိုင်းမှ လာ ရောက်သည့်လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူ များအဖွဲ့ဒါရိုက်တာ ဦးဂျင်မီကပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

လန်ဒန်မြို့တော် အုပ်ချုပ်ရေးကောင်စီအဖွဲ့က အိမ်ရာမဲ့များကို လန်ဒန်မှ ၂၄ နာရီအတွင်း ထွက်ခွာရန် ရာဇသံပေးကာ နှင်ထုတ်ခဲ့ကြောင်း ပေါ်ပေါက်လာ...

အမေရိကန်ပြည် ချီကာဂိုမှ အမျိုးသမီးတစ်ဦးက အီတလီတွင် ၁ ယူရိုဖြင့် ရောင်းချနေသော နေအိမ်တစ်လုံး ဝယ်ယူကာ ပြုပြင်မွမ်းမံခဲ့ပုံ...

သြစတေးလျတွင် အိမ်ရှင်က ဆောက်လုပ်ရေးသမားများကို ငွေရှင်းမပေးသောကြောင့် ဆောက်လုပ်ရေးသမား တို့က ခြံဝန်းတွင်းရှိ ကွန်ကရစ်ယာဉ်မောင်းလမ်းကို ထုချေဖျက်ဆီး...

ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည်ဟုဆို...

ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေါင်းသတ်ခဲ့သော အမေရိကန် အမျိုးသား ဖမ်းဆီးအရေးယူခံရပြီးနောက် သူ၏နေအိမ်ကို ရှေ့နေခအဖြစ် ရှေ့နေအား ပေးခဲ့...

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...

အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...

အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က

မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင

ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?

အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ

မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ

shwe-wutthmone
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service