သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင်းလဲခဲ့ပုံ

သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင်းလဲခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
29 Oct 2024 11:51 am တွင် တင်ခဲ့သည်
960 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သြစတေးလျမှ ခရီးသွားလုပ်ငန်းရှင် အမျိုးသမီး Aussie Melita Koulmandas သည် အရှေ့တောင်အာရှမှ ကျွန်းငယ်တစ်ခုကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ဝယ်ယူခဲ့ကာ အပန်းဖြေစခန်းအဖြစ် ပြောင်းလဲခဲ့သည်။

Melita သည် ဆစ်ဒနီမြို့တွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး အသက် ၃၀ အရွယ်သို့ရောက်သောအခါ ခင်ပွန်း (ဟောင်း) နှင့်အတူ ကမ္ဘောဒီးယားသို့ ပြောင်းရွှေ့ခဲ့ကြသည်။

ဆောင်ဆာ (Song Saa) အမည်ရှိ ကျွန်းသို့ ငါးဖမ်းလှေငယ်တစ်စင်းဖြင့် ဇနီးမောင်နှံနှစ်ဦး စတင်ရောက်ရှိခဲ့သည်။

ရွာသားတစ်ဦးက ထိုကျွန်းကို ဒေါ်လာ ၁၅၀၀၀ မျှဖြင့် ရောင်းချမည်ဟု ကမ်းလှမ်းခဲ့သည်။

ထိုစဉ်က ဖနွမ်းပင်မြို့တွင် နေထိုင်နေကြသော Melita တို့ ဇနီးမောင်နှံက ဆောင်ဆာကျွန်းကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့တွင် အတွေ့အကြုံမရှိသော်လည်း ထိုကျွန်းကို အပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန် စီစဉ်ခဲ့ကြ၏။

Melita ကျွမ်းကျင်သည်မှာ ဒီဇိုင်းလုပ်ငန်းသာဖြစ်ပြီး ဟိုတယ်လုပ်ငန်းမဟုတ်။

 

(ကျွန်းပေါ်တွင် သစ်ပင်တို့ အပြိုင်းအရိုင်းဖြစ်နေပြီး အပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန် ဆိုလျှင် လုပ်ဆောင်ဖွယ်ရာ များစွာရှိနေခဲ့သည်။ ဓာတ်ပုံ-Supplied)

 

ကျွန်းကို ဝယ်ယူခဲ့စဉ်က အပန်းဖြေချင်စရာကောင်းသည့် အခြေအနေမျိုးမဟုတ်ခဲ့ကြောင်း Melita က 9travel သတင်းဌာနသို့ ပြောသည်။

လက်တွေ့တွင် အလွန်ပင်ပန်းခက်ခဲစွာ မွမ်းမံခဲ့ရကြောင်းလည်း Melita က ပြောသည်။

 

(Melita ဝယ်ယူခဲ့သော ကမ္ဘောဒီးယားနိုင်ငံမှ ဆောင်ဆာကျွန်း။ ဓာတ်ပုံ-Supplied)

 

ယခုအခါတွင်မူ ဆုတံဆိပ်ပေါင်းများစွာ ရရှိထားသော အပန်းဖြေစခန်းဖြစ်နေပြီဖြစ်ပြီး တည်းခိုခဈေးကြီးသော luxury အပန်းဖြေနေရာ ဖြစ်လာသည်။

အနီးဆုံးဆိပ်ကမ်းမှ စပိဘုတ်ဖြင့်သွားမည်ဆိုလျှင် ၄၅ မိနစ်ခန့်သွားရပြီး ရေပြင်ပေါ်နှင့် တောအုပ်ထဲတွင် အပန်းဖြေအိမ်များ ဆောက်လုပ်ထားသည်။

Melita တွင် သားယောက်ျားလေး ၃ ဦးရှိပြီး အသက် ၉ နှစ်မှ ၁၆ နှစ်အရွယ်များကြားရှိသည်။

 

(ဧည့်သည်တော်များကို သဘာဝတရားနှင့် ထိတွေ့ခွင့်ရစေမည့် ဆောင်ဆာကျွန်း။ ဓာတ်ပုံ-Supplied)

 

(Melita ဝယ်ယူခဲ့သော ကျွန်းမှာ ယခုအခါ Luxury အပန်းဖြေစခန်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ဓာတ်ပုံ-Supplied)

 

ဒေသခံများ၊ ဝန်ထမ်းများနှင့်အတူ Melita က မိမိကိုယ်ကို ကျွန်းစောင့်တစ်ဦးအဖြစ် ရှုမြင်ထားသည်။

 

(ဆောင်ဆာကျွန်းတွင် ရေကူးကန်ပါသော luxury အပန်းဖြေအိမ်များရှိသည်။ ဓာတ်ပုံ-Supplied)

 

“ဒီကျွန်းကို အခုလိုပြောင်းလဲသွားဖို့ ပြီးခဲ့တဲ့အနှစ် ၂၀ လုံးကျွန်မတို့ ကြိုးစားခဲ့ရပါတယ်” ဟု Melita က ပြောကြားပြီး သြစတေးလျနိုင်ငံသားများကိုလည်း ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်ရန် တိုက်တွန်းထားသည်။

“ကမ္ဘောဒီးယားဟာ ထိုင်း (ဒါမှမဟုတ်) ဗီယက်နမ်နဲ့ မတူညီဘဲ တမူထူးခြားတဲ့နေရာတစ်ခုပါ။ သူ့မှာ အရာတိုင်းနဲ့ ကွဲပြားတဲ့ ထူးခြားတဲ့ စွမ်းအင်ရှိပါတယ်”

 

(ကမ္ဘာလှည့်ခရီးသည်များစွာ လာရောက်လည်ပတ်လေ့ရှိသော ကမ္ဘောဒီးယားမှ အန်ကောဝပ်ဘုရားကျောင်း။ ဓာတ်ပုံ-Getty)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Aussie bought a ramshackle tropical island for $15,000 - and turned it into a paradise resort (travel) Photo Credit-Supplied, Getty

 

[Zawgyi]

ၾသစေတးလ်မွ လုပ္ငန္းရွင္တစ္ဦးက ကေမၻာဒီးယားရွိ ကၽြန္းတစ္ကၽြန္းကို ေဒၚလာ ၁၅,၀၀၀ မွ်ျဖင့္ ဝယ္ယူကာ အပန္းေျဖစခန္းအျဖစ္ ေျပာင္းလဲခဲ့ပံု

ၾသစေတးလ်မွ ခရီးသြားလုပ္ငန္းရွင္ အမ်ဳိးသမီး Aussie Melita Koulmandas သည္ အေရွ႕ေတာင္အာရွမွ ကၽြန္းငယ္တစ္ခုကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ ခန္႔က ဝယ္ယူခဲ့ကာ အပန္းေျဖစခန္းအျဖစ္ ေျပာင္းလဲခဲ့သည္။

Melita သည္ ဆစ္ဒနီျမိဳ႕တြင္ ေနထိုင္ခဲ့သူတစ္ဦးျဖစ္ျပီး အသက္ ၃၀ အရြယ္သို႔ေရာက္ေသာအခါ ခင္ပြန္း (ေဟာင္း) ႏွင့္အတူ ကေမၻာဒီးယားသို႔ ေျပာင္းေရႊ႕ခဲ့ၾကသည္။

ေဆာင္ဆာ (Song Saa) အမည္ရွိ ကၽြန္းသို႔ ငါးဖမ္းေလွငယ္တစ္စင္းျဖင့္ ဇနီးေမာင္ႏွံႏွစ္ဦး စတင္ေရာက္ရွိခဲ့သည္။

ရြာသားတစ္ဦးက ထိုကၽြန္းကို ေဒၚလာ ၁၅၀၀၀ မွ်ျဖင့္ ေရာင္းခ်မည္ဟု ကမ္းလွမ္းခဲ့သည္။

ထိုစဥ္က ဖႏြမ္းပင္ျမိဳ႕တြင္ ေနထိုင္ေနၾကေသာ Melita တုိ႔ ဇနီးေမာင္ႏွံက ေဆာင္ဆာကၽြန္းကို ဝယ္ယူရန္ ဆံုးျဖတ္လုိက္ၾကသည္။

သူတို႔တြင္ အေတြ႔အၾကံဳမရွိေသာ္လည္း ထိုကၽြန္းကို အပန္းေျဖစခန္းအျဖစ္ ေျပာင္းလဲရန္ စီစဥ္ခဲ့ၾက၏။

Melita ကၽြမ္းက်င္သည္မွာ ဒီဇိုင္းလုပ္ငန္းသာျဖစ္ျပီး ဟိုတယ္လုပ္ငန္းမဟုတ္။

(ကၽြန္းေပၚတြင္ သစ္ပင္တို႔ အျပိဳင္းအရိုင္းျဖစ္ေနျပီး အပန္းေျဖစခန္းအျဖစ္ ေျပာင္းလဲရန္ ဆိုလွ်င္ လုပ္ေဆာင္ဖြယ္ရာ မ်ားစြာရွိေနခဲ့သည္။ ဓာတ္ပံု-Supplied)

ကၽြန္းကို ဝယ္ယူခဲ့စဥ္က အပန္းေျဖခ်င္စရာေကာင္းသည့္ အေျခအေနမ်ဳိးမဟုတ္ခဲ့ေၾကာင္း Melita က 9travel သတင္းဌာနသို႔ ေျပာသည္။

လက္ေတြ႔တြင္ အလြန္ပင္ပန္းခက္ခဲစြာ မြမ္းမံခဲ့ရေၾကာင္းလည္း Melita က ေျပာသည္။

(Melita ဝယ္ယူခဲ့ေသာ ကေမၻာဒီးယားႏိုင္ငံမွ ေဆာင္ဆာကၽြန္း။ ဓာတ္ပံု-Supplied)

ယခုအခါတြင္မူ ဆုတံဆိပ္ေပါင္းမ်ားစြာ ရရွိထားေသာ အပန္းေျဖစခန္းျဖစ္ေနျပီျဖစ္ျပီး တည္းခိုခေစ်းၾကီးေသာ luxury အပန္းေျဖေနရာ ျဖစ္လာသည္။

အနီးဆံုးဆိပ္ကမ္းမွ စပိဘုတ္ျဖင့္သြားမည္ဆိုလွ်င္ ၄၅ မိနစ္ခန္႔သြားရျပီး ေရျပင္ေပၚႏွင့္ ေတာအုပ္ထဲတြင္ အပန္းေျဖအိမ္မ်ား ေဆာက္လုပ္ထားသည္။

Melita တြင္ သားေယာက္်ားေလး ၃ ဦးရွိျပီး အသက္ ၉ ႏွစ္မွ ၁၆ ႏွစ္အရြယ္မ်ားၾကားရွိသည္။

(ဧည့္သည္ေတာ္မ်ားကို သဘာဝတရားႏွင့္ ထိေတြ႔ခြင့္ရေစမည့္ ေဆာင္ဆာကၽြန္း။ ဓာတ္ပံု-Supplied)

(Melita ဝယ္ယူခဲ့ေသာ ကၽြန္းမွာ ယခုအခါ Luxury အပန္းေျဖစခန္းတစ္ခု ျဖစ္ေနျပီ ျဖစ္သည္။ ဓာတ္ပံု-Supplied)

ေဒသခံမ်ား၊ ဝန္ထမ္းမ်ားႏွင့္အတူ Melita က မိမိကိုယ္ကို ကၽြန္းေစာင့္တစ္ဦးအျဖစ္ ရႈျမင္ထားသည္။

(ေဆာင္ဆာကၽြန္းတြင္ ေရကူးကန္ပါေသာ luxury အပန္းေျဖအိမ္မ်ားရွိသည္။ ဓာတ္ပံု-Supplied)

“ဒီကၽြန္းကို အခုလိုေျပာင္းလဲသြားဖုိ႔ ျပီးခ့ဲတဲ့အႏွစ္ ၂၀ လံုးကၽြန္မတို႔ ၾကိဳးစားခဲ့ရပါတယ္” ဟု Melita က ေျပာၾကားျပီး ၾသစေတးလ်ႏိုင္ငံသားမ်ားကိုလည္း ကေမၻာဒီးယားသို႔ လာေရာက္လည္ပတ္ရန္ တိုက္တြန္းထားသည္။

“ကေမၻာဒီးယားဟာ ထိုင္း (ဒါမွမဟုတ္) ဗီယက္နမ္နဲ႔ မတူညီဘဲ တမူထူးျခားတဲ့ေနရာတစ္ခုပါ။ သူ႔မွာ အရာတိုင္းနဲ႔ ကြဲျပားတဲ့ ထူးျခားတဲ့ စြမ္းအင္ရွိပါတယ္”

(ကမၻာလွည့္ခရီးသည္မ်ားစြာ လာေရာက္လည္ပတ္ေလ့ရွိေသာ ကေမၻာဒီးယားမွ အန္ေကာဝပ္ဘုရားေက်ာင္း။ ဓာတ္ပံု-Getty)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Aussie bought a ramshackle tropical island for $15,000 - and turned it into a paradise resort (travel) Photo Credit-Supplied, Getty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောက်စိမ်းလက်ကောက် ၃၀ ကျော် အရောင်းစာရေးကြောင့် တစစီ ကျိုးကြေပျက်စီးခဲ့သော်လည်း လျော်ကြေး မတောင်းသည့် လေးစားဖွယ်သူဌေး...
ကျောက်စိမ်းလက်ကောက် ၃၀ ကျော် အရောင်းစာရေးကြောင့် တစစီ ကျိုးကြေပျက်စီးခဲ့သော်လည်း လျော်ကြေး မတောင်းသည့် လေးစားဖွယ်သူဌေး...
အိန္ဒိယတွင် အဘိုးတစ်ဦးက မိမိနာရေးသို့ မည်သူလာသည်ကို သိလိုသောကြောင့် သေချင်ယောင်ဆောင်ခဲ့ပုံ...
အိန္ဒိယတွင် အဘိုးတစ်ဦးက မိမိနာရေးသို့ မည်သူလာသည်ကို သိလိုသောကြောင့် သေချင်ယောင်ဆောင်ခဲ့ပုံ...
အားဖြည့်အချိုရည်တို့တွင် ပါဝင်သော taurine က သွေးကင်ဆာဆဲလ်များ လျင်မြန်စွာ ကြီးထွားလာစေကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့ တွေ့ရှိ...
အားဖြည့်အချိုရည်တို့တွင် ပါဝင်သော taurine က သွေးကင်ဆာဆဲလ်များ လျင်မြန်စွာ ကြီးထွားလာစေကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့ တွေ့ရှိ...
မည်သူမဆို အခမဲ့ လိုချင်တာယူနိုင်သော ကနေဒါက ကုန်စုံဆိုင်
မည်သူမဆို အခမဲ့ လိုချင်တာယူနိုင်သော ကနေဒါက ကုန်စုံဆိုင်
အိမ်တွင်နေရသည်ကို ပျင်းသောကြောင့် တစ်ရက်လျှင် ၁၃ ဒေါ်လာဖြင့် delivery သမားအဖြစ် လုပ်ကိုင်ခဲ့သော ရုရှားဘီလျံနာသူဌေးကြီး...
အိမ်တွင်နေရသည်ကို ပျင်းသောကြောင့် တစ်ရက်လျှင် ၁၃ ဒေါ်လာဖြင့် delivery သမားအဖြစ် လုပ်ကိုင်ခဲ့သော ရုရှားဘီလျံနာသူဌေးကြီး...
အသင့်စား ခေါက်ဆွဲခြောက် တစ်ပတ်လျှင် ၂ ကြိမ် စားနေလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များ တွေ့ရှိ...
အသင့်စား ခေါက်ဆွဲခြောက် တစ်ပတ်လျှင် ၂ ကြိမ် စားနေလျှင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားကြောင်း တောင်ကိုရီးယားသိပ္ပံပညာရှင်များ တွေ့ရှိ...
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆုရခဲ့သော ဂျပန်သိပ္ပံပညာရှင်...
လူတို့ အစာမစားဘဲနေသည့်အခါမျိုးတွင် ခန္ဓာကိုယ်က ၎င်းဘာသာ ဆဲလ်အပျက်အစီးများကို စားသောက်ပစ်ကြောင်း လေ့လာတွေ့ရှိခဲ့မှုအတွက် နိုဘယ်ဆုရခဲ့သော ဂျပန်သိပ္ပံပညာရှင်...
စနေဂြိုဟ်ကုထုံး (သို့မဟုတ်) အင်္ဂလိပ်ဂဏန်း 8 ပုံသဏ္ဍာန် လမ်းလျှောက်ရင် ဘာတွေဖြစ်လာမလဲ
စနေဂြိုဟ်ကုထုံး (သို့မဟုတ်) အင်္ဂလိပ်ဂဏန်း 8 ပုံသဏ္ဍာန် လမ်းလျှောက်ရင် ဘာတွေဖြစ်လာမလဲ
အတင်းပြောခြင်းမှာ ကျန်းမာရေးကောင်းစေကြောင်း မေရီလန်းတက္ကသိုလ်မှ ပညာရှင်များ လေ့လာတွေ့ရှိ...
အတင်းပြောခြင်းမှာ ကျန်းမာရေးကောင်းစေကြောင်း မေရီလန်းတက္ကသိုလ်မှ ပညာရှင်များ လေ့လာတွေ့ရှိ...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service