ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာရ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာရ - Property News in Myanmar from iMyanmarHouse.com
30 Oct 2024 1:38 pm တွင် တင်ခဲ့သည်
2296 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်ဘီလျံနာကြီးသည် ပေါင်သန်းရာချီကာ အကြွေးတင်နေသောကြောင့် သူ၏စံအိမ်ကို ရောင်းချရန် စီစဉ်လာရသည်။
ဘော့ဘ်ဘူးလ် (Bob Bull) အမည်ရှိ ဘီလျံနာသူဌေးကြီးသည် ပြီးခဲ့သောနှစ်က ပေါင် ၂ ဘီလီယံခန့် ချမ်းသာခဲ့သည်ဟု ခန့်မှန်းရသည်။
ဘော့ဘ်က ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် နံပါတ် ၈၈ နေရာ၌ ရပ်တည်နိုင်ခဲ့မှုအတွက် သူ၏စံအိမ်၌ အောင်ပွဲခံ အခမ်းအနားပင် ကျင်းပခဲ့သေးသည်။
မစ္စတာဘော့ဘ်သည် အမြဲအခြေချနေထိုင်ကြသော ကားအိမ်ဝန်းများကို ဘန်ဂလိုရွာလေးများအဖြစ် Royal Life အမည်ရှိ ကုမ္ပဏီမှတဆင့် ပြောင်းလဲပေးရာမှတဆင့် ချမ်းသာလာခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် သူ၏ကုမ္ပဏီဒေဝါလီခံခဲ့ပြီးနောက် မစ္စတာဘော့ဘ်မှာ KFC ကြက်ကြော်တစ်ခုပင် ဝယ်မစားနိုင်တော့သည့် အခြေအနေသို့ ဆိုက်ခဲ့သေးသည်။
သို့သော် နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကာ ပြန်လည်ကြွယ်ဝလာခဲ့ပြီး ပြိုင်ကားများစွာလည်း ပိုင်ဆိုင်လာသည်။
ယခုအခါတွင်မူ ပေါင် ၇၂၅ သန်းအကြွေးတင်ကာ ဆောက်ပ်သမ်တန်မြို့အနီးရှိ ၎င်းတို့နေထိုင်သောအိမ်ကို အရောင်းဈေးကွက်တင်လာရသည်။
(ပြီးခဲ့သောနှစ်က ဒေဝါလီခံခဲ့ရသော မစ္စတာဘော့ဘ်နှင့် သူ၏ နော်ဝေသူ ဇနီး Sara)
(ဆောက်ပ်သမ်တန်မြို့အနီးတွင် တည်ရှိသော ၎င်းတို့၏ စံအိမ်ကြီး၌ ရေကူးကန်၊ spa ၊ အားကစားလေ့ကျင့်ခန်းမ၊ ဂိမ်းကစားခန်းတို့ ပါဝင်ပြီး ပေါင် ၆ ဒသမ ၂၅ သန်း ဈေးခေါ်ထားသည်)
(ပစ်လမ်း ၃ ခုပါ ဘိုးလင်းကစားကွင်းတစ်ခုလည်းပါသည်။)
မစ္စတာဘော့ဘ်က ပေါင် ၄ ဘီလီယံခန့် တန်ကြေးရှိသော စီးပွားရေးလုပ်ငန်းကို ငွေပြန်လည်ကျားကန်ကာ ကယ်တင်နိုင်ရန် ကြိုးစားခဲ့သည်။
ထို့နောက် မစ္စတာဘော့ဘ်က သန်းကြွယ်သူဌေးတစ်ဦးထံမှ ပေါင် ၃ သန်း ငွေချေးခဲ့သည်။
သို့သော် ထိုသူဌေးမှာ ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သော The Kinahan ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိလာရသည်။
မစ္စတာဘော့ဘ်မှာ ပေါင် ၃ သန်း ချေးငွေအတွက် တစ်လလျှင် ပေါင် ၃ သန်း အတိုးပေးရမည်ဟု ဆိုသည်။
ယခုအခါ မစ္စတာဘော့ဘ်မှာ အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိ ကြွေးတင်နေသည်။
ထိုအကြွေးပြန်ဆပ်ရန်လည်း မစ္စတာဘော့ဘ်ကို ပြန်ပေးဆွဲမည်ဟု ပြောဆိုခြင်း အပါအဝင် ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်ခြင်းခံရသည်။
(မစ္စတာဘော့ဘ် ပိုင်ဆိုင်ခဲ့သောကားများတွင် Lamborghini Urus နှင့် Bentley တို့ ပါဝင်သည်)
(ခြံဝန်းအကျယ် ၉ ဒသမ ၁၂ ဧကရှိပြီး စံအိမ်ကို ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။)
(အိမ်တွင်းသို့ဝင်လိုက်သည်နှင့် သာမန်အိမ်တစ်လုံးမဟုတ်သည်ကို ခံစားရမည်ဖြစ်ကြောင်း Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်၏ အရောင်းကြော်ငြာတွင် ဖော်ပြသည်)
(အသေးစိတ်ဒီဇိုင်းဖော် အလှဆင်ထားသော Luxury အိမ်တစ်လုံးဖြစ်သည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Brit billionaire forced to sell six-bed mansion in Hampshire after being 'plunged £725m in debt' and made 'bankrupt by the Kinahan Cartel' (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service