ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ Luxury တိုက်ခန်းတစ်ခန်း ထပ်မံဝယ်ယူပြန်
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ Luxury တိုက်ခန်းတစ်ခန်း ထပ်မံဝယ်ယူပြန် - Property News in Myanmar from iMyanmarHouse.com
30 Oct 2024 12:08 pm တွင် တင်ခဲ့သည်
769 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(အဘိရှိတ် ဘဂျမ်းဘယ်သူလဲ)
အဘိရှိတ် ဘဂျမ်း (မွေး-၁၉၇၆) သည် အိန္ဒိယရုပ်ရှင်မင်းသား ၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ဟင်ဒီရုပ်ရှင်ဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်၊ ရိုက်ကူးထုတ်လုပ်ခဲ့သည်။
ဟင်ဒီရုပ်ရှင်လောက၏ အရည်အချင်းအရှိဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
အဘိရှိတ်သည် ဘောလိဝုဒ်ကို တခေတ်တခါက တစ်ဦးတည်း စိုးမိုးခဲ့သူ အမီတာဘဂျမ်း၏ သားဖြစ်၏။
ဝင်ငွေနှင့် ကျော်ကြားမှုကို အခြေခံတွက်ချက်သော Forbes India ၏ Celebrity 100 စာရင်းတွင် ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အထိ ထည့်သွင်းဖော်ပြခံရသည်။
အဘိရှိတ်ဘဂျမ်းတွင် ရှဝီတာ ဘဂျမ်းအမည်ရှိ အစ်မတစ်ဦးရှိပြီး စာရေးဆရာမတစ်ဦးဖြစ်ကာ Paradise Towers အမည်ရှိစာအုပ်မှာ အိန္ဒိယတွင် အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သည်။
အဘိရှိတ်သည် ဆယ်လ်မန်ခန်း၏ ချစ်သူမိန်းကလေးဟောင်း Aishwarya Rai နှင့် Dhoom 2 ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း ချစ်ကြိုက်ခဲ့ကြကာ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီတွင် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ဧပြီလတွင် လက်ထပ်ခဲ့ကြသည်။
Aishwarya သည် ရုပ်ရှင်မင်းသမီး၊ မယ်ကမ္ဘာဆု ရရှိထားသူတစ်ဦး ဖြစ်သည်။
((အဘိရှိတ်၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ))
အဘိရှိတ် ဘဂျမ်းသည် မကြာသေးမီကာလအတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာသည်။
အမီတာဘဂျမ်းသည် Satte Pe Satta ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုအတွက် ရုပ်ရှင်ဒါရိုက်တာ ရာမက်ရှ် ဆစ်ပီက မွမ်ဘိုင်းမြို့ရှိ ဂျာလ်ဆာအမည်ရှိ စံအိမ်ကြီးကို လက်ဆောင်ပေးခဲ့ဖူးသည်။
(ဆက်စပ်သတင်း)
ဘောလိဝုဒ် နတ်ဖုရား အမီတာဘဂျမ်းနေထိုင်သော ပရာတိသျှနှင့် အခြားစံအိမ်များ
https://www.imyanmarhouse.com/news/read/1006890
အဘိရှိတ် ဘဂျမ်း နောက်ဆုံးဝယ်ယူလိုက်သော luxury တိုက်ခန်းမှာ ဖခင်ကြီး အမီတာဘဂျမ်း၏ ဂျာလ်ဆာ စံအိမ်ကြီးအနီးတွင် တည်ရှိသည်။
Bombay Times သတင်းဌာန၏ ဖော်ပြချက်အရ အဘိရှိတ် ဝယ်ယူလိုက်သော အခန်းမှာ မွမ်ဘိုင်းမြို့၊ Borivali အရပ်တွင် တည်ရှိပြီး ဆောက်လုပ်ဆဲ တိုက်ခန်းတစ်ခု ဖြစ်သည်ဟု ဆိုသည်။
Bombay Times ၏ သတင်းတွင် ဆက်လက်ဖော်ပြထားမှုအရ အဘိရှိတ်သည် ထိုဒေသတွင် အိမ်ခြံမြေ များစွာ ပိုင်ဆိုင်ထားပြီးဖြစ်ကာ ယခုအခန်းမှာ သူ၏ အိမ်ခြံမြေပိုင်ဆိုင်မှုများသို့ ထပ်တိုးလာသည့် အခန်းသာဖြစ်ကြောင်း ဖော်ပြသည်။
အဘိရှိတ် ဝယ်ယူလိုက်သော အခန်းမှတဆင့် Juhu ကမ်းခြေကို လှမ်းမျှော်တွေ့မြင်ရသည်။
ဘောလိဝုဒ်ကြယ်ပွင့် အက်ရှေးကူးမားသည်လည်း အဆိုပါအဆောက်အအုံတွင်ပင် အခန်းတစ်ခန်း ဝယ်ယူပိုင်ဆိုင်ထားသည်။
အဘိရှိတ် ဘဂျမ်းက ယခုအခန်းကို ဝယ်ယူရာတွင် ဈေးမည်မျှပေးခဲ့ရသည်ကိုမူ မသိရချေ။
သို့သော် အဘိရှိတ်သည် မွမ်ဘိုင်းတွင် တိုက်ခန်း ၆ ခန်း ဝယ်ယူထားသည်မှာ ၂ လသာရှိသေးချိန်တွင် ယခုအခန်းကို ထပ်မံဝယ်ယူလိုက်ခြင်းမှာမူ စိတ်ဝင်စားဖွယ်ကောင်းသည်။
အဘိရှိတ်သည် အထင်ကရ စီမံကိန်းကြီးတစ်ခုဖြစ်သော Oberoi Sky City တွင် အခန်း ၆ ခန်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Zapkey ဝက်ဘ်ဆိုက်က ကြည့်ရှုခွင့်ရခဲ့သော စာရွက်စာတမ်းများအရ အဘိရှိတ်သည် မွမ်ဘိုင်းမြို့၊ Borivali အရပ်ရှိ အဆိုပါအခန်းများကို ရူပီး ၁၅ ဒသမ ၄၂ ကုဋေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သတင်းများသာ မှန်ကန်မည်ဆိုပါက အဘိရှိတ်ဝယ်ယူခဲ့သော အခန်းများ၏ အကျယ်အဝန်းမှာ စုစုပေါင်း စတုရန်းပေ ၄၈၉၄ ရှိရာ ၁ စတုရန်းပေလျှင် ၃၁၄၉၈ ရူပီး ကျသင့်ခဲ့သည်။
(ဆက်စပ်သတင်း)
အမီတာဘဂျမ်း၏သား၊ ရူပီး ၂၁၂ ကုဋေ ချမ်းသာသော ဘောလိဝုဒ်ကြယ်ပွင့် အဘိရှိတ် ဘဂျမ်း၏ စံအိမ်များနှင့် တန်ဖိုးကြီးမော်တော်ကားများ
https://www.imyanmarhouse.com/news/read/1065284
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Abhishek Bachchan Buys A Luxury Flat Near Jalsa, 2 Months After Purchasing Six Apartments In Mumbai (bollywoodshaadis)
[Zawgyi]
(ဆက်စပ်သတင်း)
(ဆက်စပ်သတင်း))
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Central Shop House
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service