အမေရိကန်၏ ၂၁ ဆက်မြောက် သမ္မတ ချက်စ်တာ အေ၊ အာသာ၏ နွေရာသီအိမ်ဖြူတော်အရောင်းဈေးကွက်ဝင်လာ

အမေရိကန်၏ ၂၁ ဆက်မြောက် သမ္မတ ချက်စ်တာ အေ၊ အာသာ၏ နွေရာသီအိမ်ဖြူတော်အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
7 Feb 2017 11:31 am တွင် တင်ခဲ့သည်
1082 ကြိမ် ကြည့်ရှု့ပြီး
ချက်စ်တာ အေ၊ အာသာသည် အမေရိကန်ပြည်ထောင်စု၏ ၂၁ ဆက်မြောက် သမ္မတကြီးဖြစ်သည်။ဂျိမ်းစ် ဂါးရ်ဖီးလုပ်ကြံခံရပြီးနောက် ၁၈၈၁ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သူ ဖြစ်သည်။

သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလမှာ ၁၈၈၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်မှ ၁၈၈၅ ခုနှစ်၊ မတ်လ ၄ ရက်အထိဖြစ်ပြီး မြန်မာနိုင်ငံတွင် သီပေါမင်းလက်ထက်ဖြစ်၏။
(မှတ်ချက်-သီပေါမင်း၏ နန်းစံကာလမှာ ၁၈၇၈ မှ ၁၈၈၅ အထိ ဖြစ်သည်။)
ချက်စ်တာ အေ၊ အာသာ၏ အပန်းဖြေနေအိမ်တည်ရှိသော နေရာမှာလည်း ဂျက်ကလင်းကနေဒီ၏ မိဘများ နေထိုင်သည့်
ဟမ့်ပ်တန်မြို့ ကလေးတွင်ပင် ဖြစ်လေသည်။

အဆိုပါနေအိမ်ကို အရောင်းဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင်မှာ မိုက်ကယ် ကက်ဇ်လာဖြစ်ပြီး ဒေါက်ဂလပ်စ် အယ်လီမန်အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။

ချက်စ်တာ အေ၊ အာသာသည် သမ္မတတာဝန်မှ အနားယူပြီးနောက်ပိုင်း ယင်းနေအိမ်တွင် ကာလအတန်ကြာ နေထိုင်ခဲ့ဖူးသည်။
မျက်မှောက်ကာလတွင်ကား ဟမ့်ပ်တန်မြို့ ကလေးသည် နာမည်ကျော် အပန်းဖြေမြို့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

နေအိမ်မှာ သုံးထပ်အဆောက်အအုံဖြစ်ပြီး အိပ်ခန်း ၆ ခန်းပါဝင်သည်။
ဝိတိုရိယဗိသုကာဟန်ဖြင့် ၁၇၉၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ ပြန်လည်ပြုပြင်မွမ်းမံထားသည်။

နေအိမ်အတွင်းတွင် မီးလင်းဖိုပါသည့် စာကြည့်ခန်း၊ စံမှီ ညစာစားခန်း၊ ဧည့်ခန်းနှင့် ပန်းခြံ၊ ရေကူးကန်တို့ကို စီးမိုးရှုမြင်ရသည့် မိသားစုနားနေခန်းတို့ ပါဝင်သည်။ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၄ ဒသမ ၂ သန်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service