နှစ်ကုန်ပိုင်းလောက်မှ ကောင်းမွန်လာမယ့် ဆောက်လုပ်ရေးဈေးကွက်

နှစ်ကုန်ပိုင်းလောက်မှ ကောင်းမွန်လာမယ့် ဆောက်လုပ်ရေးဈေးကွက် - Property News in Myanmar from iMyanmarHouse.com
17 Jan 2017 10:24 am တွင် တင်ခဲ့သည်
1211 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးဈေးကွက်အခြေအနေမှာ ယခု ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှသာ ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

‘၂၀၁၇ နှစ်အစပိုင်းကတော့ သိပ်အပြောင်းအလဲအများကြီးမရှိဘူး ၊ တိုးတက်မှု သိပ်မတွေ့ရသေး ဘူး ၊ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဈေးကွက်မှာ ကန်ထရိုက်တိုက်တွေ သိပ်ပေါ်လာဖို့ မရှိဘူး’ လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ဈေးကွက်ထဲမှာက တိုက်ခန်းဈေးတွေ ကျနေပေမဲ့ မြေရှင်တွေဘက်က သူတို့တောင်းဆိုတဲ့ အပိုင်းကို မလျှော့ကြတာကများတော့ မြင့်တက်လာတဲ့ ကုန်ကျစရိတ်နောက်မှာ အဆောက်အအုံသစ်တွေ ထပ်ဆောက်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အဆင့်မြင့် အိမ်ရာစီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဂိုက်လိုင်းတစ်ခုအဖြစ် အသုံးပြုနေတဲ့ မြေအသုံးချမှု မှုဝါဒအရ မြို့တော်မှာ ဆောက်လုပ်နေတဲ့ လက်ရှိ အဆင့်မြင့် အဆောက်အအုံတွေကသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းသာ ဆောက်လုပ်ခွင့်ရရှိတော့မှာ ဖြစ်လို့ ကွန်ဒိုဈေးကွက်လည်း ကောင်းလာဖို့ မရှိပါဘူး ။

ဒါ့အပြင် ဈေးကွက်အတွင်း ဝယ်လိုအားနဲ့ ရောင်းလိုအားက တန်းတူ နှုန်းထားလောက်ရှိပေမဲ့လည်း ကြားခံနယ် ပြဿနာတစ်ခုဖြစ်တဲ့ ငွေကြေးအလုံးအရင်းနဲ့ ဝယ်နိုင်တဲ့ စွမ်းအားမရှိတာကြောင့် နှစ်ရှည်ဘဏ်ချေးငွေတွေ ဝင်ရောက်လာဖို့ကိုလည်း မျော်လင့်နေကြပါတယ် ။ ဆောက်လုပ်ရေး စရိတ်ဈေးကွက်တွေက လက်ရှိမှာ ဈေးအားလုံးလိုလို ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားတာကြောင့် မြင့်တက်တဲ့ ဈေးနှုန်းကို လိုက်ပြီး အဆောက်အအုံ များများ ဆောက်လုပ်နိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ် ။

ဆောက်လုပ်ရေးဈေးကွက်အတွင်း ဦးတည်ချက်တွေကတော့ ကန်ထရိုက်ဈေးကွက် ၊ အဆင့်မြင့်အိမ်ရာစီမံကိန်းဈေးကွက် ၊ စက်မှုဇုန်အသစ် တိုးချဲ့ဆောက်လုပ်ရေးဈေးကွက် ၊ အစိုးရအခြေခံ အဆောက်အအုံတည်ဆောက်ရေးဈေးကွက်တွေကို အဓိကထားဆောက်လုပ်ရတာဖြစ်ပေမဲ့ လက်ရှိမှာတော့ ဈေးကွက်အားလုံး နှေးကွေးနေတာကြောင့် ပြန်လည်ကောင်းမွန်လာနိုင်ဖို့ အချိန်ယူရမှာဖြစ်ပါတယ် ။

ဆောက်လုပ်ရေးဈေးကွက်နဲ့ ပတ်သက်ပြီး အစိုးရပိုင်းက စီမံကိန်းအသစ်တွေ ဆောက်လုပ်ဖို့ လျာထားတာတွေ ရှိနေပေမဲ့ ပြည်တွင်းက အစိုးရတစ်ဦးတည်းငွေအင်အားထက် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် လက်ရှိမှာ စီမံကိန်းတွေ ဆောက်လုပ်အကောင်အထည်ဖော်ဖို့ ရှိပေမဲ့ ငွေကြေးအင်အား ဝင်ရောက်နိုင်တဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှသာ ဈေးကွက်တွေ ပြန်လည်ပွင့်လာမှာ ဖြစ်တယ်လို့ သိရပါတယ် ။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service