အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ မန်းဖစ်စ်မြို့ကလေးသို့ ပင့်ကူအကောင်ရေ သန်းနှင့်ချီ၍ ရောက်ရှိလာကာ မိုင်ဝက်ခန့် ကြီးမားသည့် ပင့်ကူအိမ်ကြီး ဆောက်လုပ်ခဲ့သည့်သတင်းမှာ မန်းဖစ်စ်မြို့သူမြို့သားများကိုပါ ခြောက်ခြားစေရုံမကဘဲ ကမ္ဘာ့အိမ်ခြံမြေ ဝက်ဘ်ဆိုက်များတွင်လည်း တဟုန်ထိုး ပျံ့နှံ့ခဲ့သည့် ဖြစ်ရပ်ဖြစ်ခဲ့သည်။
အဆိုပါဗွီဒီယိုဖိုင်ကို https://goo.gl/0lXUCV အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ပင့်ကူများသည် မြက်ခင်းများပေါ်တွင် ကြီးမားကျယ်ပြန့်လှသော
ပင့်ကူအိမ်ကြီး တည်ဆောက်ထားရာ အဝေးမှလှမ်းမျှော်ကြည့်ရှုလျှင် မြူနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ မှတ်ထင်ရသည်ဟု ဆိုသည်။
“အဲဒီဖြစ်ရပ်ကတော့ သဲထိတ်ရင်ဖိုရုပ်ရှင်ကားတွေထဲကလို ကြုံခဲ့ရတာပါ။ နေရာတိုင်းမှာ ပင့်ကူတွေ ဝဲနေတယ်။ ထိုင်စရာနေရာတောင် မရှိအောင်ပါပဲ” ဟု ဒေသခံတစ်ဦးဖြစ်သူ ဒီဘရာ လူးဝစ်က ပြောကြားခဲ့ဖူးသည်။
“အဲဒီမနက်ခင်း ကျွန်တော်အိပ်ယာထလာပြီး တံခါးဖွင့်လိုက်တော့ တံခါးပေါ်မှာ ပင့်ကူတွေမည်းနေတာ အပြည့်အနှက်ပဲ။ ပြီးတော့ အကုန်အိမ်ထဲဝင်လာကြတယ်” ဟု အခြားအိမ်ရှင်တစ်ဦးက ပြောကြားသည်။
တင်နက်ဆီတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ ဆူဇန် ရီချာ့ထ်က ပြောကြားရာတွင် ရာသီဥတုပူနွေးမှုကြောင့် ပင့်ကူများ ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် အဆိုပါပင့်ကူမျိုးမှာ အန္တရာယ်မပြုတတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ပင့်ကူများသည် နောက်ပိုင်းတွင် အလိုအလျောက် ပြန်လည်ပျောက်ကွယ်သွားကြသည်။
အထက်ပါဖြစ်ရပ်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းကဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)