လိုင်စင်မဲ့ နိုင်ငံခြားသားအကျိုးဆောင်များကို တိုင်ကြားနိုင်ကြောင်းပြောကြားထားသော်လည်း တိုင်ကြားသူမရှိသေး

လိုင်စင်မဲ့ နိုင်ငံခြားသားအကျိုးဆောင်များကို တိုင်ကြားနိုင်ကြောင်းပြောကြားထားသော်လည်း တိုင်ကြားသူမရှိသေး - Property News in Myanmar from iMyanmarHouse.com
29 Nov 2016 10:10 am တွင် တင်ခဲ့သည်
1366 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေ ကဏ္ဍအတွင်းလာရောက်လုပ်ကိုင်နေသည့် လိုင်စင်မဲ့ နိုင်ငံခြားသားအကျိုးဆောင်များအား ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် သက်ဆိုင်ရာသံရုံးများက အသိပေးထုတ်ပြန်မှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း MIC အနေဖြင့် လုပ်ကိုင်နေမှုများရှိပါကတိုင်ကြားနိုင်ကောင်း ပြောဆိုခဲ့သော်လည်း လာရောက်တိုင်ကြားသူတစ်စုံတစ်ရာမရှိသေးကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ဝန်းကျင်မှစ၍ နိုင်ငံခြားသားအချို့မှာ လိုင်စင်လျှောက်ထားရယူခြင်းမရှိဘဲ ပြည်တွင်းရှိကျွမ်းကျင်
ဝန်ထမ်းများခေါ်ယူကာ အိမ် ခြံ မြေ ကဏ္ဍတွင်လာရောက်လုပ်ကိုင်နေကြသည်။ယင်းသို့လာရောက်လုပ်ကိုင်နေမှုများအား ပြည်တွင်းရှိတရားဝင်လုပ်ကိုင်နေကြသော အဖွဲ့အစည်းများမှ စုစည်းဖော်ထုတ် တားဆီးရန်ကြိုးစားခဲ့ကြသည်။ထိုအခါ သက်ဆိုင်ရာသံရုံးများမှ ၎င်းတို့၏ နိုင်ငံသားများအား ထိုသို့မပြုလုပ်ရန် သံရုံး၏ ဝက်ဘ်ဆိုက် မှ တစ်ဆင့်ထုတ်ပြန်ပေးခဲ့ကြသည်။ထို့ပြင် မြန်မာနိုင်ငံရင်နှီးမြုပ်နှံမှုကော်မရှင်ကလည်း တိုင်ကြားလာပါက အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဈေးကွက်အတွင်း လိုင်စင်မဲ့ပြည်ပအကျိုးဆောင်များမှာ အားလျော့သွားခဲ့သည်ကိုတွေ့ရသည်။

""နိုင်ငံခြားသား လိုင်စင်မဲ့တွေက ခုနောက်ပိုင်း သိပ်လုပ်လာတာမတွေ့ရတော့ဘူး။ဘာကြောင့်လဲဆိုတော့ MIC ပေါ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကလည်းတိုင်ဖို့ပြောလာတယ်။ဒါတွေကြောင့်လည်းပါတာပေါ့။ကျွန်တော်တို့အနေနဲ့လည်း အစောကတည်းက အဲဒီလိုတရားမဝင် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအကျိုးဆောင်တွေကို စာရင်းပြုစုပြီး တင်ပြတိုင်ကြားဖို့လုပ်နေတာပါ။အဲဒီအချိန်မှာဘဲ သက်ဆိုင်ရာသံရုံးတွေက ထုတ်ပြန်တားမြစ်သတိပေးခဲ့တယ်ဆိုတော့ ဒါခရီးတစ်ခုရောက်တဲ့သဘောပေါ့။
MIC ကလည်းတိုင်ဖို့ပြောတယ်။အဲဒီနောက်မှာသူတို့လည်းတော်တော်
ခြေလှမ်းကျဲသွားတယ်။တကယ်လို့ ဆက်လုပ်နေတာတွေ့ရင်တော့ ဆောင်ရွက်စရာတွေကို ဆက်လုပ်သွားမှာပါ။လောလောဆယ် စောင့်ကြည့်နေပါတယ်။""ဟု ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ အသင်း ဥက္ကဌ မှ ပြောဆိုသည်။

ယင်းကဲ့သို့ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုကော်မရှင်၌ မှတ်ပုံတင်ခြင်းမရှိဘဲ တရားမဝင်လိုင်စင်မဲ့ပြည်ပအကျိုးဆောင်များ၏ အဓိကဈေးကွက်မှာ ၎င်းတို့၏ နိုင်ငံသားများကိုပင် အဓိကပြန်လည်မျှော်လင့်ခြင်းဖြစ်ကြောင်းသိရသည်။""သူတို့ရဲ့ အဓိကဈေးကွက်က နိုင်ငံခြားသားတွေကိုပဲပြန်ထားတာ။အဲဒီအခါ ကျွန်တော်တို့အနေနဲ့ နစ်နာမှုတွေရှိတယ်။ဈေးကွက်အရ နစ်နာတာပေါ့။.""ဟု ပြည်တွင်းရှိ အိမ် ခြံ မြေ အကျိုးဆောင်တစ်ဦးမှ သုံးသပ်ပြောကြားသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.comေ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service