တံတားဦး ဟိုတယ် စီမံကိန်း မြေယာ နစ်နာကြေး တိုးပေးမည်

တံတားဦး ဟိုတယ် စီမံကိန်း မြေယာ နစ်နာကြေး တိုးပေးမည် - Property News in Myanmar from iMyanmarHouse.com
14 Nov 2016 10:06 am တွင် တင်ခဲ့သည်
3681 ကြိမ် ကြည့်ရှု့ပြီး
မြေယာ နစ်နာကြေး မယူသည့် တောင်သူများ ရှိသဖြင့် တံတားဦး ဟိုတယ် စီမံကိန်း စတင်ရန် နှောင့်နှေးနေရာ တောင်သူများ အားလုံး မြေယာ နစ်နာကြေး ရယူကာ လယ်ယာမြေများ ပေးအပ်လျှင် မြေယာ နစ်နာကြေး တိုးပေးမည်ဖြစ်ကြောင်း Myanmar Tourism Development Public Company မှ ဒါရိုက်တာ ဦးမြင့်အောင်က ပြောကြားသည်။

စီမံကိန်း နယ်မြေတွင် ပါဝင်နေသည့် လယ်ယာမြေ တစ်ဧကလျှင် ကျပ် သိန်းတစ်ရာ၊ သုံးဧက အပ်နှံပါက မြေကွက် ပေ ၄ဝ၊ ၆ဝ တစ်ကွက် ပေးအပ်သော်လည်း တောင်သူအချို့ လယ်ယာမြေများ လာရောက် အပ်နှံခြင်း မရှိသေးသဖြင့် ယင်းသို့ တိုးမြှင့်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“တောင်သူတွေ အကုန် သဘောတူတယ်ဆိုရင် လယ်ယာမြေ တစ်ဧက ကျပ်သိန်း တစ်ရာ၊ တစ်ဧက အပ်နှံတိုင်း စီမံကိန်းမှာ မြေကွက် ပေ ၄ဝ၊ ပေ ၆ဝ တစ်ကွက် စီပေးအပ်မှာပါ။ မြေယာ လျော်ကြေး အရင်က ယူထားသူတွေကိုလည်း အဲဒီအတိုင်း ပြန်ပေးအပ်မှာပါ”ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ဟိုတယ်စီမံကိန်းကို ဧက ငါးထောင်ကျော်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး လက်ရှိ အချိန်အထိ မြေယာ လျော်ကြေး ရယူထားသည့်ဧက ၂ဝဝဝကျော် ရှိသော်လည်း တစ်ဆက် တစ်စပ်တည်း မဟုတ်သည့်အတွက် စီမံကိန်း အကောင်အထည် မဖော်နိုင်ခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် ဧကငါးထောင်ကျော် ဧရိယာ အကျယ်ရှိ ဟိုတယ် စီမံကိန်းအတွက် Myanmar Tourism Development Public Company က ၂ဝ၁၄ ခုနှစ်တွင် တစ်ဧကလျှင် ကနဦး မြေယာ လျော်ကြေး ကျပ်သိန်း ငါးဆယ်ဖြင့်ပေးနေရာ တောင်သူများ လက်မခံသဖြင့် တစ်ဧက ကျပ်သိန်း တစ်ရာဖြင့် တိုးမြှင့်ပေးခဲ့ဖူးသည်။

မြေယာ လျော်ကြေးများမှာ ကာလတန်ဖိုး ပေါက်ဈေး မဟုတ်သည့်အပြင် ထိုက်သင့်သည့် ငွေ မဟုတ်သဖြင့် တောင်သူအချို့ လျော်ကြေးငွေ ရယူခြင်း မရှိကြောင်း အဆိုပါ တောင်သူများထံမှ သိရှိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service