အစိုးရ အကူးအပြောင်းကာလ မြေယာချထားပေးမှု စိစစ်ပြီးဖြစ်

အစိုးရ အကူးအပြောင်းကာလ မြေယာချထားပေးမှု စိစစ်ပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
28 Oct 2016 11:26 am တွင် တင်ခဲ့သည်
1419 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးခြောက်မြို့နယ်အတွင်းမှာ အစိုးရ အကူးအပြောင်းကာလ လူပုဂ္ဂိုလ်နာမည်တွေနဲ့ မြေယာချထား ပေးခဲ့တာတွေ အားလုံးစစ်ဆေးပြီးလို့ အစီရင်ခံစာရေးနေပြီလို့ သိရတယ်။ လာမယ့် နိုဝင်ဘာလဆန်းမှာ တိုင်းအစိုးရအဖွဲ့ကို တင်ပြမယ်လို့ အစိုးရ အကူးအပြောင်းကာလ မြေယာစစ်ဆေးရေးအဖွဲ့မှ အဖွဲ့(၂) ခေါင်းဆောင် ဦးတင်အောင်က ပြောပါတယ်။

သူက “မနေ့က စရေးတယ်၊ ဘယ်သူ့မျက်နှာမှ ထောက်စရာမရှိပါဘူး၊ စစ်ဆေးတဲ့အခါမှာလည်း တကယ် လူကြီးတွေရဲ့ မိန်းမ၊ သားသမီး၊ တူ၊ တူမတွေရဲ့ မြေကွက်တွေ ပါပါတယ်၊ ရေးတဲ့အခါမှာ တွေ့ရှိချက်အမှန် တွေကို ရေးသွားမှာပါ၊ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ တင်ပြတာကို စောင့်ကြည့်ရမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တင်ပြတာကို ဆုံးဖြတ်မယ့် အစိုးရကို စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။

အမှုတွဲ ၄၀၀ ခန့်ကို ရေးသားရမှာ ဖြစ်လို့ အစီရင်ခံစာ ရေးသားတဲ့ အပိုင်းကို မြေယာကိစ္စ၊ အစိုးရမြေ ယာ၊ စီမံကိန်းတွေ ဂရံချထားပေးမှုဆိုပြီး အပိုင်းသုံးပိုင်းခွဲပြီး တစ်ခုချင်းစီအလိုက် အစီရင်ခံစာ ရေးသားနေပါ တယ်။

ဦးတင်အောင်က “လူပုဂ္ဂိုလ်တွေကို ခေါ်မေးတာတွေ ရှိတယ်၊ မလာတဲ့ သူတွေလဲ ရှိတယ်၊ မလာတာတွေကို ဝန်ကြီးချုပ်ကို တိုက်ရိုက် တင်ပြသွားမယ်၊ အခု စစ်ဆေးမှုက မန္တလေးမြို့နယ်တွေပေါ့၊ ဒါပြီးရင် တိုင်းအတွင်းမှာ လှည့်စစ်မယ်” လို့ ပြောပါတယ်။

စစ်ဆေးတဲ့အခါမှာ ၂၉.၃.၂၀၁၆ မှာဆို တစ်ရက်တည်းနဲ့ အမှုတွဲပေါင်း ၂၄၀ လောက် ချထားပေးတာတွေ့ရပြီး ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၂၀၀၀ ခန့် တန်ဖိုးရှိတဲ့ မြေကို ၉၆ သိန်းနဲ့ ချထားပေးတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အစိုးရ အကူးအပြောင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေယာတွေကို လူပုဂ္ဂိုလ်အမည်တွေနဲ့ ချထားပေးမှုတွေ ရှိခဲ့လို့ အများပြည်သူ အကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ချမ်းမြေ့သာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) က ဦးမြင့်အောင်မိုးက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ကန့်ကွက်သူ မရှိခဲ့တာကြောင့် မြေယာ စိစစ်ရေးအဖွဲ့ကို အခုနှစ် သြဂုတ်လက စတင်ဖွဲ့စည်းခဲ့ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service