အိမ်သာမှ ဧည့်လာမှာမို့ ခိုင်မာတဲ့ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ လိုအပ်နေပြီ

အိမ်သာမှ ဧည့်လာမှာမို့ ခိုင်မာတဲ့ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ လိုအပ်နေပြီ - Property News in Myanmar from iMyanmarHouse.com
28 Oct 2016 10:09 am တွင် တင်ခဲ့သည်
2471 ကြိမ် ကြည့်ရှု့ပြီး
မကြာမီမှာ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ပေါ်ထွက်လာဖို့အတွက် မြန်မာနိုင်ငံ အိမ် ခြံမြေ ဝန်ဆောင်မှုအသင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းနှင့် မန္တလေးတိုင်း ဒေသ ကြီး အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းတို့ ပူးပေါင်းဆောင်ရွက်ကြတော့မယ်လို့ သိရပါတယ်။

ယနေ့ထိ ပြောပြလို့ မကုန်နိုင်တာ ပွဲစားလောကပါ

အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေဟာ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အမှန်တကယ်လိုအပ် လာပြီ ဖြစ်ပါတယ်။ အဲ့ဒီ ဥပဒေ ပေါ်ထွက်လာပြီဆိုရင် ဒီကနေ့ဖြစ်ပေါ်နေတဲ့ ဥပဒေမဲ့ "ကျော်စား" "ခွစား" "ဖြတ်စား" "ပွဲခ ပိုတင်" စည်းကမ်းမရှိ လေးစား လိုက်နာမှုမရှိ ရိုက်စားလုပ်နေကြတဲ့ "ပရမ်းပတာ" ပွဲစား လောကကြီး ပျောက်သွားမှာ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိရှိ အရည်အသွေး ပြည့်မှီသည့် လူကြီး လူကောင်း ပေါ်ထွက်လာတော့မှာ သေချာပါတယ်။

ထို့အတူပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်လာကြသူတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်ပါ အားကိုး လောက်တဲ့ ပိုမို ခိုင်မာသော အိမ်ခြံမြေ ဝန်ဆောင်/အကျိုးဆောင် အသင်းကြီး ဖြစ်လာမှာ သေချာပါ တယ်။ တချို့က မသမာသူ လူတစုကြောင့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ဆောင်သူများမှာ မျက်နှာငယ် ခဲ့ကြရတယ် အိမ်ခြံမြေ ပွဲစားလုပ်စားသည်ကိုပင် အများက အထင်သေးမှာ စိုးကြသည့်အတွက် ရှေးခေတ် ပွဲစားကြီးများကဲ့သို့ "ငါ ပွဲစားကြီး မောင်ကောင်းဖေကွ" ဟု ရဲရဲတင်းတင်း မပြောရဲကြဘဲ "အကျိုးဆောင်" တစ်ယောက်ပါ ဟု မဝံ့မရဲ မိတ်ဆက်ကြရတယ်။

အကျိုးဆောင်ဟု ဆိုလိုက်ခြင်းဖြင့် "ဥပဒေ အကျိုးဆောင်ရှေ့နေ" များနှင့်လည်း လွဲမှားတတ်တာမျိုးလည်း တွေ့ခဲ့ဖူးတယ်။ ဒီလိုသိမ်ငယ်စိတ်ပေါ်ရခြင်းဟာ အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေမရှိခြင်းကြောင့် ဟု ဆိုနိုင်ပါတယ် ဒီဥပဒေသာ ပေါ်လာပြီဆိုရင် တရားဝင် ဝန်ဆောင်မှု ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

စပိန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က မြန်မာဆန်ဝယ်တော့မယ်

ယခု အရပ်သား အစိုးရလက်ထက်မှာ နိုင်ငံရေးအခင်းအကျင်းတွေက ပြောင်းလဲလာသလို နိုင်ငံတကာ ဆက်ဆံရေးကလည်း အထူးကောင်းမွန်လာတဲ့ ကာလဖြစ်ပါတယ်။ မကြာခင်မှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေကလည်း အများအပြား ဝင်လာတော့မယ်လို့ သိရပါတယ်။၂၆.၁၀.၂၀၁၆ နေ့ထုတ် မြို့တော်သတင်း အရဆိုရင် "စပိန်နိုင်ငံ၊ ဆွတ်ဇာလန်နိုင်ငံများမှ မြန်မာဆန်များကို ဝယ်ယူတင်သွင်းရန် လာရောက်ဆွေးနွေး နေတယ်" လို့ သိရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုလိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ တောင်သူ လယ်သမားများအတွက် မင်္ဂလာသတင်းကောင်း ဖြစ်ပါတယ်။


အိမ်သာမှ ဧည့်လာမှာမို့ အိမ်ခြံမြေ ဝန်ဆောင်မှု ပေးဖို့လိုနေပြီ

အဲ့ဒီလိုဆိုရင် နိုင်ငံခြားသား အများအပြား ဝင်ရောက်လာတဲ့အခါ နေရာထိုင်ခင်း ကောင်းကောင်း ပေးဖို့ အ ထူးလိုအပ်လာပြီလေ။ "အိမ်သာမှ ဧည့်လာမှာ မဟုတ်လား" ဒီတော့ ရောက်လာသူတွေ နေရေး အဆင် ပြေစေဖို့ အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ခိုင်ခိုင်မာမာ ရှိဖို့ လိုအပ်လာပြီလေ။ နိုင်ငံတကာမှာတော့ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေတွေက ရှိနေပြီးသား ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို အခုမှ ကြိုးစားပြီး ရေးဆွဲနေကြတုန်းပဲ မဟုတ်လား။

ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေလည်း ပြင်ဆင်ပေးဖို့ လိုအပ်နေ

လက်ရှိမြန်မာနိုင်ငံမှာဆိုရင် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေဖြစ်တဲ့ အိမ်ရှင်၊ အိမ်ငှားနဲ့ ပတ်သတ်တဲ့ ဥပဒေပဲ ရှိသေးတာလေ။ အဲ့ဒီမြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး ဥပဒေဟာ လည်း နှစ်ပေါင်း ၅၆ နှစ်ရှိသွားပြီဆိုတော့ ဟာကွက်၊ ပျော့ကွက်များလွန်းလို့ ခေတ်နဲ့အညီ ပြင်ဆင်ရေးဆွဲဖို့ လိုအပ်နေပြန်ပြီပေါ့။ ဒီအချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေလည်း သိရှိပြီးဖြစ်ပါတယ်။ အဲဒီအိမ်ရှင်အိမ်ငှားဥပဒေဟာလည်း ယခုဖော်ဆောင်နေတဲ့ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေနဲ့ ယှဉ်တွဲပြီး လုပ်ဆောင်သွားရမှာ ဖြစ်နေတာကို တွေ့ရပါတယ်။


ဥပဒေအလား၊ နှုတ်ထွက်စကား အတည်ဖြစ်နေခဲ့တဲ့ ပြေတစ်ခေတ်

တကယ်တော့ အိမ်ခြံမြေ ဝန်ဆောင်မှု/ အကျိုးဆောင်ဥပဒေဟာ တကယ်ခိုင်ခိုင်မာမာ ရှိဖို့လိုအပ်နေတာ က တော့ အမှန်ပါပဲ။ ၂၀၁၀ ခုနှစ်က စခဲ့တဲ့ ပြေခေတ်ကို ပြန်ကြည့်လိုက်ပါ။ အိမ်တိုင်း၊ ရပ်ကွက်တိုင်းမှာ ပွဲစား တွေ မှိုလိုပေါက်ခဲ့တာ လူတိုင်း အသိပါပဲ။ အိမ်ခြံမြေ အရောင်းအဝယ်ဖြစ်စေ၊ အငှားဖြစ်စေ ဥပဒေတိတိကျ ကျ မရှိတဲ့ အခါကျတော့ "ပေါက်ဈေး"ဆိုတာကို "ကြိုက်ဈေး"ဆိုတာတို့နဲ့ အဆုံးအဖြတ်ပြုနေကြတယ်၊ အဲ့ဒါ ကြောင့်လည်း တရပ်ကွက်နဲ့ တရပ်ကွက် မတူကြလို့ "နှုတ်ထွက်စကား" ကိုပဲ ဥပဒေအလား လိုက်နာပြီး ဆောင်ရွက်ခဲ့ကြရတယ်။

ရောင်းဝယ်ငှား ပွဲဖြစ်တိုင်း အခွန်ပေးမှ ရမယ်

ဒီတော့ ခိုင်မာတဲ့ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ပေါ်ပေါက်လာမှသာ ပြည်တွင်းလုပ်ငန်းတွေမှာရော၊ နိုင် ငံခြားရင်းနှီးမြှုပ်နှံသူတွေမှာပါ ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်လာကြမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေပေါ်လာရင် ရောင်းဝယ်ငှားရမ်းတဲ့အပေါ်မှာ အခွန်ငွေတွေ ရရှိလာမှာ ဖြစ်ပါတယ်။ အဲ့ဒီအခွန်တွေနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်း ကူညီပေးနိုင်ပါမယ်။



အရှိတရား အမှန်ပြောနိုင်တဲ့ ပြည်သူ့အသံကိုလည်း နားထောင်သင့်တယ်

ဒီတော့ အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ရေးဆွဲတဲ့အခါမှာ အိမ်ခြံမြေ လောကသားများနဲ့ အများ ပြည်သူရဲ့ အကြံပြုတင်ပြချက်တွေကိုလည်း လက်ခံပေးရပါမယ်။ အိမ်ခြံမြေ လောကသား အလွှာ တစ်ခု တည်းက လုပ်ဆောင်တာနဲ့တင် ပြည့်စုံမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အသံတွေကိုလည်း နား ထောင်ပေးရပါမယ်။

အလုပ်ရုံဆွေးနွေးပွဲနဲ့ အဖြေရှာတော့မယ် အိမ်ခြံမြေ အကျိုးဆောင်ဥပဒေ

ဒါကြောင့် ၆.၁၁.၂၀၁၆ မှာ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု အသင်းအနေနဲ့ နေပြည်တော်မှာ အလုပ် ရုံဆွေးနွေးပွဲ လုပ်ကြမှာပါ။ အဲဒီမှာ "ဥပဒေရေးဆွဲရေးအဖွဲ့" ထံမှာ အကူအညီ တောင်းမယ်။ ပြီးတော့ နိုင်ငံ တကာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဥပဒေ ရေးဆွဲသွားကြမယ်လို့ သိရပါတယ်။ ဆက်လက်ပြီး သက်ဆိုင် ရာ တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မယ်။ Draft တစ်ခုရအောင် ရေးဆွဲကြမယ်။ အဲ့ဒီရလာတဲ့ Draft ကို လွှတ်တော်မှာ တင်ပြဆွေးနွေးခြင်းအားဖြင့် ယုံကြည်အားကိုးရတဲ့ အိမ်ခြံမြေ အကျိုး ဆောင်ဥပဒေ ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ ဥပဒေနှင့်အတူ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ ဝင် ဦးတင်မောင်ထံမှ သိရပါကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု သတင်းကောင်း ဝေငှလိုက်ပါတယ်။


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.comအတွက်အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service